စာချုပ်များ ချုပ်ကြ ရာဝယ်

စာချုပ်များ ချုပ်ကြ ရာဝယ်
^^^^^^^^^^^^^^^^^^
စာချုပ်တွေ ချုပ်ပြီးရင် ခိုင်မာ အောင် မှတ်ပုံတင် ကြမယ် ။ ဘာလို့ မှတ်ပုံ တင်လဲ ၊ ဘယ်လို မှတ်ပုံ တင်ရလဲ သိထားဖို့ လိုပါတယ် ၊ စာချုပ် ခိုင်မာ အောင်လို့ မှတ်ပုံ တင်တယ် ၊ တစ်ချို့ စာချုပ်က ဥပဒေအရ မဖြစ်မနေ မှတ်ပုံတင် ရလို့ တင်တယ် ၊ မခိုင်မာရင် မှတ်ပုံ မတင်ရင် ဘာဖြစ်တုံး မေးမယ် ၊ ဥပဒေနဲ့ မညီဘူး တရားမဝင် ဘူးပေါ့ ၊ တရား မဝင်တော့ ရုံးရောက် ဂတ်ရောက်ဆို ကိုယ့်စာချုပ်က သုံးမရ တော့ဘူး ပေါ့ ၊ သုံးမရတော့ အမှု ရှုံးတာပေါ့ ။ ဒါကြောင့် အရောင်း အဝယ် ၊ အငှါး ၊ အပေး ၊ စွန့်လွှတ် ၊ ကျမ်းကျိမ် ၊ ဖျက်သိမ်း ၊ အမွေ ဆက်ခံ ၊ ပစ္စည်း လဲလှယ် ၊ ကုန်အမှတ် တံဆိပ် ၊ SP , GP စတဲ့ စာချုပ်တွေ မှတ်ပုံတင် တတ်အောင် သိထားရပါမယ် ။ အခုနောက်ဆုံး ပြဌာန်း ထားတဲ့ စာချုပ် စာတမ်း မှတ်ပုံတင် ဥပဒေအရ မဖြစ်မနေ မှတ်ပုံ တင်ရမဲ့ စာချုပ်တွေ ရှိတယ် ၊ မတင်ရင် တရားမဝင် ဘူးပေါ့ ၊ အချို့ စာချုပ်က ဥပဒေအရ မှတ်ပုံတင်ဖို့ မလိုပေမဲ့ ကိုယ်က ခိုင်မာ စေချင်လို့ မှတ်ပုံတင် ချင်ရင် တင်လို့ရတဲ့ စာချုပ် တွေရှိတယ် ၊ စာချုပ်တွေ မှတ်ပုံ တင်ချင်ရင် ဘာတွေ လိုတယ် ၊ ဘယ်လို လုပ်ရတယ် ၊ ဘယ်လောက် ကုန်တယ် ၊ ဘယ်ရုံးသွားရတယ် ဆိုတာတွေ သိထားဖို့ လိုပါတယ် ၊ မှတ်ပုံတင် မယ်ဆိုရင် စာချုပ် စာတမ်း မှတ်ပုံတင် ရုံးကို သွားရတယ် ၊ အများ အခေါ် မြို့နယ် မြေစာရင်း ရုံးပေါ့ ။ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် မှာတော့ စာချုပ် စာတမ်း မှတ်ပုံတင် ရုံးပေါ့ ။ မှတ်ပုံ မတင် မနေရ စာချုပ် စာတမ်းနဲ့ မှတ်ပုံတင် လိုက တင်နိုင်တဲ့ စာချုပ် စာတမ်း များအတွက် သိရှိထား ရမည့် အချက်များ -
၁ ။ တန်ဖိုး ငွေကျပ် တစ်သိန်း နှင့်အထက် ရှိသည့် မရွှေ့ မပြောင်း နိုင်သော ပစ္စည်းများ ရောင်းချခြင်း ၊ ပေးကမ်းခြင်း ၊ ပေါင်နှံခြင်း ၊ တစ်နှစ် ထက်ပို၍ ငှားရမ်းခြင်း ၊ ဆိုင်ရာ ဆိုင်ခွင့် အကျိုး စီးပွား တစ်စုံတစ်ရာ ဖြစ်စေရေး အတွက် ကြေညာခြင်း ၊ လွှဲအပ်ခြင်း ၊ ကန့်သတ် ခြင်း ၊ စွန့်လွှတ် ခြင်းနှင့် ဖျက်သိမ်း ခြင်းတို့ကို ခိုင်မာ စေရန် ပြုလုပ် သည့် သေတမ်းစာ မဟုတ်သော စာချုပ် စာတမ်းများ ၊ ယင်း စာချုပ် စာတမ်း တို့နှင့် သက်ဆိုင်သည့် ပိုင်ဆိုင်ခွင့် အပေါ် တရားရုံးက ချမှတ်သည့် စီရင်ချက် ၊ ဒီကရီ ၊ အမိန့် ၊ သားသမီး မွေးစာခြင်း စာချုပ်နှင့် နိုင်ငံတော်က အခါ အားလျော်စွာ သတ်မှတ်သည့် စာချုပ် စာတမ်း များကို ဥပဒေ နှင့်အညီ တရားဝင် ခိုင်မာမှု ရရှိနိုင်ရန်အတွက် မှတ်ပုံတင် ရမည် ဖြစ်ပါသည် ။ ( ပုဒ်မ - ၁၆ )
၂ ။ အထက် အပိုဒ် ၃ ပါ စာချုပ် စာတမ်းများ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၁၆ အရ သတ်မှတ် ထားသည့် စာချုပ် စာတမ်း မှအပ အခြားစာချုပ် စာတမ်း များကို ကာယကံ ရှင်၏ သဘော ဆန္ဒအရ မှတ်ပုံတင်လိုက တင်နိုင်ပြီး ၊ မှတ်ပုံ မတင်ဘဲလည်း နေနိုင်ပါသည် ။ ( ပုဒ်မ -၁၇ )
၃ ။ စာချုပ် စာတမ်းများ မှတ်ပုံတင် လိုပါက ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော်တွင် မြို့တော် စာချုပ် စာတမ်း မှတ်ပုံတင်ရုံး ၊ ကျန်မြို့နယ် များတွင် သက်ဆိုင်ရာ လယ်ယာ မြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ( မြေ စာရင်း ) ရုံးရှိ မြို့နယ် စာချုပ် စာတမ်း မှတ်ပုံ တင်ရုံးသို့ သွားရောက် တင်ပြ ရပါမည် ။
၄ ။ စာချုပ် စာတမ်း မှတ်ပုံ တင်ရုံးသို့ လာရောက်ရန် အခက်အခဲ ရှိသည့် ကျန်းမာ ရေးချို့တဲ့ နေသူများ ၊ ကိုယ်အင်္ဂါ မသန်စွမ်း သူများ ၊ အကျဉ်းချ ထားခြင်း ခံနေရ သူများနှင့် တရားရုံးသို့ လာရောက်ခြင်းမှ တည်ဆဲ ဥပဒေ နှင့်အညီ ကင်းလွတ်ခွင့် ပြုထားသူများ အနေဖြင့် မိမိ နေထိုင်ရာ နေအိမ် ၊ ဆေးရုံ ၊ အကျဉ်းထောင် သို့ လာရောက်၍ စာချုပ် စာတမ်း မှတ်ပုံတင် ပေးရန် လျှောက်ထား နိုင်ပါသည် ။ ( ပုဒ်မ - ၃၆ ( က ) )
စာချုပ် မှတ်ပုံတင်ဖို့ ရုံးကို တင်ပြရာမှာ ပြည်စုံရမည့် အချက်များ -
( ၁ ) စာချုပ် စာတမ်းကို မြန်မာစာဖြင့် ရေးသား ထားရမည် ။ မြန်မာစာဖြင့် ရေးသား ထားခြင်း မဟုတ်လျှင် နိုတြီပဗ္ဗလစ်က မှန်ကန်ကြောင်း လက်မှတ် ရေးထိုး ထားသည့် မြန်မာ ဘာသာ ပြန်ဆိုချက် ပူးတွဲတင် ပြရမည် ။
ပုဒ်မ-၁၈ ( က ) နှင့် ( ခ )
( ၂ ) စာချုပ် ချုပ် ဆိုသူတို့က ပြည့်စုံစွာ ရေးသား လက်မှတ် ရေးထိုး ထားသော စာချုပ် စာတမ်းများ ဖြစ်ရမည် ။
ပုဒၼ -၁၈ ( ဂ )
( ၃ ) စာချုပ် စာတမ်းပါ ရေးသား ဖော်ပြ ချက်များကို ပြင်ဆင်ခြင်း ၊ ဖြည့် စွက်ခြင်း ၊ ချန်လှပ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်ထားလျှင် ယင်းသို့ ပြုလုပ် ထားသည့် နေရာ အသီးသီး၌ စာချုပ် ချုပ်ဆိုသည့် ပုဂ္ဂိုလ်တို့၏ လက်မှတ်တို သို့မဟုတ် လက်မှတ် ရှည်ကို ရေးထိုး ရမည် ။
ပုဒၼ - ၁၈ ( ဃ )
( ၄ ) မရွှေ့ မပြောင်း နိုင်သော ပစ္စည်းနှင့် သက်ဆိုင် သည့် စာချုပ် စာတမ်း ဖြစ်ပါက ယင်းပစ္စည်း၏ အမျိုးအစား ၊ ပုံသဏ္ဌာန် ၊ အရွယ် အစားနှင့် တည်နေရာ တို့ကို ရှင်းလင်းစွာ ဖော်ပြ ရမည့်အပြင် မရွှေ့ မပြောင်း နိုင်သော ပစ္စည်းသည် မြေဖြစ်ပါက မြေနှင့် စပ်လျဉ်း၍ သက်သေခံ နိုင်သော သက်ဆိုင်ရာ အစိုးရဌာန ၊ အစိုးရ အဖွဲ့ အစည်းက တစ်နှစ်အတွင်း တရားဝင် ထုတ်ပေး ထားသည့် သက်သေခံ မြေပုံ နှစ်ခုနှင့် မြေ ရာဇဝင် ပါရှိရမည် ( မြေ စာရင်း ပုံစံ ၁၀၅ / ၁၀၆ ) ။
ပုဒ္မ - ၂၀
( ၅ ) မည်သည့် စာချုပ် စာတမ်း ကိုမဆို မှတ်ပုံ တင်သည့် အခါ မြန်မာနိုင်ငံ တံဆိပ် ခေါင်း အက် ဥပဒေနှင့် အခြား တည်ဆဲ ဥပဒေ တစ်ရပ်ရပ် တို့အရ သတ်မှတ် ထားသည့် အခွန်တံဆိပ် ခေါင်းကို လုံလောက်စွာ ကပ်ထားပြီး ဖြစ်ရမည် ( အခွန် ဆောင်ပြီး ဖြစ်ရမည် )။
ပုဒၼ ၃၂ ( ဃ )
( ၆ ) နိုင်ငံခြား တွင် ချုပ်ဆိုသော စာချုပ် ဖြစ်ပါက သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာ့သံရုံး အရာရှိ ( သို့မဟုတ် ) ကောင်စစ် ဝန်၏ ရှေ့တွင် ချုပ်ဆိုမှု မှန်ကန် ကြောင်း ၊ ထောက်ခံချက် ၊ သံရုံး တံဆိပ် တို့ပါ ရှိရမည် ။ မြန်မာ ဘာသာဖြင့် ရေးသား ချုပ်ဆိုခြင်း မဟုတ်ပါက Notary Public ၏ ဘာသာ ပြန်ဆိုချက် တင်ပြရမည် ။
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...