၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ပိုင်း မှာတော့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ လယ်ယာမြေများကို အကွက် ရိုက်ပြီး ပြန်လည် ရောင်းချကြလို့ ဝယ်ယူနေထိုင်ကြ

၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ပိုင်း မှာတော့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ လယ်ယာမြေများကို အကွက် ရိုက်ပြီး ပြန်လည် ရောင်းချကြလို့ ဝယ်ယူနေထိုင်ကြတာကို ခရီးလမ်းတစ်​လျှောက်မှာ တွေ့မြင်ရပါတယ်။
တကယ်တော့ လယ်ယာမြေကနေ လူနေထိုင်ခွင့်ရတဲ့ မြေဖြစ်ဖို့ဆိုတာ အ ဆင့်ဆင့် ဆောင်ရွက်ရတာဖြစ်လို့ အပြောလွယ်သလောက် အလုပ်ခက်ပါ တယ်။ အငိုလွယ်လို့ အရှိုက်ခက်ပါတယ်။ ယနေ့အချိန်အခါမှာ ေတာေရာမြို့ ပါမကျန် လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းစားနေကြတာကို စာဖတ်သူများလည်း တွေ့မြင်ရမှာပါ။
မသိမဖြစ် ပုံစံ(၇)နဲ့ မြေစာရင်းပုံစံ (၁၀၅)
ဒီတော့ လယ်ယာမြေကနေ လူနေထိုင်ခွင့်ရဖို့အတွက် အဆင့်ဆင့် ကျော်ဖြတ်ရပုံလေးတွေကို သိထားရင် ကောင်းတာပေါ့။ အိမ်ခြံမြေ အရောင်းအဝယ်နဲ့ မကင်းနိုင်တဲ့ သူတို့အတွက်လည်း လေ့လာထားသင့်ပါတယ်။ 
ပုံစံ (၇)နဲ့ တွဲလျက်သာ သက်သေခံ မြေပုံလည်းပါ၊ မြေ(၅)မျိုး ရှိနေတာ
ပုံစံ(၇)ဆိုတာ "လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်" ကို ဆိုလိုတာပါ။ အဲ့ဒီ ပုံစံ(၇)နဲ့ တွဲလျက် မြေစာရင်း ပုံစံ(၁၀၅) လို့ ခေါ်တဲ့ မြေပုံ၊ မြေရာဇဝင်လည်း ပါရမယ်။ အဲ့ဒီစာရွက်က "အဖြူရောင်" ပါ။ အခြားကိစ္စအတွက် ထုတ်ယူသုံးစွဲ လို့ မရပါဘူး။ ပုံစံ(၇) ထုတ်ပေးတဲ့ မြေကွက်တွေကတော့.....
(က) လက်ရှိ အသုံးပြုခွင့် ရရှိထားတဲ့ လယ်ယာမြေ
 (ခ)လွှဲပြောင်းလက်ခံတဲ့ သူတွေ၊ အမွေဆက်ခံတဲ့ သူတွေအတွက် ထုတ်ပေး ထားတဲ့ လယ်ယာမြေ 
(ဂ) မြေလွတ်မြေလပ်မြေရိုင်းကနေ ပြောင်းလဲ သတ်မှတ်ပေးလိုက်တဲ့ လယ် ယာမြေ 
(ဃ)ပြန်လည် သိမ်းယူထားတဲ့ လယ်ယာမြေ နှင့် 
(င)အသစ် ဖော်ထုတ်လိုက်တဲ့ လယ်ယာမြေ ဆိုပြီး (၅)မျိုး ရှိပါတယ်။
အဲ့ဒီ လယ်ယာမြေတွေကို တောင်သူ လယ်သမားတွေနဲ့ လူပုဂ္ဂိုလ်/ အဖွဲ့အ စည်း တို့ကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ထုတ်ပေးပါတယ်။
လယ်ယာမြေ ဥပဒေပုဒ်မ ၉(ခ)အရ ခံစားခွင့်
လယ်ယာမြေ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားတဲ့ စည်းကမ်းချက် များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ထိုသို့ပြဌာန်းထားခဲ့ပေမဲ့ အထက်အဆင့်ဆင့်က အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန့်ပေးခြင်း မရှိသေးတဲ့အတွက် အစပိုင်းမှာ ဆောင်ရွက်ခွင့်၊ အကျိုးခံစားခွင့်မရှိခဲ့ဘူး။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၆.၅.၂၀၁၉)ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)၊ (၃/၂၀၁၉)နှင့် (၄/၂၀၁၉)တို့ဖြင့် လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်း ကိစ္စရပ်များအတွက် လယ်ယာမြေ တန်ဖိုးသတ်မှတ်ခြင်း၊ တံဆိပ်ခေါင်းခွန်ပေးဆောင်စေခြင်း၊ တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအမည် ပြောင်းလဲခြင်းလုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါတယ်။ ထို့ကြောင့် ယခုအခါ လယ်ယာမြေနဲ့ပတ်သက်ပြီး တရားဝင်ပိုင်ဆိုင်မှုစာရွက်စာတမ်း ခိုင်ခိုင်မာမာဖြင့်အရောင်းအဝယ်ပြုလုပ်လို့ရပြီဖြစ်ပါတယ်။
ပုံစံ(၁၀၅) ဆိုတာ အဖြူရောင် စာရွက်ပေါ်က မြေပုံပါ
ပုံစံ(၁၀၅)ဆိုတာ "သက်သေခံ မြေပုံ" ကို ပြောတာပါ။ ပိုင်ဆိုင်မှုအတွက် အထောက်အထား မဟုတ်ဘူး။ 
 မြေစာရင်း ပုံစံ(၁၀၅)လို့ လည်း ခေါ်ကြ တယ်။ (အဖြူရောင်ကွာတိုဆိုဒ် စာရွက်ပေါ်မှာ မြေပုံ ရေးဆွဲပြထားတာပါ။) ပုံစံ(၇)နဲ့ ပူးတွဲထားတာ ဖြစ်တယ် နောက်တစ်ကြိမ်ထုတ်သုံးလို့ မရတဲ့ (Death Certificate) ဖြစ်ပါတယ်။
အပြာရောင်ပုံစံ (၁၀၅) မြေပုံကတော့ အထောက်အထား တစ်ခုအတွက်ပါ
နောက်ထပ် မြေစာရင်းပုံစံ (၁၀၅) လို့ ဆိုတဲ့ သက်သေခံ မြေပုံစံမျိုးလည်း ရှိသေးတယ်။ (အပြာရောင် စာရွက် ကာရှည်ဆိုဒ်) ပုံစံပေါ့။
"ဝမ်းနော့ဖိုက်" လို့ အင်္ဂလိပ်လိုလည်း ခေါ်ကြတယ်။ ကိစ္စတစ်ခု (ဥပမာ.. ဘဏ်ငွေ ချေးရန်) အတွက် လျှောက်ထားတဲ့အခါမှာ ပူးတွဲတင်ပြရတဲ့ စာရွက် တစ်မျိုးဖြစ်ပါတယ်။ အချို့ကလည်း ဒါကိုပဲ ပိုင်ဆိုင်မှု အထောက်အထား ထင်ပြီး သိမ်းဆည်းခံထားတတ်ကြတယ်။
ပုံစံ ၃၀(က) ဆိုတာကျပြန်တော့ လယ်မြေကို စိုက်ပျိုးမှုမှအပ၊ အခြားနည်း အ သုံးပြုရန် လျှောက်ထားချက်ပါ။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် လယ် ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ စိစစ်ထောက်ခံချက်နဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရန် အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရတဲ့ လုပ်ငန်း စာတွဲ ဖြစ်ပါတယ်။ ခွင့်ပြုမိန့် မဟုတ်ပါ။
ခွင့်ပြုမိန့်ဆိုတာ ပုံစံ(၁၅) ကို ပြောတာပါ
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ လယ်မြေကို အခြားနည်း အသုံးပြုဖို့ ခွင့်ြ ပုတဲ့ အသုံးပြုခွင့်လက်မှတ်က ပုံစံ(၁၅) ဖြစ်ပါတယ်။
အနှစ်ချုပ်ပြောရရင် လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်လွှာ မှာ ပုံစံ(၁၄) နဲ့ မြေစာရင်းပုံစံ (၁၀၅) အပါအဝင် အခြးအထောက်အကူပြု စာရွက်စာတမ်းတွေ ပြည့်စုံတဲ့ လုပ်ငန်းစာတွဲ ပုံစံ-၃၀(က)နဲ့ လျှောက်ထားရ မယ်။ အဲ့ဒီလျှောက်ထားချက်အတိုင်း အရေးယူ ဆောင်ရွက်ပေးမှသာ ပုံစံ (၁၅) ခွင့်ပြုမိန့် ရရှိမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပုံစံ(၁၄) လျှောက်ထားပြီးကြောင်း လျှောက်လွှာပြသပြီး ပုံစံ-၃၀ (က) လုပ်ငန်းစာတွဲ(အမှုတွဲ) ဓါတ်ပုံမိတ္တူ ပြသပေးလိုက်တာနဲ့ လယ်ယာမြေ ကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ရပြီလို့ မထင်လိုကကြပါနဲ့ ပုံစံ(၁၅) ပြ မှသာ ခွင့်ပြုမိန့်ရတာ ဖြစ်ပါတယ်ဆိုတာ သတိပေးလိုက်ပါရစေ။
ပုံစံ (၁၅) ခွင့်ပြုမိန့်ဆိုတာ လယ်မြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ကို ပြောတာ။ လယ်မြေမဟုတ်တဲ့ အခြားလယ်ယာမြေဆိုတာလည်း ရှိသေး တယ်။ ဥပမာ...ယာမြေ/ဥယျာဉ်ခြံမြေဈ စနိမြေ၊ ကိုင်း၊ ကျွန်းမြေတို့ကို အခြား နည်း အသုံးပြုခွင့်ရအောင် လျှောက်ထားဆောင်ရွက်လို့ ရပါတယ်။
အဲ့ဒီလို လယ်မြေမဟုတ်တဲ့ အခြားလယ်ယာမြေတွေကို အခြားနည်းဖြင့် အ သုံးပြုရန် ထုတ်ပေးတဲ့ လက်မှတ်ကိုတော့ ပုံစံ-၁၅(ခ) လို့ ခေါ်ပါတယ်။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပေးပါတယ်။
မှီငြမ်း။ ။၂၀၁၇ မြေယာနှင့် သက်ဆိုင်သော ဥပဒေဆောင်းပါးများ စု စည်းမှုစာအုပ်

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအ...

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

အရင်တုန်းကအဖြစ်အပျက်လေးပါမိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန...

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင်&n...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate