Advertise here!

စာချုပ်အကြောင်းသိကောင်းစရာ

စာချုပ်အကြောင်းသိကောင်းစရာ

စာချုပ်အကြောင်းသိကောင်းစရာ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အမှန်အားဖြင့် စာချုပ်စာတမ်းတစ်ရပ်ကို မည်သည့် အချက်အလက် အင်္ဂါရပ်များနှင့် ပြည့်စုံစွာ ရေးသားချုပ်ဆိုရမည်ဟု ပြဋ္ဌာန်းထားခြင်းမရှိပါ။အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုခြင်းသည် ပဋိညာဉ် ဖွဲ့ခြင်းဖြစ်၍ ပဋိညာဉ်အက်ဥပဒေအရ တရားဝင် ပဋိညာဉ်မြောက်ရန် လိုအပ်သော အင်္ဂါရပ်များနှင့် ပြည့်စုံရန်သာ လိုအပ်ပါသည်။
သို့ရာတွင် ဥပဒေအရ အသိသက်သေ လက်မှတ်ရေးထိုးရန် လိုအပ်သည့် စာတမ်းအမှတ်အသားကို ယင်းလိုအပ်ချက်အတိုင်း အသိသက်သေများက လက်မှတ်ရေးထိုးမှသာ တရားဝင်မည်ဖြစ်သည်။
သို့ဖြစ်၍ စာချုပ်စာတမ်းတစ်ခုသည် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ အသိသက်သေများက လက်မှတ်ရေးထိုးထားခြင်း မရှိက ယင်းစာတမ်းအမှတ်အသားကို ချုပ်ဆိုကြောင်း ဝန်ခံစေကာမူ တရားဝင်သည့် စာတမ်းအမှတ်အသား ဖြစ်မလာနိုင်ပါ။
စာချုပ်များ ရေးသားရန် အကြောင်းကိစ္စများ ပေါ်ပေါက်လာတိုင်း ရပ်ထဲရွာထဲရှိ လူရည်လည်သူများ ၊ စာချုပ်ရေးဖူးသူများ ၊ရုံးပြင်ကန္နားရှိ ပုဂ္ဂိုလ်များနှင့် နီးနီးကပ်ကပ်ရှိသူများကို အများအားဖြင့် အကူအညီတောင်း ဆောင်ရွက်လေ့ရှိကြသည်။
ထိုသို့ဆောင်ရွက်ချုပ်ဆိုသူများရှိသကဲ့သို့ အချို့သော စီးပွားရေးသမားများက စာချုပ်တံဆိပ်တော်ခေါင်း စာရွက်ပေါ်တွင် စရံပေးစာချုပ်၊ အရောင်းအဝယ်စာချုပ်၊သဘောတူကတိစာချုပ် စသည်ဖြင့် စာချုပ်ပုံစံ အမျိုးမျိုးကို လိုရင်း အကျဉ်းချုပ်ရေးထားပြီး ထိုစာချုပ်ပေါ်တွင် အမည် ၊ မှတ်ပုံတင် ၊ နေရပ်လိပ်စာ ၊ တန်ဘိုး စသည်တို့လောက်သာ ဖြည့်သွင်းရသည့် အသင့်ရိုက်နှိပ်ထားပြီး စာချုပ်များကို စတိုးဆိုင်အတော်များများတွင် ဝယ်ယူချုပ်ဆိုကြသည်လည်း ရှိကြပါသည်။
ပုံစံစာချုပ်များသည် စာချုပ်ရေးသားရန် ခက်ခဲနေသူများ ၊ မည်သို့မည်ပုံ ရေးသားရမည်ကို နကန်းတစ်လုံး မသိသူများအတွက် အသုံးတည့်သည့်သဘောရှိသော်လည်း ကိစ္စရပ်တိုင်းအတွက် အသုံးတည့် ၊ လုံလောက်မှုမရှိသည်ကို မိမိဉာဏ်ဖြင့် စဉ်းစားဆင်ခြင်ကြစေလိုပါသည်။
အရောင်းအဝယ် စာချုပ်ချုပ်ဆိုကြခြင်းသည် သဘောတူကတိ စာချုပ်ချုပ်ဆိုခြင်းဖြစ်ပြီး သဘောတူကတိ စာချုပ်၏ သဘောမှာ အရောင်းအဝယ်စာချုပ် ပြုလုပ်ချုပ်ဆိုနိုင်ရန် နှစ်ဦးနှစ်ဖက် သဘောတူကြသည့် အချက်များကို ကတိပြုချုပ်ဆိုသော စာချုပ်တစ်ရပ်ဖြစ်သည့်အတွက် စည်းကမ်းချက်များ ၊ ဝန်ခံချက်များ ၊ သဘောတူညီချက်များ သူ့နေရာနှင့်သူ လက်ရှိဆောင်ရွက်မှုများအတိုင်း အစီစဉ်တကျ ပါဝင်အောင်ချုပ်ဆိုသင့်သည်။
ပြဿနားများမတက်ရန် စာချုပ်များ ချုပ်ဆိုနေကြသည့် ကြားမှာပင် ပြဿနာများတက်နေကြခြင်းမှာ များသောအားဖြင် စာချုပ်ချုပ်ရာတွင် အထက်ကဆိုခဲ့သည့်အတိုင်း မချုပ်ဆိုကြသည့်အတွက်ကြောင့် ဖြစ်ရသည်ကများပေသည်။
အိမ်အပေါင်ခံခြင်းအား အိမ်ရောင်းသည်ဟု စာချုပ်ချုပ်သူကချုပ်၊ ငွေချေးငှါးသည်ကို ငွေအပ်နှံသည်ဟု စာချုပ်ချုပ်သူကချုပ် ၊အမှန်တကယ် ငွေမပေးပါပဲလျက် စာချုပ်တွင် ငွေချေးသည်ဟု လည်းကောင်း ငွေလက်ခံရရှိပါသည်ဟုလည်းကောင်း အမျိုးမျိုး ချုပ်ဆိုနေကြသည်ကို တွေ့မြင်နေကြရသည်။ပြဿနာ မဖြစ်လျှင်ကိစ္စ မရှိသော်လည်း တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာပါက ဟန်ဆောင်စာချုပ်အဖြစ် ပေါ်လွင်သွားလျှင် ဖွတ်မရ ၊ဓားမဆုံးအဖြစ်သို့ ရောက်ရှိသွားနိုင်သဖြင့် စာချုပ်ချုပ်ဆိုပေးသူ ပညာရှိများက မှန်မှန်ကန်ကန်ချုပ်ဆိုပေးကြရန် အထူးလိုအပ်ကြောင်း တိုက်တွန်းအပ်ပါသည်။
စာချုပ်များချုပ်ဆိုကြရာတွင် အသိသက်သေသည် မပါမဖြစ်ပါရှိရမည့် ကိစ္စရပ်ဖြစ်ပြီး ကတိပြုသူ ၊ကတိရသူများအပြင် အသိသက်သေများပါ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးကြရာ အဆိုပါ အသိသက်သေများသည် ကတိပြုသူ ၊ ကတိရသူတို့၏ ကတိပြုချက် ၊သဘောတူချက် ၊အာမခံချက် ၊စည်းကမ်းချက် စသည်တို့ကို အမှန်တကယ် သိရှိထားရန်လည်းလိုအပ်သည်။
ကာယကံရှင်များ သဘောတူ ချုပ်ဆိုသည့် အချက်များကို သိရှိသဘောပေါက်ပြီးနောက် လက်ခံသောအခါတွင်မှ အသိသက်သေနေရာတွင် ပါဝင်လက်မှတ်ရေးထိုးစေသင့်ပါသည်။အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာသောအခါ ကြုံကြိုက်သက်သေတစ်ဦး၏ ထွက်ဆိုချက်သည် လွန်စွာတန်ဘိုးနည်းပါးသောကြောင့် ဖြစ်သည်။
သို့ဖြစ်၍ စာချုပ်ချုပ်ဆိုရာ၌ ချုပ်ရကျိုးနပ်စေရန်နှင့် တိတိကျကျ ထိထိမိမိ ဖြစ်စေရန် ဖြစ်သလို ၊ ကြုံသလို မလုပ်မိကြစေရန် ၊ မချုပ်မိကြစေရန် ရေးသားရခြင်းဖြစ်ပါသည်။

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate