အိမ် ခြံ မြေ အရောင်း ဝယ် စာချုပ်ချုပ် မယ်ဆိုရင် မည်သည့် နေရာတွင် လက်မှတ် ထိုးရန် လိုမလဲ ဆိုတာ ရေးသား ဖော်ပြ လိုက်ပါတယ် ။

အိမ် ခြံ မြေ အရောင်း ဝယ် စာချုပ်ချုပ် မယ်ဆိုရင် မည်သည့် နေရာတွင် လက်မှတ် ထိုးရန် လိုမလဲ ဆိုတာ ရေးသား ဖော်ပြ လိုက်ပါတယ် ။

ယခုပင် လှိုင်သာယာ မြို့နယ် နဝဒေး အိမ်ရာမှာ အိမ် ခြံ မြေ အရောင်း ဝယ် 

စာချုပ်ချုပ်ဆို ပေးခဲ့ ပါတယ် ။ စာချုပ်ချုပ် မယ်ဆိုရင် မည်သည့် နေရာတွင် 

လက်မှတ်ထိုး ရန်လိုမလဲ ဆိုတာ ရေးသား ဖော်ပြ လိုက်ပါတယ် ။ မှတ်ပုံတင် 

ရုံးတွင် တင်သွင်း ချုပ်ဆိုသော စာချုပ်များမှ လွှဲ၍ အခြား မည်သည့် စာချုပ်တွင် 

မဆို စာမျက်နှာ တိုင်းတွင် လက်မှတ် ရေးထိုးရန် လိုအပ်ပါသည် ။

စာချုပ်များ မှတ်ပုံတင်ရုံးတွင် တင်သွင်းသည့် သည် အစိုးရဌာန ဆိုင်ရာတွင် 

မှတ်ပုံတင် သွင်းထား ကြောင်းနှင့် စာချုပ်ပါ အကြောင်းအရာ ၊ ချုပ်ဆို 

သူများ အချက် အလက်ကို မှတ်တမ်းတင် သိမ်းဆည်း ထားခြင်း ၊ 

စာချုပ်၏ မိတ္တူကို လက်ခံ သိမ်းဆည်း ထားခြင်း များကြောင့် စာချုပ်ဝင် 

တစ်ဖက်ဖက်မှ မိမိ တစ်ဦးတည်း စိတ်ကြိုက် ပြင်ဆင်ခြင်း ပြုလုပ်၍မရပါ ။

အရပ် စာချုပ်များ ဥပမာ -အိမ်ငှား စာချုပ် ၊ အရောင်း အဝယ် စာချုပ် ၊ ပေါင်နှံစာချုပ် 

၊ ငွေချေး စာချုပ် စသည့် စာချုပ်များကို ပြုလုပ် ချုပ်ဆိုရာတွင် စာချုပ်နှစ်စုံ 

ပြုလုပ်၍ နှစ်ဦး နှစ်ဖက် တစ်စောင်စီ ရယူကြ ပါသည် ။ စာချုပ် များတွင် များသော 

အားဖြင့် လက်မှတ် ရေးထိုး ကြရာတွင် စာချုပ်ချုပ် ဆိုသူများသည် 

နောက်ဆုံးစာမျက် စာချုပ်၏ နောက်ဆုံး စာပိုဒ် အောက်ဆုံးရှိ ချုပ်ဆိုသူ နေရာတွင်သာ 

လက်မှတ်ရေး ထိုးလေ့ ရှိပါသည် ။ ထိုသို့ နောက်ဆုံး စာမျက်နှာ တွင်သာ လက်မှတ် 

ရေးထိုး ထားပြီး စာချုပ် ရှေ့မျက်နှာ များတွင် လက်မှတ် ရေးထိုးခြင်း မပြုလုပ် 

ထားသည့် အတွက် မသမာသူ တစ်ဖက်ဖက်မှ စာချုပ်ပါ သဘောတူ ကတိများ ၊ 

စည်းကမ်း ချက်များ ၊ အဖိုးစားနားများ ၊ သတ်မှတ် အချိန်ကာလများ ၊ တစ်ဖက်ဖက်မှ 

ပျက်ကွက်လျှင် အခြား တစ်ဖက်မှ ခံစားခွင့်ရှိသည့် အခွင့်အရေးများ ပါရှိနေသည့် 

စာချုပ်ရှေ့ စာမျက်နှာများကို အလွယ်တစ်ကူ ပြင်ဆင် ပြောင်းလဲ နိုင်သွားမည် ဖြစ်ပါသည် ။

မသမာသူဘက်မှ ထိုသို့ ပြောင်းလဲ ပြင်ဆင် ထားသည့် စာချုပ်ဖြင့် စာချုပ်မှန် 

ကိုင်ဆောင်သည့် တစ်ဖက် စာချုပ်ဝင်ကို မတရားပြင် ဆင်ရေး သားသည်ဟု ၎င်းတို့မှ 

ပြန်လည် စွပ်စွဲခြင်းများ ပြုလုပ် လာကြသည် ကိုပင် တွေ့မြင် နေရပါသည် ။

အဆိုပါ အချက်များကို ကြိုတင် ကာကွယ် ရန်အတွက် မည်သည့် သဘောတူ စာချုပ်တွင် 

မဆို စာမျက်နှာ တိုင်း၏ အထက်ဖက်တွင် လည်းကောင်း ၊ အောက်ခြေတွင် လည်းကောင်း ၊ 

နေရာလွတ် မည်သည့် နေရာ တွင်မဆို စာချုပ်ချုပ် ဆိုသူ နှစ်ဦး နှစ်ဖက် စလုံးနှင့် သက်သေများ 

လက်မှတ် ရေးထိုးရန် လိုအပ်မည် ဖြစ်ပါသည် ။ သို့မှသာ အထက်ပါ မသမာမှုများမဖြစ်ပေါ်ရန်နှင့်

 စာချုပ်ဝင် တစ်ဖက်ဖက်တွင် ဆုံးရှုံးမှု မဖြစ်ပေါ်နိုင်မှာ ဖြစ်ပါသည် ။

 

#ဥပဒေရေးရာ #စာချုပ်ရေးသားနည်း

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate