ဂရန်မြေကို အရောင်းအဝယ် ပြုလုပ်ကြတဲ့အခါ တန်ဖိုးငွေကျပ် ၁၀၀နှင့်အထက်ရှိ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် လိုအပ်သဖြင့် မှတ်ပုံတင်စာချုပ် ချုပ်ဆိုမှသာ တရားဝင် အရောင်းအဝယ် စာချုပ်ဖြစ်ပါမည်။

အချို့အရောင်းအဝယ်ပြုလုပ်ကျရာတွင် အရပ်ကတိအရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး ဂရန်အမည် ပြောင်းသူထံမှ ကိုယ်စားလှယ် လွှဲစာပြုလုပ်ထားပြီး ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ နေထိုင်နေကြပါသည်။
� ကိုယ်စားလှယ်လွှဲစာသည် ပေးအပ်သူ ၊ လက်ခံသူ သေဆုံးသွားသည့် အချိန် ၊ ပေးအပ်သူမှ ပြန်လည်ရုပ်သိမ်း သွားသည့် အချိန်အခါ များတွင် ဆက်လက် ဆောင်ရွက်၍ မရတော့ပါဘူး ။ ထိုအခါမှ မှတ်ပုံတင်စာချုပ် ချုပ်ဆိုလိုလျှင် သက်ဆိုင်ရာ ခရိုင်တရားရုံးသို့ မှတ်ပုံတင်စာချုပ် ချုပ်ပေးစေလိုမှု တရားစွဲဆိုပြီး တရားရုံးမှ သက်သေများကို စစ်ဆေး၍ ပိုင်ဆိုင်မှု မှန်ကုန်ပါက အမိန့်ချပေးမှ ဖြစ် ပါသည် ။
�� အမိန့်ချပြီးမှ တရားလိုသည် အမိန့်အပေါ် အတည်ပြု ဆောင်ရွက်ရန် တရားမဇာရီမှု ဆက်လက်ဖွင့်ပြီး တရားရုံးမှ တာဝန်ပေးအပ် ခြင်း ခံရသူက ရောင်းသူ ကိုယ်စား မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးမှာ ဖြစ်ပါတယ် ။ ထိုသို့ ဆောင်ရွက်ပါက အချိန်ကြာမြင့်မှု ၊ ရှေ့နေခ ကုန်ကျစရိတ် ၊ တရားရုံး ကုန်ကျစရိတ် နှင့် အချိန်ကြာမြင့်မှု များစွာ ရှိနိုင်ပါတယ် ။ ထို့အတွက်ကြောင့် ဂရန်မြေကို ဝယ်ယူသူများ အနေဖြင့် အောက်ပါ လုပ်ငန်းစဉ်အတိုင်း တဆက်တည်း လုပ်ဆောင်ထားမှသာ တရားဝင် ပိုင်ဆိုင်မှု ခိုင်မာမှာ ဖြစ် ပါသည် ။
�� - စရန်ပေးစာချုပ် ချုပ်ဆိုခြင်း ။
� - ရောင်းသူကို အရောင်း မြေပုံ / မြေရာဇဝင် ကူးခိုင်းခြင်း ။
� - မြေငှားဂရန် အမည်ပေါက် မှန်ကန်မှု ရှိ / မရှိ စစ်ဆေးခြင်း ။
� - နိုင်ငံပိုင် သတင်းစာတွင် အရောင်းအဝယ်နှင့် ပတ်သက်၍ ကန့်ကွက်သူ ရှိ / မရှိ ကြော်ငြာ ထည့်သွင်းခြင်း ။
� - မှတ်ပုံတင် အထူးကိုယ်စားလှယ်လွှဲစာ ပြုလုပ်ခြင်း ။
� - အပြီးသတ် ငွေပေးချေခြင်း စာချုပ် ချုပ်ဆိုခြင်း ။
� - ရန်ကုန်တိုင်း ကာလတန်ဖိုး စိစစ်ရေး အဖွဲ့သို့ တင်ပြ၍ မြေ နှင့် အိမ် တန်ဖိုးသတ်မှတ်ခြင်း ။
� - မြို့နယ်အခွန်ဦးစီးဌာနတွင် ကာလတန်ဖိုး စိစစ်ရေးအဖွဲ့မှ သတ်မှတ်ပေးသည့် တန်ဖိုးအပေါ် ဝယ်ယူခွန် ထမ်းဆောင်ခြင်း ။
� - တံဆိပ်ခေါင်းခွန် ထမ်းဆောင်ခြင်း ။
� - ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင် စာချုပ် ချုပ်ဆိုခြင်း ။ စသည့် အဆင့်ဆင့် ဆောင်ရွက်ပြီးမှသာ အရောင်းအဝယ်သည် တရားဝင် အရောင်းအဝယ် အဆင့်သို့ ရောက်မည် ဖြစ်ပါသည် ။
� - ထိုသို့ ချုပ်ဆိုထားသော မှတ်ပုံတင်စာချုပ်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြ စီမံကိန်း နှင့် မြေစီမံခန့်ခွဲ မှု ဌာနတွင် မြေအမည်ပေါက် ပြောင်းလဲရန် လျှောက်ထားရမှာ ဖြစ်ပါသည် ။
�� အထက်ပါ အတိုင်း ဆောင်ရွက်ပြီး တရားဝင်မှတ်ပုံတင် စာချုပ် ချုပ်ဆိုခြင်း ၊ မြေငှားဂရန်တွင် မိမိအမည်ပေါက် ပြောင်းလဲခြင်း များ ဆောင်ရွက်ပြီးမှသာ မိမိပိုင်ဆိုင်သော မြေအဖြစ် တရားဝင်ပိုင်ဆိုင်မှု အထောက်အထား ရရှိမှာ ဖြစ်ပါသည် ။ ထိုမှသာ မိမိတို့ စီးပွားရေးလုပ်ငန်းများ အတွက် မြေငှားဂရန် အပေါင်ထားပြီး ဘဏ်တွင် ချေးငွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ် ။ ထို့ကြောင့် မြေငှားဂရန် အမျိုးအစား မြေကွက်ကို ဝယ်ယူသူများ အနေဖြင့် တရားဝင် ပိုင်ဆိုင်မှု ရရှိရန် မှတ်ပုံတင်စာချုပ် ချုပ်ဆိုမှသာ နောက်တစ်ချိန် ပြန်လည် ရောင်းချရာတွင် လည်း အဆင်ပြေချောမွေ့မှာ ဖြစ်ပါသည် ။
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...