အောင်သွယ်တော် မြှားနတ်မောင်/ မယ် များဖတ်ဖို့

အောင်သွယ်တော် မြှားနတ်မောင် / မယ် များဖတ်ဖို့
*************************************
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၈
****************************
# ဒီတခါ အောင်သွယ်တော် မြှားနတ်မောင်တွေအတွက် ဥပဒေ ဗဟုသုတလေး မျှဝေ ပေးသွားပါမည်။
# ယနေ့ ဖြစ်ပေါ်နေတဲ့ အိမ်ထောင်ရေး ပြစ်မှုတွေရဲ့ နောက်ကွယ်မှာ အိမ်ထောင်ရေး အောင်သွယ်တော် မြှားနတ်မောင် / မယ်တွေ
ရှိနေတတ်ပါတယ် ။ အောင်သွယ်တာကိုတော့ တကူးတက ရှင်းပြနေစရာ မလိုတော့ဘူး ထင်ပါတယ် ။
# ဒီနေရာမှာ လူပျို ၊ အပျို အသက် ပြည့်ပြီးသူတွေကို အောင်သွယ်တာကတော့ ပြဿနာ မရှိပေမယ့် အိမ်ထောင်ရှိ အမျိုးသမီးတွေကို အောင်သွယ်မိရင်တော့ ဒီဥပဒေပုဒ်မက ငြိမ်နေမယ် မထင်ဘူးဗျို့ ။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၈
***************************
# " မည်သူမဆို လင်ရှိမယားလည်း ဖြစ်၍ လင်ရှိမယား ဖြစ်ကြောင်း မိမိသိသည်လည်း ဖြစ်သော ၊ သို့တည်းမဟုတ် ထိုသို့ ဖြစ်ကြောင်း မိမိ ယုံကြည်ရန် အကြောင်းရှိသည်လည်း ဖြစ်သော မိန်းမတစ်ဦးကို တဦးတယောက်သောသူနှင့် မတရား ကာမစပ်ယှက်ခြင်း
ပြုစေရန် အကြံဖြင့် ထိုမိန်းမ၏ လင်ယောကျာ်းထံမှ ဖြစ်စေ ၊ ထိုလင်ယောကျာ်း၏ ကိုယ်စား ထိန်းသိမ်းစောင့်ရှောက်သူထံမှ
ဖြစ်စေ ဆောင်ယူသွားလျှင် ၊ သို့တည်းမဟုတ် ဖြားယောင်းခြင်း အားဖြင့် ထွက်သွားစေလျှင် ၊ သို့တည်းမဟုတ် ထိုအကြံဖြင့်
ထိုမိန်းမကို ဝှက်သိမ်းလျှင် ၊ သို့တည်းမဟုတ် တားဆီးလျှင် ထိုသူကို ခုနှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည် " လို့ ပြဋ္ဌာန်းထားပါသည် ။
# ဤသို့ ပြဋ္ဌာန်းထားသည့် အတွက် အိမ်ထောင်ရှိ မိန်းမတဦးကို အခြားသူ တစ်ဦးဦးနှင့် မတရား ကာမစပ်ယှက်ခြင်းကို ပြုစေရန် ဆောင်ယူခြင်း ၊ ဖြားယောင်းသွေး ဆောင်ခြင်းဖြင့် အောင်သွယ်မယ် ဆိုရင်တော့ ခုဖော်ပြတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၈ ကို ဖောက်ဖျက်ရာ ရောက်သည့်အတွက် နစ်နာသူ လင်ယောကျာ်းမှ ဤဥပဒေပုဒ်မ အရ တရားစွဲဆိုနိုင်သည့် အတွက် ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရနိုင်ပါသည် ။
# ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၈ နှင့် အကျုံးဝင်ဖို့အတွက် ဆိုရင်
၁ ။ အမျိုးသမီးသည် လင်ရှိမယား ဖြစ်ခြင်း ။
၂ ။ တရားခံသည် လင်ရှိမယား ဖြစ်ကြောင်း သိခြင်း ၊ ယုံကြည်ရန် အကြောင်း ရှိခြင်း ။
၃ ။ အမျိုးသမီးသည် လင်ယောကျာ်းထံ၌ ဖြစ်စေ ၊ လင်ယောကျာ်း ကိုယ်စား ထိန်းသိမ်းစောင့်ရှောက်သူထံ၌ ဖြစ်စေ နေထိုင်လျက်
ရှိခြင်း ။
၄ ။ တရားခံသည် အမျိုးသမီးအား ဆောင်ယူခြင်း ၊ ဖြားယောင်းခြင်း ၊ ထွက်စေခြင်း ၊ ဝှက်သိမ်း ခြင်း ၊ တားဆီးခြင်း တစ်ခုခု ပြုခြင်း ။
၅ ။ ထိုသို့ပြုခြင်းမှာ အမျိုးသမီးအား တဦးတယောက်သော သူနှင့် မတရား ကာမစပ်ယှက် စေရန် အကြံဖြင့် ဖြစ်ခြင်း ။
ဒီအချက်တွေနဲ့ အကျုံးဝင်ဖို့ လိုအပ်ပါတယ် ။
မှတ်ချက်
# ဤဥပဒေပုဒ်မအရ လင်ရှိမိန်းမက သဘောတူညီမှု ရှိသည် ၊ မရှိသည် ဆိုသော အချက်သည် ဤပုဒ်မကို ချိုးဖောက်ရာ၌ လိုအပ် သော အချက် မဟုတ်ပေ ။
# လင်ရှိမိန်းမ၏ သဘောတူညီမှု မရှိပဲ ဆောင်ယူခဲ့ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ ဖြင့် အကျုံး ဝင်မည်ဖြစ်သည် ။
#crd original. Writer
Credit ( ဥပဒေရေးရာ )
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...