အိမ်ခြံမြေအရောင်းဝယ်စာချုပ်ချုပ်မယ်ဆိုရင် မည်သည့်နေရာတွင် လက်မှတ်ထိုးရန်လိုမလဲ ဆိုတာ ရေးသားဖော်ပြလိုက်ပါတယ်။

အိမ်ခြံမြေအရောင်းဝယ်စာချုပ်ချုပ်မယ်ဆိုရင် မည်သည့်နေရာတွင် လက်မှတ်ထိုးရန်လိုမလဲ ဆိုတာ ရေးသားဖော်ပြလိုက်ပါတယ်။
ယခုပင် လှိုင်သာယာ မြို့နယ် နဝဒေးအိမ်ရာမှာ အိမ်ခြံမြေအရောင်းဝယ်စာချုပ် ချုပ်ဆိုပေးခဲ့ပါတယ်။ 
စာချုပ်ချုပ်မယ်ဆိုရင် မည်သည့်နေရာတွင် လက်မှတ်ထိုးရန်လိုမလဲ ဆိုတာ ရေးသားဖော်ပြလိုက်ပါတယ်။ 
မှတ်ပုံတင်ရုံးတွင် တင်သွင်းချုပ်ဆိုသော စာချုပ်များမှလွှဲ၍ အခြားမည်သည့်စာချုပ်တွင်မဆို စာမျက်နှာတိုင်းတွင် လက်မှတ်ရေးထိုးရန်လိုအပ်ပါသည်။
မှတ်ပုံတင်ရုံးတွင် တင်သွင်းသည့်စာချုပ်များသည် အစိုးရဌာနဆိုင်ရာတွင် မှတ်ပုံတင်သွင်းထား ကြောင်းနှင့် စာချုပ်ပါအကြောင်းအရာ၊ ချုပ်ဆိုသူများအချက်အ လက်ကို မှတ်တမ်းတင်သိမ်းဆည်းထားခြင်း၊ စာချုပ်၏ မိတ္တူကို လက်ခံသိမ်းဆည်းထားခြင်းများကြောင့် စာချုပ်ဝင်တစ်ဖက်ဖက်မှ မိမိတစ်ဦးတည်း စိတ်ကြိုက်ပြင်ဆင်ခြင်း ပြုလုပ်၍မရပါ။
အရပ်စာချုပ်များ ဥပမာ-အိမ်ငှားစာချုပ်၊ အရောင်းအဝယ်စာချုပ်၊ ပေါင်နှံစာချုပ်၊ ငွေချေးစာချုပ် စသည့်စာချုပ်များကို ပြုလုပ်ချုပ်ဆိုရာတွင် စာချုပ်နှစ်စုံပြုလုပ်၍ နှစ်ဦးနှစ်ဖက် တစ်စောင်စီရယူကြပါသည်။ စာချုပ်များတွင် များသောအားဖြင့် လက်မှတ်ရေးထိုးကြရာတွင် စာချုပ်ချုပ်ဆိုသူများသည် နောက်ဆုံးစာမျက် စာချုပ်၏ နောက်ဆုံးစာပိုဒ်အောက်ဆုံးရှိ ချုပ်ဆိုသူနေရာတွင်သာ လက်မှတ်ရေးထိုးလေ့ရှိပါသည်။
ထိုသို့ နောက်ဆုံးစာမျက်နှာတွင်သာ လက်မှတ်ရေးထိုးထားပြီး စာချုပ်ရှေ့မျက်နှာများတွင် လက်မှတ်ရေးထိုးခြင်း မပြုလုပ်ထားသည့်အတွက် မသမာသူတစ်ဖက်ဖက်မှ စာချုပ်ပါ သဘောတူကတိများ၊ စည်းကမ်းချက်များ၊ အဖိုးစားနားများ၊ သတ်မှတ်အချိန်ကာလများ၊ တစ်ဖက်ဖက်မှပျက်ကွက်လျှင် အခြား တစ်ဖက်မှ ခံစားခွင့်ရှိသည့် အခွင့်အရေးများ ပါရှိနေသည့် စာချုပ်ရှေ့စာမျက်နှာများကို အလွယ်တစ်ကူ ပြင်ဆင်ပြောင်းလဲနိုင်သွားမည်ဖြစ်ပါသည်။
မသမာသူဘက်မှ ထိုသို့ ပြောင်းလဲပြင်ဆင်ထားသည့် စာချုပ်ဖြင့် စာချုပ်မှန်ကိုင်ဆောင်သည့် တစ်ဖက်စာချုပ်ဝင်ကို မတရားပြင်ဆင်ရေးသားသည်ဟု ၎င်းတို့မှ ပြန်လည်စွပ်စွဲခြင်းများ ပြုလုပ်လာကြသည် ကိုပင် တွေ့မြင်နေရပါသည်။
အဆိုပါအချက်များကို ကြိုတင်ကာကွယ်ရန်အတွက် မည်သည့် သဘောတူစာချုပ်တွင်မဆို စာမျက်နှာတိုင်း၏ အထက်ဖက်တွင်လည်းကောင်း၊ အောက်ခြေတွင်လည်းကောင်း၊ နေရာလွတ်မည်သည့်နေရာ တွင်မဆို စာချုပ်ချုပ်ဆိုသူ နှစ်ဦးနှစ်ဖက်စလုံးနှင့် သက်သေများ လက်မှတ်ရေးထိုးရန်လိုအပ်မည်ဖြစ်ပါသည်။ သို့မှသာ အထက်ပါ မသမာမှုများမဖြစ်ပေါ်ရန်နှင့် စာချုပ်ဝင်တစ်ဖက်ဖက်တွင် ဆုံးရှုံးမှုမဖြစ်ပေါ်နိုင်မှာဖြစ်ပါသည်။

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအ...

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

အရင်တုန်းကအဖြစ်အပျက်လေးပါမိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန...

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင်&n...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate