လင်မယား ကွာရှင်း တော့မယ် ဆို ကျွန်တော် သူတို့ကို တချက်ပြန် စဉ်းစား ခိုင်းတယ် ။ တကယ် ပြတ်စဲဖို့ မဖြစ်မနေ လိုအပ်နေ ကြပြီလား?

လင်မယား ကွာရှင်းတော့မယ် ဆို ကျွန်တော် သူတို့ကို တချက်ပြန်စဉ်းစားခိုင်းတယ်။ တကယ်ပြတ်စဲဘို့မဖြစ်မနေလိုအပ်နေကြပြီလား?
လက်ထက်ပွား ပစ္စည်း ဘယ်လို ခွဲကြ မလည်း ? သားသမီး ရှိလျှင် အုပ်ထိန်းခွင့် ကလေးစရိတ် ပညာရေး ကျန်းမာရေး ဘယ်လို စီစဉ်ကြ မလည်း ? အထူး သဖြင့် သားသမီး အုပ်ထိန်းခွင့် ပတ်သက် လျှင်တော့ နှစ်ဘက် ညှိညှိ နှိုင်းနှိုင်း လုပ်စေ ချင်ပါတယ် ။သားသမီး တွေ၏ ရှေ့ရေးကို ကြည့်ရပါမယ် ။ ကျွန်တော် ဆောင်ရွက်ခဲ့သည် ကိစ္စများ တွင် အမေအုပ်ထိန်းခွင့် ရလျှင် လည်းအဖေက သားသမီးကိုတွေ့ ခွင့် ကူညီခွင့် မရရအောင် တောင်းပေး ပါတယ် ။ အဖေ အုပ်ထိန်းခွင့် ရလျှင်လည်း အမေ ကို သားသမီးနှင့် တွေ့ခွင့် ကူညီခွင့်ရအောင် ဆောင်ရွက် ပေးခဲ့ ပါတယ် ။
လင်မယားချင်း ပြသနာ များကြောင့် မိဘ နှင့် သားသမီး တွေ့ခွင့် မပေးတာမျိုး မလုပ်သင့် ပါဘူး ။ ဥပဒေကလည်း ခွင့်မပြုပါ ။ မိဘတွေ ကြောင့် သားသမီးတွေ ငယ်ငယ် ရွယ်ရွယ် စိတ်ဒဏ်ရာ မရစေ ချင်ပါဘူး ။ ( ဒါကတော့ ကျနော့် ခံယူ ချက်ပေါ့ ) အုပ်ထိန်းခွင့် အမှုအချို့မှာ အမှုနိုင် သွားသော်လည်း ကလေး အရွယ်ရောက် လာရင် ဘဝမှာ အရှုံး ပဲရသွား သူတွေ အများကြီးပါ ။ လင်မယားတွေ ကွာရှင်း ပြတ်ဆဲ ကြတော့ မယ်ဆိုရင် မြေစာပင် ဖြစ်ရတာက သား သမီးတွေပေါ့ …( သား ) ဆို အမေပိုင်တယ် ( သမီး ) ကိုတော့ ဖခင် ပိုင်တယ် ဆိုတာ အရပ်စကားတွေပါ ( လုံးဝ မမှန်ပါဘူး )…ဒီတော့ကာ ကလေး အုပ်ထိန်း ခွင့်ကို ဘယ်လို ဆုံးဖြတ်လဲပေါ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူမျိုး / ဘာသာ အရသာ ဥပဒေတွေ ကွဲပြား ခြားနားပေမယ့် ကလေးအုပ် ထိန်းခွင့်နဲ့ ပတ်သက် လာရင်တော့ အများအားဖြင့်
အောက်ပါ အတိုင်း သတ်မှတ်သလို မြန်မာ့ ထုံးတမ်း ဥပဒေမှာလဲ ထို နည်းအတိုင်းသာ ဆုံဖြတ် ပေးတာ များပါတယ် …
( ၁ ) ကလေးရဲ့ ဆန္ဒ…
( ၂ ) မိဘနှစ်ပါး ရဲ့ ဝင်ငွေ အဆင့်အတန်း…
( ၃ ) ကလေး နေထိုင်ကြီး ပြင်းရမယ့် ပတ်ဝန်း ကျင်အနေအထား
( ၄ ) မိဘ နှစ်ပါးရဲ့ အကျင့် စာရိတ္တ…
( ၅ ) ကလေးဘဝ ရှေ့ရေးအား လက်ရှိ အခြေအနေ ထက်ပိုမို ကောင်းမွန်အောင် ပြုစု ပျိူးထောင် ပေးမည့်သူ စသဖြင့် တရားသူကြီးက ဆင်ခြင် ဆုံးဖြတ် ပေးပါတယ်…
( သတိပြု ရမှာက ) …
နင့် အကျင့်တွေ ကူးမှာ စိုးလို့ / ရှင့်လို အရက်သမား ဖဲသမား ဖြစ်မှာ စိုးလို့ စတဲ့ အကြောင်း ပြချက်တွေနဲ့ အုပ်ထိန်းခွင့် ရသူက မရသူကို ကလေးနဲ့ ပေးမတွေ့တာ / တစ်နေရာ ပို့ထားတာ စတာတွေ မလုပ်ပါနဲ့ …ရုံးတော်က သတ်မှတ် ပေးထားတဲ့ ရက်တွေမှာ ကလေးကို ပေးတွေ့ရမှာပါ ( ပေး မတွေ့ဘူး ) ဆိုရင်တော့ မူလ ချမှတ်ထားတဲ့ ကလေးအုပ် ထိန်းခွင့် ပြန်လည် ရုပ်သိမ်းခံ ရပါလိမ့်မယ်
(အချူ ပ်အားဖြင့် )…
အငိုလွယ် အရှိုက် ခက်လှတဲ့ ဗုဒ္ဓဘာသာ ဝင်တို့ရဲ့ လင်မယား လက်ထပ် / ကွာရှင်း တာတွေ …ကလေး အုပ်ထိန်း ခွင့်တွေ အားလုံးကို အရပ်စကား တွေနားယောင်ပြီး ဆုံးဖြတ်ချက် လုပ်ရပ် တွေ မမှားရ လေအောင် လေ့လာသိရှိ ရသလောက် အားဖတ်ရအလွယ်ကူ ဆုံးသော အရပ်စကား များနဲ့ ရေးသား တင်ပြ ပေးလိုက် ရပါတယ် …လင်မယားတွေ မကွဲခင် ကလေးတွေ အတွက် ထည့်စဥ်းစား ကြပါ ။
#Crd to owner
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...