ကန်ထရိုက် လုပ်ငန်းများ ပြန်လည် လည်ပတ် လာကြတဲ့ အတွက် ကန်ထရိုက် တိုက်ခန်း ဝယ်ယူသည့် အခါ စစ်ဆေး ရမည့် အချက်များကို ခဏခဏ မေးမြန်း လာကြ ပါတယ်။

ကန်ထရိုက် လုပ်ငန်းများ ပြန်လည် လည်ပတ် လာကြ တဲ့အတွက် ကန်ထရိုက် တိုက်ခန်း ဝယ်ယူသည့် အခါ စစ်ဆေး ရမည့် အချက်များကို ခဏခဏ မေးမြန်း လာကြပါတယ်။ ကန်ထရိုက် တိုက်ခန်း ဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များကို ထပ်မံ ဖော်ပြ ပေးလိုက် ပါတယ်
( များသော အားဖြင့် ကန်ထရိုက်တွေ က စာချုပ်ရေး ပေးထားပြီး ဝယ်ယူသူက စစ်ဆေး ရတာပါ ။ )
( က ) မြေရှင် နှင့် ကန်ထရိုက်တာ တို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့် စာချုပ်အရ မိမိအား ရောင်းချ သည့် တိုက်ခန်းမှာ ၄င်း အကျိုးခံစားခွင့် ရရှိသည့် တိုက်ခန်း ဟုတ်မဟုတ်
( ခ ) နာမည် ပျက် ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်
( ဂ ) ငွေကြေး ပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်
( ဃ ) တိုက်ခန်း အရောင်း အဝယ် စာချုပ်တွင် မြေရှင် လက်မှတ် ရေးထိုး ရမည်ဟု ဥပဒေ ပြဌာန်း ချက်မရှိပါ
ဓလေ့ ထုံးစံ တစ်ရပ် အနေဖြင့် လက်မှတ် ထိုးခ ပေးခြင်း ဖြစ်ပါသည်
( င ) အဝယ် စာချုပ်၌ ဝယ်ယူသည့် တိုက်ခန်းကို မည်သည့် နေ့ရက်၌ နောက်ဆုံး ထားပေး အပ်ရမည်ဟု ပါရှိရမည် သတ်မှတ် ရက်၌ တိုက်ခန်း လွဲပြောင်း မပေးပါက တရားစွဲ ဆိုရန် အကြောင်း ပေါ်ပေါက် ပါသည်
( စ ) ပစ္စည်း လွဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၄၈ အရ ပထမ ရောင်းချ၍ ဝယ်ယူ ခြင်းကို ဦးစားပေး ရမည်ဟု ဆိုထား သော်လည်း ကြိုပွိုင့် စနစ်ဖြင့် အရစ်ကျ ငွေ ပေးချေ၍ ထုံးစံ နှင့် အညီ တိုက်ခန်း ဝယ်ယူသူက လက်ဝယ် ထားပိုင်ခွင့် ရှိကြောင်း မြွက်ဟ ကြေညာ၍ လက်ရောက် ရခွင့် ရှိသည် ။
စရန် ငွေ ပေးပြီး သည်နှင့် မဖြစ်မနေ
သတင်းစာ ကြေငြာ ဖို့တော့ လ်ုအပ် ပါတယ် ။
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...