အခြားသူစိမ်းတစ်ယောက်အမည်နဲ့ပေါက်နေတဲ့ ဘိုးဘွားပိုင်မြေကို ဂရန်ပြောင်းလို့ရပါ သလား ။ တကယ်လို့ နာမည်ပေါက်နေတဲ့သူ ကွယ်လွန်သွားသည်ဖြစ်စေ ၊ ဆက်သွယ်လို့ မရတော့သည့်အခါ ဖြစ်စေ နှစ်ပေါင်းများစွာနေထိုင်လာတဲ့မြေကို မိမိအမည်ပေါက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုကို သိလိုပါ တယ် ။

===========================
ရှေးဦးစွာ ပြောကြားလိုသည်မှာ မြေနှင့် ဆိုင်ရာ ဥပဒေများအရ ဘိုးဘွားပိုင်မြေ ဟူသည် လုံးဝမရှိ ဟူသည့် အချက် ပင်ဖြစ်ပါသည်။ အောက်မြန်မာပြည်တွင် Landholders’ right ဟုခေါ်သည့် လက်ဝယ်ထားပိုင်ခွင့် ရရှိထားသည့်မြေ နှင့် အထက်မြန်မာပြည်တွင် ဘိုးဘပိုင်မြေ ဟူ၍ ရှိပါသည်။ အောက်မြန်မာပြည်တွင် ဘိုး ဘပိုင် မရှိပါ။ မေးမြန်းချက်အပေါ် ဖြေကြားရလျှင် လက်ဝယ်ထားပိုင်ခွင့်ရမြေဖြစ်စေ၊ ဘိုးဘပိုင်မြေဖြစ်စေ ဂရန် အဖြစ် ပြောင်း၍ ရပါသည်။ 
သို့ရာတွင် ထိုမြေကို အမည်ပေါက် ပိုင်ဆိုင်သူက အစိုးရသို့ မြေကို ပြန်လည် အပ်နှံ ကြောင်း စာချုပ်ချုပ်ဆို အပ်နှံရပါမည်။ ထိုအခါ ထိုမြေသည် အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် ပြန် လည် ရောက်ရှိသွားပြီးနောက်၊ ဂရန် လျှောက်ထားရရှိနိုင်ပါသည်။ အမည်ပေါက်များ ကွယ်လွန်ခြင်း၊ ဆက် သွယ် မရခြင်း တို့ကြောင့် နှစ်များစွာ နေထိုင်လာသည့် မြေကို မိမိအမည်ပေါက် ရရှိရန် ဟူသည့် အချက်ကိုမူ၊ အမှန်တကယ် ရိုးသားစွာ နေထိုင် အသုံးပြုခဲ့သည် ဖြစ်ပါက၊ သက်ဆိုင်ရာ စီရင်ခွင့်ရ တရားရုံးတွင် ထိုမြေကို မိမိပိုင်ဆိုင်ကြောင်း မွက်ဟကြေညာပေးစေလိုမှု စွဲဆိုနိုင်ပါသည်။၊ တရားရုံး၏ စီရင်ချက်အရ မြေစာရင်းဌာန တွင် အမည်ပေါက် ပြောင်းလဲပေးရန် တင်ပြ ဆောင်ရွက်နိုင်ပါသည်။
#DVBLawLab #DVBtvnews #မြေငှားဂရန်
#Crd to owner
 
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate