စတိုးဆိုင်က ဝယ်ပြီး ချုပ်တဲ့ စာချုပ် တံဆိပ် ခေါင်းခွန် မပြည့်ရင် တရားမဝင် ဖြစ်နိုင်သလား

စတိုးဆိုင်က ဝယ်ပြီး ချုပ်တဲ့ စာချုပ် တံဆိပ် ခေါင်းခွန် မပြည့်ရင် တရားမဝင် ဖြစ်နိုင်သလား
ကျွန်မက အရပ်ပွဲစား တစ်ယောက်ပါ ။ အခန်းအေရာင်း အဝယ် / ဌားရမ်းတဲ့ ကိစွတွေမှာ စတိုးဆိုင် ကဝယ်တဲ့ စာချုပ်နဲ့ဘဲ လုပ်လေ့ရှိ ပါတယ်။ အဲ့ဒီ စာချုပ်တွေက ရောင်းမှား ဝယ်မှား ဖြစ်လို့ ပြသာနာ တက်လာရင် တံဆိပ်ခေါင်း ခွန်မပြည့်လို့ ဆိုပြီး သက်သေခံအဖြစ်က ပယ်ဖျက် ခံရနိုင် ပါသလား ။ တရားဝင်တဲ့ စာချုပ်ဖြစ်အောင် တံဆိပ် ခေါင်းခွန် ဘယ်လောက် တန်ဖိုးရှိတဲ့ စာချုပ်နဲ့ ချုပ်ဆိုရမလဲဆိုတာ သိလိုပါတယ် ။
အရောင်း အဝယ် စာချုပ်တို့ အဌားစာချုပ် တိူ့လုပ်တဲ့ အခါမှာ အလွယ်တကူဘဲ စတိုးဆိုင်က အသင့်ရိုက် ပြီးသား စာချုပ်ကိုဝယ်ပြီးချုပ် လေ့ရှိကြ ပါတယ်။ အဲ့လို စာချုပ်ချုပ် တဲ့အခါမှာ ဥပဒေ ဘောင်ဝင် ၊ မဝင် ဆိူတဲ့ ပြသာနာ ပေါ်ပေါက် လာပါတယ် ။
ဒီလို စာချုပ်တွေဟာ တရားဝင် ၊ မဝင်ဆိုတဲ့ အပိုင်းကတော့ နိုင်ငံတော်က ပြဌာန်းထားတဲ့ စာချုပ် စာတမ်း ဥပဒေဆိုတာ ရှိပါတယ် ။ ပဋိဉာဥ်ဥပဒေ ၊ ပစွည်းလွှဲ ပြောင်းခြင်း ဥပဒေ ၊ တံဆိပ်တော်ခွန် ဥပဒေ နဲ့ အခွန် ဥပဒေ တွေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက် တွေနဲ့ ညီညွှတ်ခြင်းမရှိ ပါဘူး ။
နှစ်ဦး သဘောတူ စာချုပ် ချုပ်မယ်ဆိုရင် ထိုက်သင့်တဲ့ ရုံးခွန်တော် ကတော့ ၂၀၁၄ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၁၄ တံဆိပ် ခေါင်းဥပဒေ ပြင်ဆင်တဲ့ ဥပဒေဖြစ်တဲ့ အပိုဒ် ၅ ၊ အပိုဒ်ခွဲ ( ဃ ) အရ ၃၀၀ ကျပ်တန် တံဆိပ်ခေါင်း နှင့် ချုပ်မှသာလျှင် ဥပဒေ အရ တရားဝင်မှာ ဖြစ်ပါတယ် ။ အသင့်ရိုက် ထားတဲ့ စာချုပ်တွေဟာ ဆိုရင်ပုံစံ တူတွေ ဖြစ်ပါတယ် ။ ဒါပေမဲ့ ချုပ်ဆိုတဲ့လူများဟာအကြောင်းခြင်းရာ ကွဲပြား ပါလိမ့်မယ် ။ ပုံစံတူ စာချုပ်တွေဟာ ကွဲပြားတဲ့ အကြောင်းချင်းရာတွေ မပါတဲ့အတွက် တစ်စုံတစ်ရာ ပြသာနာ ပေါ်ပေါက်လာရင် ဖြေရှင်းရ ခက်ပါတယ် ။
ဖြေရှင်းရ ခက်တဲ့အတွက် စာချုပ်အမျိုးအစား သည်တစ်ခု နှင့်တစ်ခု တူချင်မှ တူမှာပါ ။ အကြောင်းချင်းရာလဲ တူချင်မှ တူမှာပါ ။ ဒါ့ကြောင့် ဥပဒေ အရ အပေါ်ကပြောခဲ့တဲ့ ဥပဒေ တွေနဲ့ဘောင်ဝင်အောင် ချုပ်ဆို သင့်ပါတယ် တံဆိပ်တော်ခွန် ဥပဒေ ပုဒ်မ ၃၅ အရ တံဆိပ်ခေါင်း ထမ်းဆောင်ခြင်း မရှိတဲ့ စာချုပ်စာတမ်း တွေကို သက်သေခံအဖြစ် လက်ခံခွင့် မရှိဘူးလိူ့ ဥပဒေ ပြဌာန်းထား တဲ့အတွက်ကြောင့် ဥပဒေ နှင့်အညီ ပြုလုပ်သင့်ကြောင်း အကြံပြု လိုပါတယ် ။
#DVBlawlab
#Crd to owner
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...