ဒီနေ့မနက်ပိုင်း မင်္ဂလာဒုံမှာ မြေကွက် အရောင်းဝယ်စာချုပ် ချုပ်ပေးခဲ့ပါတယ်။ ပါမစ်မြေ ဖြစ်တဲ့အတွက် စည်ပင်မှာ အမည်ပေါက် မှန် မမှန် စစ်ဆေးပြီး မှန်ကန်တာနဲ့ တစ်ခါတည်း ငွေချေခဲ့ခြင်းပါ။

ဒီနေ့မနက်ပိုင်း မင်္ဂလာဒုံမှာ မြေကွက် အရောင်းဝယ်စာချုပ် ချုပ်ပေးခဲ့ပါတယ် ။
ပါမစ်မြေ ဖြစ်တဲ့အတွက် စည်ပင်မှာ အမည်ပေါက် မှန် မမှန် စစ်ဆေးပြီး မှန်ကန်တာနဲ့ တစ်ခါတည်း ငွေချေခဲ့ခြင်းပါ ။
ပါမစ်မြေ ရောင်းအား ကောင်းရခြင်းမှာ စရိတ်ကုန်ကျမှု နည်းခြင်းသည် အဓိကအချက် ဖြစ်သည် ။ အရောင်းအဝယ်စာချုပ်ကို အရပ်ကတိ စာချုပ်ဖြင့် ချုပ်ဆိုနိုင်သည် ။ အဆင့်ဆင့် လွှဲပြောင်း ရောင်းချနိုင်သည် ။ အရောင်းအဝယ် အဆက်အစပ် ကွင်းဆက်မပြတ် အရောင်းအဝယ် ကတိစာချုပ်များ ရှိရန်သာလိုသည်။
မြေချပါမစ် စာရွက်စာတမ်းကို ကိုင်ထားပြီး လက်လွှဲ ရောင်းချနိုင်ခွင့် ရှိသကဲ့သို့ မိမိအမည်ပေါက် နှစ် ၆ဝ ဂရန် လည်း
လျှောက်ထားနိုင်သည် ။ တရားဝင် ကုန်ကျစရိတ် သုံးသိန်းနီးပါးသာ ကုန်ကျနိုင်သည် ။ အခြားသူ အမည်ပေါက် ဂရန်မြေကို ဝယ်ယူ အမည်ပြောင်းပါက မြေ၏ ရောင်းဖိုး ငွေကာလ တန်ဖိုးပေါ် မူတည်ပြီး အခွန်ဆောင်ရခြင်း ၊ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ်ရခြင်းဖြင့် ကုန်ကျစရိတ် အလွန် မြင့်မားသွားမည် ဖြစ်သည်။
ထိုကြောင့် ပါမစ်မြေကွက်ကို ဝယ်ယူကြခြင်း ဖြစ်သည်။
ခေတ်စနစ် ၊ လုပ်ထုံးလုပ်နည်း တို့သည် အမြဲတည်မြဲနေသည် မရှိပေ။
အထူးသဖြင့် ဌာနတွင် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် အပြောင်းအလဲ မြန်ဆန်တတ်ပါသည်။
ထို့ကြောင့် မြေချပါမစ် ဝယ်သူများအနေဖြင့် အစစ်အမှန် ဟုတ် ၊ မဟုတ် စစ်ဆေးရန် အထူး လိုအပ်ပါသည်။
မြေချပါမစ် ဝယ်သူများအနေဖြင့် ယခင်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူး လက်မှတ်နှင့် စည်းတံဆိပ်ရိုက်နှိပ် ထုတ်ပေးသော ပါမစ်မြေနှင့် ယခု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ၊ ညွှန်ကြားရေးမှူး လက်မှတ်နှင့် စည်း တံဆိပ်ရိုက်နှိပ် ထုတ်ပေးသော ပါမစ်မြေ ဟု ပုံစံ နှစ်မျိုးရှိနေသောကြောင့် သတိပြု ဝယ်သင့်ပေသည်။
#Crd to owner
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...