အိမ်ငှား တင်ထားတဲ့ လူနေ တိုက်ခန်း တစ်ခုကို ဝယ်ဖို့ စရံ ပေးပါတယ် ။

အိမ်ငှား တင်ထားတဲ့ လူနေ တိုက်ခန်း တစ်ခုကို ဝယ်ဖို့ စရံ ပေးပါတယ် ။ ငွေ အကြေချေ ပြီးရင် အိမ်ငှားတွေကို ဖယ်ပေးဖို့ပိုင်ရှင် ကလည်း သဘောတူ ပြီးသားပါ ။ ဒါပေမဲ့ ငွေအကြေ ချေပြီးတဲ့ နောက်မှာ အိမ်ငှားက အကြောင်း အမျိုးမျိုးပြပြီး နေ့ရွှေ့ညရွှေ့လုပ်နေပါတယ် ။ တစ်လ ကျော်နေပါပြီ ။ အခန်း ပြန်ရအောင် ပိုင်ရှင်က လုပ်ပေး ရမှာလား ၊ မိမိက လုပ်ရမှာလား ၊ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာကို ရှင်းပြ ပေးစေ ချင်ပါတယ် ။
=======================
ဒီမေးခွန်းမှာ ကျွန်တော်တို့ ဘာကို သွားတွေ့ ရလဲဆိုတော့ စရံပေးတယ် ။ စရံပေးစဉ် ကာလ ကတည်းက ငွေအကျေ ချေပြီးရင် အိမ်ငှားကို ဖယ်ပေး ပါမယ်လို့ မူလ ရောင်းသူက ကတိပြု ထားတာ ရှိတယ် ။ ဒီလို ကတိပြုထား ကတည်းကိုက ဒီအိမ်ငှားကို ဖယ်ပေးပါလို့ ပြောကြားပြီး ဖြစ်လိမ့်မယ် ။ ဒီလို အကြောင်းကြား ပြီးပြီ ဆို ကတည်းကိုက ဒီအိမ်ငှားသည် ဖယ်ပေး ရမယ် ။ ဘာဖြစ်လို့လဲဆိုတော့ နောက်owner ကိုရောင်းပြီးပြီး ဆိုတော့ ဖယ်ပေး ပါပြောတယ် ။ ဒါပေမဲ့ အိမ်ငှားကလဲ ငွေအကျေချေ ပြီးတဲ့ နောက်ပိုင်းမှာလဲ ဖယ်ပေးခြင်း မရှိဘူး ။ အဲ့တော့ ကျွန်တော်တို့က ဒီအရောင်း အဝယ် စာချုပ်ကိုဘဲ ပြန်ကြည့်ရမယ် ။ အရောင်း အဝယ် စာချုပ်ကို ပြန်ကြည့်တဲ့ အခါမှာ ဒီလက်ရောက် လွှဲပြောင်း ပေးအပ်တဲ့ နေရာမှာ ငွေအကျေချေ ပြီးတဲ့ အခါမှာ ဒီအခန်းကို အိမ်ငှားပါ ပါဝင်ပြီး လက် ရောက်လွှဲ အပ်တယ် ဆိုတာ ပေါ်ပေါက်တာကို ကျွန်မတို့ တွေ့ ရှိ ရပါတယ် ။
ဒါကြောင့် မို့လို့ တိုက်ခန်း ကော ၊ အိမ်ငှား ကော လက်ရောက် လွှဲအပ် ပြီးခြင်း ဖြစ်တယ် ။ တိုက်ခန်း ပိုင်ရှင်ကလဲ နှင်လို့မရသည့်အတွက် ဒီကိစ္စမှာ အားလုံးကို မူလ ဝယ်သူက ရရှိသွားပါပြီ ။ ရရှိသွားတဲ့ အတွက် ကြောင့်မို့ တိုက်ခန်းကို ဖယ်ပေးဖို့ အတွက်ကို ပစ္စည်း လွှဲပြောင်းရေး အက်ဥပဒေ ပုဒ်မ ၁၀၆ နဲ့အညီ အငှား ချထားခြင်း ကိုရပ်စဲ ကြောင်း နို့တစ်စာ ပေးရပါမယ် ။ နောက် ပြီးတော့ ဒီဝယ်သူကလဲ သူအမှန် တစ်ကယ် နေဖို့ ဝယ်ပြီးတဲ့ အတွက်ကြောင့် နေစရာ မရှိလို့ နေဖို့အတွက်ကို ဒီတိုက်ခန်းကို ပြန်လည် လက်ရောက် ရယူ ရပါမယ် လို့ ၁၉၆၀ ပြည်နှစ် မြို့ပြ ဆိုင်ရာ ငှားရမ်းခ ကြီး ကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၂ ( စ ) နဲ့ အညီ အိမ်ငှားနှင်လိုမှု စွဲပြီး အခန်းကို ယူလို့ရ ပါတယ်လို့ ဖြေကြား လိုက်ပါတယ် ။
Related Posts
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း
၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ - ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...