ဆရာရှင့် ။ ကွာရှင်း စာချုပ်မှာ မျက်နှာချင်း အသိသက်သေ တွေနဲ့ မဟုတ်ဘဲ ယောကျာ်းဖက်က တစ်ခြမ်း လက်မှတ်ထိုး ထားတဲ့စာချုပ်မှာ ကျွန်မ လက်မှတ် ထိုးပေးလိုက် တဲ့အတွက် အဲဒီစာချုပ် တရား၀င် ပါသလား ။ 

ဆရာရှင့် ။ ကွာရှင်း စာချုပ်မှာ မျက်နှာချင်း အသိသက်သေ တွေနဲ့ မဟုတ်ဘဲ ယောကျာ်းဖက်က တစ်ခြမ်း လက်မှတ်ထိုး ထားတဲ့စာချုပ်မှာ ကျွန်မ လက်မှတ် ထိုးပေးလိုက် တဲ့အတွက် အဲဒီစာချုပ် တရား၀င် ပါသလား ။ 

            ဆရာရှင့် ။ ကွာရှင်း စာချုပ်မှာ မျက်နှာချင်း အသိသက်သေ တွေနဲ့ မဟုတ်ဘဲ ယောကျာ်းဖက်က တစ်ခြမ်း လက်မှတ် ထိုးထားတဲ့ စာချုပ်မှာ ကျွန်မ လက်မှတ်ထိုး ပေးလိုက်တဲ့ အတွက် အဲဒီစာချုပ် တရား၀င်ပါသလား ။ နောင်မှာ ဘယ်လို အခြေအနေမျိုး ဖြစ်လာ နိုင်သလဲဆိုတာ သိပါရစေ ။ ကျွန်တော်တို့ မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေက အင်မတန် ရိုးစင်းပြီးတော့  လက်တွေ့ ဆန်ပါတယ် ။ လင်မယားကွာ တဲ့အကြောင်းကို ပြောရရင် နှစ်ဦး သဘောတူ ကွာတယ်။  ဟိုခေတ်က ရှိတယ် ဂြိုဟ်ပြေ ၊ နာမ်ပြေ ဆိုပြီး ခဏကွာ နေတယ် ။ အမှန်တော့ ကြွေးပူတွေ တောင်းပြီး လင်မယား ကွဲရင်လည်း ဂြိုဟ်ပြေ ၊ နာမ်ပြေလို့  ပြကြ တာပေါ့ဗျာ ။ နောက် အိမ်ထောင်ရေး တစ်ခုခုကျူးလွန် တယ် ။ ရက်စက် မှုတွေ ကျူးလွန်တယ် ။ ဒီသုံးနည်းနဲ့ ကွာကြတယ် ။ 


            အဲဒီ တော့ လင်မယား ကွာတဲ့အခါမှာ စာချုပ်စာတမ်း လုပ်ရမယ်လို့ ဓလေ့ ထုံးတမ်း ဥပဒေက ဆိုမထားပါဘူး ။ နှစ်ဦး သဘောတူရင် အချိန်မရွေးကွာ .. ၁၉၆၄ မှာ ဒေါ်အမ ဆိုတဲ့ အမှုရှိတယ် ။ ၁၉၆၆ မှာ ဦးစံနဲ့ မလှချစ် ဆိုတဲ့အမှု ရှိတယ် ။ စာချုပ်စာတမ်းကို မလိုဘူးလို့ ပြောထား ပြီးသားပါ ။ အဲလိုဆိုရင် တရားရုံး ဒီကရီလည်း မလိုပါဘူး ။ ဒါပေမဲ့ စာချုပ်ချုပ် မယ်ဆိုရင် တံဆိပ်ခေါင်းဥပဒေ ဇယားအပိုဒ် ၂၉ အရ တံဆိပ်ခေါင်းနဲ့ ကွာရှင်းစာချုပ် ချုပ်ရပါ မယ် ။ ဘယ်လောက်တန်နဲ့  ချုပ်ရမလဲ ဆိုရင် ခေတ်အလိုက်ပြောင်းတယ် ၊ ဟိုးအရင်က ၅ကျပ် ၊ နောက်၁၅ကျပ် ၊ ခု၂၅ နောက် ၂၀၀ စသဖြင့် သတ်မှတ်ထားတဲ့ အချိန်ကာလ အပြောင်းအလဲအလိုက် တံဆိပ်ခေါင်း ပေါ်မှာ ထိုး ရမယ် ။ ခုပြောတဲ့ နည်းက တကယ်တမ်း သဘာဝ မကျပါဘူး ။ အဲလိုဆိုရင် နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲဆိုတော့ စိတ်ထား ပေါ် မှုတည်မယ် ၊ ပြဿနာပေါ်   နိုင်ပါတယ် ။ သို့သော် တကယ်သာ ကွာရှင်း ပြတ်စဲ တယ်ဆိုရင် ဒီစာချုပ် ကို ဖယ်လိုက်ပါ ၊ တစ်ခြမ်းပဲထိုးထိုး သက်သေ ဘယ်လိုပဲပါပါ ၊ မပါပါ ။ သူတို့နှစ်ယောက်က “ ဘယ်သူ ရှေ့မှာ ဘယ်လို ပြောပြီး ပြတ်ပါတယ် ” ဆိုရင် ဓလေ့ ထုံးတမ်း ဥပဒေက စာကအဓိက မကျပါဘူးလို့ ဖြေကြား ပေးချင်ပါတယ် ။ 


            ဒီလို ကွာပြီးမှ “ တစ်လင် တစ်မယား ဥပဒေနဲ့ စွဲခွင့် မရှိဘူးဟေ့ ” ဆိုပြီး တစ်ချက်လွတ် ပြောလို့ မရပါဘူး ။ ဥပဒေနဲ့ အညီ ဖြစ်စေချင် ရင်တော့ အဲလို့ ကွာရှင်း ပြတ်စဲ ပြီးကြောင်း စာချုပ်စာတမ်း လုပ်ထား တာသည် စိတ်ချ ရဆုံး ဖြစ်ပါ တယ် ။ ကွာရှင်းစာချုပ်မဟုတ်ဘူးနော်  “သူတို့ နှစ်ယောက်သည် ဓလေ့ ထုံးတမ်း အတိုင်း ကွာရှင်း ပြတ်စဲ လိုက်သည် ၊ ထိုသို့ ကွာရှင်းပြတ်စဲ ကြောင်း ဘယ်သူ ဘယ်ဝါ ၊ အရပ်လူကြီး ဘယ်သူ ရှေ့တွင် ရေးသည်ဆိုပြီး လက်မှတ်ထိုး လိုက်ရင်တော့ ”  စွဲလို့ မရတော့ပါဘူး ။


DVBlawlab, ဦးကျော်ငြိမ်း ( တရား လွှတ်တော် ရှေ့နေ )

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate