ကာလပေါက်ဈေးထက် ဈေးအရမ်း သက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါ မိတ်ဆွေ။

ကာလပေါက်ဈေးထက် ဈေးအရမ်း သက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါ မိတ်ဆွေ ။
အရင်တုန်းက အဖြစ်အပျက်လေး ပါ
မိတ်ဆွေ တစ်ယောက်မှ ကျွန်တော့်အား ဖုန်းဆက်ပါတယ် ၊ ဆရာ ကျွန်မ မြောက်ဒဂုံမြို့နယ် ၊ ဘုရင့်နောင်လမ်းမှာ မြေကွက် စျေးတန်လို့ စရံ ပေးလိုက်ပါတယ် ။
မြေကွက်လပ် ဖြစ်ပြီး ၊ ဂရန်အမည်ပေါက်ဆီက ဝယ်ထားတယ်လို့ ပြောပါတယ် ၊ မြေဂရံ မူရင်းနဲ့ အရပ်ကတိ စာချုပ်ကို ပြပါတယ် ၊ ဂရန် မှန် မမှန် လေး စစ်ပေးစေလိုကြောင်း ပြောပါတယ် ၊
စာချုပ် ချုပ်တဲ့နေ့က ကြာသပတေးနေ့ ပါ ၊ အင်္ဂါနေ့မှာ မူလဂရန် အမည်ပေါက်ဆီက အထူးကိုယ်စားလှယ်လွှဲစာ လွှဲခိုင်းပေးမည်ဟုပြောပါတယ် ။
ကိုယ်စားလှယ်လွှဲစာ လွှဲတဲ့နေ့မှာ ငါးဆယ်ရာခိုင်နှုန်း ချေခိုင်းပါတယ်တဲ့ ၊ အခုတော့ ငွေသားတစ်ဆယ့်ငါးသိန်းနဲ့kbzbankချက် လက်မှတ် သိန်းငါးဆယ် စရံ ပေးခဲ့ပါတယ် ၊ ချက်လက်မှတ်ကို တနင်္လာနေ့ နေ့စွဲနဲ့ ပေးခဲ့ကြောင်း ပြောပါတယ် ။
ကျွန်တော်လည်း viberနဲ့ မိတ္တူ ပို့ပေးလိုက်ပါ စစ်ပေးမယ်လို့ ပြောပါတယ် ။
viber မှ မိတ္တူများကို ကြည့်သောအခါ လက်မှတ်များ မမှန်ခြင်း ၊ မြေပုံ ဆွဲထားသည်မှာ မူမမှန်ခြင်းကြောင့် ဂရန်အတုဟု ထင်ကြောင်း၊ အဆင်ပြေရင် မြေဂရန်မူရင်းကို ဓာတ်ပုံရိုက်ပြီး viber နဲ့ ပို့ပေးပါရန် ပြောလိုက်ပါတယ် ။ အဲ့တော့မှ ရောင်းသူက တနင်္လာနေ့ မြို့တော်စည်ပင်တွင် ဂရန်မူရင်း လာပြမည်လို့ ပြောပါတယ် ၊ စည်ပင်တွင် စစ်ဆေးနိုင်ကြောင်း ပြောပါတယ် ။
ကျွန်တော်လည်း တနင်္လာနေ့ အစောဆုံး ဘဏ်ကို သွားပြီး ချက်လက်မှတ်ကို ထုတ်လို့မရအောင် သွားတားခိုင်းလိုက်ပါတယ် ၊စစ်ဆေးပြီးလို့ မှန်တယ်ဆိုရင် ကိုယ်တိုင် လိုက်ထုတ်ပေးရန် မှာလိုက်ပါတယ် ။
ချိန်းထားတဲ့နေ့ တော်တော်နဲ့ မလာပါဘူး ရောင်းသူက ချက်ကို သွားထုတ်တယ် ထုတ်မရမှ ကျွန်တော်တို့ဆီ လာတယ် ၊ ဂရန်မူရင်းပြတယ် ၊ စစ်ကြည့်လိုက်တော့ ၉၀ % အတုပါ ၊ ကျိန်းသေအောင် ဌာနမှာ စစ်ပေးမယ် ဆိုပြီး ခေါ်တော့ ရောင်းသူက သူမအားလို့ ဆိုပြီးသူ့အသိ တစ်ယောက် ထည့်ပေးလိုက်တယ် ၊ ဌာနက အတုလို့ ပြောတယ် ။
ကျွန်တော်လည်း ရောင်းသူတို့ကို ဓာတ်ပုံရိုက်ထားပြီး ချက်လက်မှတ်နဲ့ ငွေတစ်ဆယ့်ငါးသိန်း ပြန်လာပေးရန် နှင့် ပြန်လာမပေးရင် အမူ့ဖွင့်မယ်လို့ ပြောလိုက်ပါတယ် ။ ချက်လက်မှတ်တော့ ပြန်ရတယ် ၊ ငွေတော့ ပြန်မရပါဘူး ။
အမှု ဖွင့်မည် ဆိုတော့လည်း ကျွန်တော့်မိတ်ဆွေက အလုပ်ရှုပ်မှာ စိုးလို့ အမှု မဖွင့်လိုကြောင်း ပြောပါတယ် ။ ခြောက်ဆယ့်ငါးသိန်းအလိမ် မခံရပဲ တစ်ဆယ့်ငါးသိန်းသာ ပါသွားလို့ ကျွန်တော့်အား ကျေးဇူးတင်ကြောင်း ပြောပြီး ပြန်သွားပါတယ် ။
[ မြေကွက်ပိုင်ရှင် အစစ်အား ထိခိုက်လိုတဲ့စိတ် မရှိပါဘူး ၊ ]
ရောင်းချသူများမှာ ပွဲစား ဟန်ဆောင်ခြင်း ၊ ပိုင်ရှင် ဟန်ဆောင်ပြီး ခပ်တည်တည်နဲ့ ရောင်းချကြပါတယ် ၊ စည်ပင်တွင် မြေရာဇဝင်စစ်လျှင်လည်း အမည်ပေါက် မှန်နေတက်ပါတယ် ၊ ဂရန် အတု ၊ မှတ်ပုံတင် အတုများ ကိုင်ဆောင်တက်ပါတယ် ။ မြေကွက် ပြင်ပ
ပေါက်စျေးထက် ထက်ဝက်ခန့် သက်သာ နေတက်ပါတယ် ၊ ဝယ်သူ လောဘ တက်သွားအောင်ပါ ၊ စျေးအရမ်း သက်သာနေရင်သတိထားပါ ။
Credit-OriginalUploder
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...