ဆရာရှင့် ။ ကွာရှင်း စာချုပ်မှာ မျက်နှာချင်း အသိသက်သေ တွေနဲ့ မဟုတ်ဘဲ ယောကျာ်းဖက်က တစ်ခြမ်း လက်မှတ်ထိုး ထားတဲ့စာချုပ်မှာ ကျွန်မ လက်မှတ် ထိုးပေးလိုက် တဲ့အတွက် အဲဒီစာချုပ် တရား၀င် ပါသလား ။

ဆရာရှင့် ။ ကွာရှင်း စာချုပ်မှာ မျက်နှာချင်း အသိသက်သေ တွေနဲ့ မဟုတ်ဘဲ ယောကျာ်းဖက်က တစ်ခြမ်း လက်မှတ် ထိုးထားတဲ့ စာချုပ်မှာ ကျွန်မ လက်မှတ်ထိုး ပေးလိုက်တဲ့ အတွက် အဲဒီစာချုပ် တရား၀င်ပါသလား ။ နောင်မှာ ဘယ်လို အခြေအနေမျိုး ဖြစ်လာ နိုင်သလဲဆိုတာ သိပါရစေ ။ ကျွန်တော်တို့ မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေက အင်မတန် ရိုးစင်းပြီးတော့ လက်တွေ့ ဆန်ပါတယ် ။ လင်မယားကွာ တဲ့အကြောင်းကို ပြောရရင် နှစ်ဦး သဘောတူ ကွာတယ်။ ဟိုခေတ်က ရှိတယ် ဂြိုဟ်ပြေ ၊ နာမ်ပြေ ဆိုပြီး ခဏကွာ နေတယ် ။ အမှန်တော့ ကြွေးပူတွေ တောင်းပြီး လင်မယား ကွဲရင်လည်း ဂြိုဟ်ပြေ ၊ နာမ်ပြေလို့ ပြကြ တာပေါ့ဗျာ ။ နောက် အိမ်ထောင်ရေး တစ်ခုခုကျူးလွန် တယ် ။ ရက်စက် မှုတွေ ကျူးလွန်တယ် ။ ဒီသုံးနည်းနဲ့ ကွာကြတယ် ။
အဲဒီ တော့ လင်မယား ကွာတဲ့အခါမှာ စာချုပ်စာတမ်း လုပ်ရမယ်လို့ ဓလေ့ ထုံးတမ်း ဥပဒေက ဆိုမထားပါဘူး ။ နှစ်ဦး သဘောတူရင် အချိန်မရွေးကွာ .. ၁၉၆၄ မှာ ဒေါ်အမ ဆိုတဲ့ အမှုရှိတယ် ။ ၁၉၆၆ မှာ ဦးစံနဲ့ မလှချစ် ဆိုတဲ့အမှု ရှိတယ် ။ စာချုပ်စာတမ်းကို မလိုဘူးလို့ ပြောထား ပြီးသားပါ ။ အဲလိုဆိုရင် တရားရုံး ဒီကရီလည်း မလိုပါဘူး ။ ဒါပေမဲ့ စာချုပ်ချုပ် မယ်ဆိုရင် တံဆိပ်ခေါင်းဥပဒေ ဇယားအပိုဒ် ၂၉ အရ တံဆိပ်ခေါင်းနဲ့ ကွာရှင်းစာချုပ် ချုပ်ရပါ မယ် ။ ဘယ်လောက်တန်နဲ့ ချုပ်ရမလဲ ဆိုရင် ခေတ်အလိုက်ပြောင်းတယ် ၊ ဟိုးအရင်က ၅ကျပ် ၊ နောက်၁၅ကျပ် ၊ ခု၂၅ နောက် ၂၀၀ စသဖြင့် သတ်မှတ်ထားတဲ့ အချိန်ကာလ အပြောင်းအလဲအလိုက် တံဆိပ်ခေါင်း ပေါ်မှာ ထိုး ရမယ် ။ ခုပြောတဲ့ နည်းက တကယ်တမ်း သဘာဝ မကျပါဘူး ။ အဲလိုဆိုရင် နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲဆိုတော့ စိတ်ထား ပေါ် မှုတည်မယ် ၊ ပြဿနာပေါ် နိုင်ပါတယ် ။ သို့သော် တကယ်သာ ကွာရှင်း ပြတ်စဲ တယ်ဆိုရင် ဒီစာချုပ် ကို ဖယ်လိုက်ပါ ၊ တစ်ခြမ်းပဲထိုးထိုး သက်သေ ဘယ်လိုပဲပါပါ ၊ မပါပါ ။ သူတို့နှစ်ယောက်က “ ဘယ်သူ ရှေ့မှာ ဘယ်လို ပြောပြီး ပြတ်ပါတယ် ” ဆိုရင် ဓလေ့ ထုံးတမ်း ဥပဒေက စာကအဓိက မကျပါဘူးလို့ ဖြေကြား ပေးချင်ပါတယ် ။
ဒီလို ကွာပြီးမှ “ တစ်လင် တစ်မယား ဥပဒေနဲ့ စွဲခွင့် မရှိဘူးဟေ့ ” ဆိုပြီး တစ်ချက်လွတ် ပြောလို့ မရပါဘူး ။ ဥပဒေနဲ့ အညီ ဖြစ်စေချင် ရင်တော့ အဲလို့ ကွာရှင်း ပြတ်စဲ ပြီးကြောင်း စာချုပ်စာတမ်း လုပ်ထား တာသည် စိတ်ချ ရဆုံး ဖြစ်ပါ တယ် ။ ကွာရှင်းစာချုပ်မဟုတ်ဘူးနော် “သူတို့ နှစ်ယောက်သည် ဓလေ့ ထုံးတမ်း အတိုင်း ကွာရှင်း ပြတ်စဲ လိုက်သည် ၊ ထိုသို့ ကွာရှင်းပြတ်စဲ ကြောင်း ဘယ်သူ ဘယ်ဝါ ၊ အရပ်လူကြီး ဘယ်သူ ရှေ့တွင် ရေးသည်ဆိုပြီး လက်မှတ်ထိုး လိုက်ရင်တော့ ” စွဲလို့ မရတော့ပါဘူး ။
DVBlawlab, ဦးကျော်ငြိမ်း ( တရား လွှတ်တော် ရှေ့နေ )
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...