လင်မယား ကွာရှင်း​ တော့မယ် ဆို ကျွန်​တော် သူတို့ကို တချက်ပြန် စဉ်းစား ခိုင်းတယ် ။ တကယ် ပြတ်စဲဖို့ မဖြစ်မ​နေ လိုအပ်​နေ ကြပြီလား?

လင်မယား ကွာရှင်း​ တော့မယ် ဆို ကျွန်​တော်  သူတို့ကို တချက်ပြန် စဉ်းစား ခိုင်းတယ် ။  တကယ် ပြတ်စဲဖို့ မဖြစ်မ​နေ လိုအပ်​နေ ကြပြီလား?

လင်မယား ကွာရှင်း​တော့မယ် ဆို ကျွန်​တော်  သူတို့ကို တချက်ပြန်စဉ်းစားခိုင်းတယ်။ တကယ်ပြတ်စဲဘို့မဖြစ်မ​နေလိုအပ်​နေကြပြီလား?


          လက်ထက်ပွား ပစ္စည်း ဘယ်လို ခွဲကြ မလည်း ? သားသမီး ရှိလျှင် အုပ်ထိန်းခွင့် ကလေးစရိတ် ပညာရေး ကျန်းမာရေး ဘယ်လို ​စီစဉ်ကြ မလည်း ? အထူး သဖြင့် သားသမီး အုပ်ထိန်းခွင့် ပတ်သက် လျှင်​တော့ နှစ်ဘက် ညှိညှိ နှိုင်းနှိုင်း လုပ်​စေ ချင်ပါတယ် ။သားသမီး​ တွေ၏​ ရှေ့​ရေးကို ကြည့်ရပါမယ် ။ ကျွန်​တော်​ ဆောင်ရွက်ခဲ့သည် ကိစ္စများ တွင် အ​မေအုပ်ထိန်းခွင့် ရလျှင် လည်းအ​ဖေက သားသမီးကို​တွေ့ ခွင့် ကူညီခွင့် မရရ​အောင် ​တောင်း​ပေး ပါတယ် ။ အ​ဖေ အုပ်ထိန်းခွင့် ရလျှင်လည်း အ​မေ ကို သားသမီးနှင့် ​တွေ့ခွင့် ကူညီခွင့်ရ​အောင် ​ဆောင်ရွက်​ ပေးခဲ့ ပါတယ် ။ 

 

         လင်မယားချင်း ပြသနာ များ​ကြောင့် မိဘ နှင့် သားသမီး ​တွေ့ခွင့် မ​ပေးတာမျိုး မလုပ်သင့် ပါဘူး ။ ဥပဒေကလည်း ခွင့်မပြုပါ ။ မိဘ​တွေ ​ကြောင့် သားသမီး​တွေ ငယ်ငယ် ရွယ်ရွယ် စိတ်ဒဏ်ရာ မရ​စေ ချင်ပါဘူး ။ ( ဒါကတော့ ကျနော့် ခံယူ ချက်ပေါ့ ) အုပ်ထိန်းခွင့် အမှုအချို့မှာ အမှုနိုင် သွား​သော်လည်း ကလေး အရွယ်​ရောက် လာရင် ဘဝမှာ အရှုံး ပဲရသွား သူ​တွေ အများကြီးပါ ။ လင်မယားတွေ ကွာရှင်း ပြတ်ဆဲ ကြတော့ မယ်ဆိုရင် မြေစာပင် ဖြစ်ရတာက သား သမီးတွေပေါ့ …(  သား ) ဆို အမေပိုင်တယ် ( သမီး ) ကိုတော့ ဖခင် ပိုင်တယ် ဆိုတာ အရပ်စကားတွေပါ ( လုံးဝ မမှန်ပါဘူး )…ဒီတော့ကာ ကလေး အုပ်ထိန်း ခွင့်ကို ဘယ်လို ဆုံးဖြတ်လဲပေါ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူမျိုး  / ဘာသာ အရသာ ဥပဒေတွေ ကွဲပြား ခြားနားပေမယ့် ကလေးအုပ် ထိန်းခွင့်နဲ့ ပတ်သက် လာရင်တော့ အများအားဖြင့်

 

အောက်ပါ အတိုင်း သတ်မှတ်သလို မြန်မာ့ ထုံးတမ်း ဥပဒေမှာလဲ ထို နည်းအတိုင်းသာ ဆုံဖြတ် ပေးတာ များပါတယ် …
( ၁ ) ကလေးရဲ့  ဆန္ဒ…
( ၂ ) မိဘနှစ်ပါး ရဲ့ ဝင်ငွေ အဆင့်အတန်း…
( ၃ ) ကလေး နေထိုင်ကြီး ပြင်းရမယ့် ပတ်ဝန်း ကျင်အနေအထား
( ၄ ) မိဘ နှစ်ပါးရဲ့ အကျင့် စာရိတ္တ…
( ၅ ) ကလေးဘဝ ရှေ့ရေးအား လက်ရှိ အခြေအနေ ထက်ပိုမို ကောင်းမွန်အောင် ပြုစု ပျိူးထောင် ပေးမည့်သူ စသဖြင့် တရားသူကြီးက ဆင်ခြင် ဆုံးဖြတ် ပေးပါတယ်…

 

( သတိပြု ရမှာက ) …
           နင့် အကျင့်တွေ ကူးမှာ စိုးလို့  /  ရှင့်လို အရက်သမား ဖဲသမား ဖြစ်မှာ စိုးလို့ စတဲ့ အကြောင်း ပြချက်တွေနဲ့ အုပ်ထိန်းခွင့် ရသူက မရသူကို ကလေးနဲ့ ပေးမတွေ့တာ / တစ်နေရာ ပို့ထားတာ စတာတွေ မလုပ်ပါနဲ့ …ရုံးတော်က သတ်မှတ် ပေးထားတဲ့ ရက်တွေမှာ ကလေးကို ပေးတွေ့ရမှာပါ ( ပေး မတွေ့ဘူး ) ဆိုရင်တော့ မူလ ချမှတ်ထားတဲ့ ကလေးအုပ် ထိန်းခွင့် ပြန်လည် ရုပ်သိမ်းခံ ရပါလိမ့်မယ် 


(အချူ ပ်အားဖြင့် )…
            အငိုလွယ် အရှိုက် ခက်လှတဲ့ ဗုဒ္ဓဘာသာ ဝင်တို့ရဲ့ လင်မယား လက်ထပ်  /  ကွာရှင်း တာတွေ …ကလေး အုပ်ထိန်း ခွင့်တွေ အားလုံးကို အရပ်စကား တွေနားယောင်ပြီး ဆုံးဖြတ်ချက် လုပ်ရပ် တွေ မမှားရ လေအောင် လေ့လာသိရှိ ရသလောက် အားဖတ်ရအလွယ်ကူ ဆုံးသော အရပ်စကား များနဲ့ ရေးသား တင်ပြ ပေးလိုက် ရပါတယ် …လင်မယား​တွေ မကွဲခင် ကလေး​တွေ အတွက် ထည့်စဥ်းစား ကြပါ ။

#Crd to owner

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate