ဆရာ တိုက်ခန်း ဝယ်ယူတဲ့ နေရာမှာ မြေရှင် လက်မှတ်ထိုး ဖို့လိုတယ် ဆိုတဲ့ ဥပဒေ မရှိဘူးလို့ သိရပါတယ် ။

ဆရာ တိုက်ခန်း ဝယ်ယူတဲ့ နေရာမှာ မြေရှင် လက်မှတ်ထိုးဖို့ လိုတယ်ဆိုတဲ့ ဥပဒေ မရှိဘူးလို့ သိရပါတယ် ။ တကယ်လို့ မြေရှင်လက်မှတ် မထိုးပဲ ဝယ်ယူရင် မိမိအတွက် ဘာတွေ ဆိုးကျိုး ရှိနိုင်ပါသလဲ သိပါရစေ ။ ( စျေးကွက် သတင်းစာက ဆောင်းပါး တစ်ခုနဲ့ ဖြေပေး လိုက်ပါမယ် ) တိုက်ခန်း ၊ ကွန်ဒို ဝယ်ယူ မှုတွေမှာမြေရှင်ရဲ့ အသိအမှတ် ပြုခြင်းကလည်း ခိုင်မာမှုအတွက် အရေးကြီးတယ် လို့ သိရပါတယ် ။ “မြေရှင် လက်မှတ် ထိုးခဆိုတာက မြေ ရှင်ကို အမည်ပြောင်းခ အနေနဲ့ ပေးရတာ ပါ ၊ ဒီပိုက်ဆံကို မပေးချင်လို့ ကျော်လိုက် မယ်ဆိုရင် တိုက်နဲ့ ပတ်သက်ပြီး တစ်စုံ တစ်ခုဖြစ်လာရင် ပြဿနာ ရှိနိုင်တယ် ”လို့ ပြောကြ ပါတယ် ။ မြေရှင် လက်မှတ်ဆိုတာက တိုက်ခန်း ဝယ်ယူရာမှာ အမည်ပြောင်း အဖြစ် မြေရှင်က အသိအမှတ် ပြုပေးတာ ဖြစ်ပါတယ် ။ မြေရှင် အသိအမှတ် ပြုခြင်းက တိုက်ခန်း နေသူတွေအတွက် အရေးကြီးပြီး တိုက်ခန်း နေသူတွေ တိုက်ပြို ကျခြင်း ၊ တိုက်ခန်း ပျက်စီးခြင်း ဖြစ်ပေါ်ပါက မြေရှင် အသိ အမှတ်မပြုရင် တိုက်ခန်း ပြန်ရဖို့ မလွယ်ကူ ဘူးလို့ သိရပါတယ် ။
တိုက်ခန်း ၊ ကွန်ဒို ရောင်း ဝယ်ရာမှာ မြေရှင် လက်မှတ်ထိုးခ ( တစ်နည်း ) အမည် ပြောင်းခ ပေးရပါတယ် ။ နေရာဒေသ အ လိုက် အရောင်းတန်ဖိုး တစ်ရာခိုင်နှုန်းက နေ သုံးရာခိုင်နှုန်းအထိ ပေးရပါတယ် ။ မြေရှင် လက်မှတ်မပါဘဲ ဥပဒေနှင့် ညီညွတ်ပါ က ရောင်းချ ခွင့်ရှိတယ် ဆိုပေမဲ့ မြေရှင် အသိအမှတ် မပြုပါက ဆုံးရှုံးမှုတွေ ဖြစ်ပေါ် လာ နိုင်တယ်လို့ သိရပါတယ် ။ အိမ်လခ ပေးရတာကအပျောက်တိုက်ခန်း ဝယ်ယူသူကို ဥပဒေအရ အိမ်ငှားခ သတ်မှတ်ထားလို့ ၁၉၆၀ ပြည့်နှစ် ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေကို လိုက်နာရတာကြောင့် အပျောက် တိုက်ခန်း ဝယ်ယူသူတွေ အနေနဲ့ ငှားရမ်းခွင့်နဲ့ တစ်ဆင့် ပြန်လည် ရောင်းချခွင့် ရှိပေမဲ့ ဥပဒေအရ အိမ်ငှားဟုဆိုတာ ကြောင့် အိမ်လခပေးဖို့ တာဝန်ရှိပါတယ် ။ မြေရှင် က သတ်မှတ်ထားတဲ့ အိမ်လခကို တိုက်ခန်း နေသူတွေက ပေးရတာဖြစ်ပြီး အိမ်လခ တွေကိုတော့ နားလည်မှုနဲ့ သတ် မှတ်ကြတယ်လို့ သိရပါ တယ် ။ “ မြေယာနှင့် အခွန်က သတ်မှတ်ထား တဲ့ အိမ်လခက ၂၀ဝ/၂၅၀ ( ကျပ် ) ၊ ဒါက ခု နဲ့ မကိုက် ညီတော့ဘူး ၊ ခုတော့ နားလည်မှု နဲ့ ပေးနေကြတာပါ ၊ ထောင်ဂဏန်းဝန်း ကျင် ပေးရပါတယ် ”လို့ အိမ် ခြံ မြေ အကြံ ပေး ရှေ့နေ ဦးကိုကို က ဆိုပါတယ် ။
လခပေးလည်း မခိုင်မာ သေးပါ မြေရှင်ကို အိမ်လခ မှန်မှန် ပေးသွင်း နေပေမဲ့ ၊ အိမ်ရှင် အသိအမှတ် ပြုတယ်ဆို ပေမဲ့ အမည် ပေါက် နေရာမှာ မူလပိုင်ရှင်ရဲ့ အမည်နဲ့သာ ဆက်လက် တည်ရှိနေတာ ကြောင့် တိုက်ခန်းနဲ့ ပတ်သက်တဲ့ တစ်စုံ တစ်ခု ဖြစ်ပေါ်လာပါက ပိုင်ဆိုင်မှုမှာ မူလ ပိုင်ရှင် နာမည်နဲ့သာ ရရှိမှာ ဖြစ်ပါတယ် ။ အိမ်ရှင် အနေနဲ့လည်း မိမိနဲ့ သင့်မြတ်သူ ကိုသာ ထောက်ခံပေးခြင်းမျိုး ဖြစ်ပေါ်လာ နိုင်တယ်လို့ သိရပါတယ် ။ “ အခု အဖြစ် များနေတာက တိုက်ဟောင်းပြီး ပြိုကျလာမှု တွေပေါ့ ၊ မြေရှင်ကို အိမ်လခတော့ သွင်းတယ် ၊ ဒါပေမဲ့ အရက်မူးပြီး နေ့တိုင်းသောင်း ကျန်းနေတော့ ကန်ထရိုက်နဲ့ တိုက်အသစ် ပြန်ဆောက်တော့ မြေရှင်က အခန်းမပေး တော့ဘူးဆိုပြီး ပြဿနာတွေ တက်နေတယ် ”ဆိုပါတယ် ။
ငှားရမ်းခ တိုးလို့၁၉၆၀ ပြည့်နှစ် ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေမှာ အိမ်ရှင် အခွင့်အရေးအရ ငှားရမ်းခ တိုးတောင်းခွင့်ရှိတယ်လို့ ပါရှိပါတယ် ။ ဥပဒေ အရ ငှားရမ်းခ တိုးတောင်း နိုင်ပေမဲ့ အိမ်ရှင်တွေ အနေနဲ့ ငှားရမ်းခ နှစ်စဉ် တိုးမြှင့် ကောက်ခံနေတာကြောင့် အပျောက် တိုက်ခန်း ဝယ်ယူသူတွေ အခက် တွေ့ကြ ရပါတယ် ။ ယခုဆိုရင် အိမ်လခ တစ်လ ကျပ် ၅၀ဝ၀ အထိ ပေးကြရသလို အိမ်လခ ကိုလည်း ပုံစံအမျိုးမျိုးနဲ့ ကောက်ခံ နေကြတယ်လို့ သိရပါ တယ် ။ “ကျွန်မတို့ ဘက်မှာတော့ အိမ်လခ ရယ်လို့ မဟုတ်ဘဲ ရေခွန် ၊ မီးခွန်ဆိုပြီး တစ် လကို ကျပ် ၈၀ဝ၀ ပေးရတယ် ၊ တချို့ တိုက် တွေမှာတော့ ဒီထက်များတယ်ပြော တယ် ”လို့ လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ဆိုပါတယ် ။
Credit-OriginalUploder
Related Posts
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း
၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ - ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...