အောင်သွယ်တော် မြှားနတ်မောင်/ မယ် များဖတ်ဖို့

အောင်သွယ်တော် မြှားနတ်မောင်/ မယ် များဖတ်ဖို့

အောင်သွယ်တော် မြှားနတ်မောင် / မယ် များဖတ်ဖို့

 

*************************************

 

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၈

 

****************************

 

#  ဒီတခါ အောင်သွယ်တော် မြှားနတ်မောင်တွေအတွက် ဥပဒေ ဗဟုသုတလေး မျှဝေ ပေးသွားပါမည်။

# ယနေ့  ဖြစ်ပေါ်နေတဲ့ အိမ်ထောင်ရေး ပြစ်မှုတွေရဲ့  နောက်ကွယ်မှာ အိမ်ထောင်ရေး အောင်သွယ်တော် မြှားနတ်မောင် / မယ်တွေ 

    ရှိနေတတ်ပါတယ် ။ အောင်သွယ်တာကိုတော့ တကူးတက ရှင်းပြနေစရာ မလိုတော့ဘူး ထင်ပါတယ် ။

#  ဒီနေရာမှာ လူပျို ၊ အပျို အသက် ပြည့်ပြီးသူတွေကို အောင်သွယ်တာကတော့ ပြဿနာ မရှိပေမယ့် အိမ်ထောင်ရှိ အမျိုးသမီးတွေကို      အောင်သွယ်မိရင်တော့ ဒီဥပဒေပုဒ်မက ငြိမ်နေမယ် မထင်ဘူးဗျို့  ။

 

 ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၈

 

***************************

 

# " မည်သူမဆို လင်ရှိမယားလည်း ဖြစ်၍ လင်ရှိမယား ဖြစ်ကြောင်း မိမိသိသည်လည်း ဖြစ်သော ၊ သို့တည်းမဟုတ် ထိုသို့ ဖြစ်ကြောင်း        မိမိ ယုံကြည်ရန် အကြောင်းရှိသည်လည်း ဖြစ်သော မိန်းမတစ်ဦးကို တဦးတယောက်သောသူနှင့် မတရား ကာမစပ်ယှက်ခြင်း 

       ပြုစေရန် အကြံဖြင့် ထိုမိန်းမ၏ လင်ယောကျာ်းထံမှ ဖြစ်စေ ၊ ထိုလင်ယောကျာ်း၏ ကိုယ်စား ထိန်းသိမ်းစောင့်ရှောက်သူထံမှ 

       ဖြစ်စေ ဆောင်ယူသွားလျှင် ၊ သို့တည်းမဟုတ် ဖြားယောင်းခြင်း အားဖြင့် ထွက်သွားစေလျှင် ၊ သို့တည်းမဟုတ် ထိုအကြံဖြင့် 

       ထိုမိန်းမကို ဝှက်သိမ်းလျှင် ၊ သို့တည်းမဟုတ် တားဆီးလျှင် ထိုသူကို ခုနှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ၊ ငွေဒဏ် ဖြစ်စေ၊        ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည် " လို့  ပြဋ္ဌာန်းထားပါသည် ။

 

#   ဤသို့ ပြဋ္ဌာန်းထားသည့် အတွက် အိမ်ထောင်ရှိ မိန်းမတဦးကို အခြားသူ တစ်ဦးဦးနှင့် မတရား ကာမစပ်ယှက်ခြင်းကို ပြုစေရန်              ဆောင်ယူခြင်း ၊ ဖြားယောင်းသွေး ဆောင်ခြင်းဖြင့် အောင်သွယ်မယ် ဆိုရင်တော့ ခုဖော်ပြတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၈ ကို              ဖောက်ဖျက်ရာ ရောက်သည့်အတွက် နစ်နာသူ လင်ယောကျာ်းမှ ဤဥပဒေပုဒ်မ အရ တရားစွဲဆိုနိုင်သည့် အတွက် ပြစ်မှု ထင်ရှား           စီရင်ခြင်း ခံရနိုင်ပါသည် ။

 

#  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၈ နှင့် အကျုံးဝင်ဖို့အတွက် ဆိုရင်

 

၁ ။  အမျိုးသမီးသည် လင်ရှိမယား ဖြစ်ခြင်း ။

၂ ။  တရားခံသည် လင်ရှိမယား ဖြစ်ကြောင်း သိခြင်း ၊ ယုံကြည်ရန် အကြောင်း ရှိခြင်း ။

၃ ။ အမျိုးသမီးသည် လင်ယောကျာ်းထံ၌ ဖြစ်စေ ၊ လင်ယောကျာ်း ကိုယ်စား ထိန်းသိမ်းစောင့်ရှောက်သူထံ၌ ဖြစ်စေ နေထိုင်လျက်

      ရှိခြင်း ။

၄ ။ တရားခံသည် အမျိုးသမီးအား ဆောင်ယူခြင်း ၊ ဖြားယောင်းခြင်း ၊ ထွက်စေခြင်း ၊ ဝှက်သိမ်း ခြင်း ၊ တားဆီးခြင်း တစ်ခုခု ပြုခြင်း ။

၅ ။  ထိုသို့ပြုခြင်းမှာ အမျိုးသမီးအား တဦးတယောက်သော သူနှင့် မတရား ကာမစပ်ယှက် စေရန် အကြံဖြင့် ဖြစ်ခြင်း ။

        ဒီအချက်တွေနဲ့ အကျုံးဝင်ဖို့ လိုအပ်ပါတယ် ။

 

     မှတ်ချက်

#    ဤဥပဒေပုဒ်မအရ လင်ရှိမိန်းမက သဘောတူညီမှု ရှိသည် ၊ မရှိသည် ဆိုသော အချက်သည် ဤပုဒ်မကို ချိုးဖောက်ရာ၌ လိုအပ်            သော အချက် မဟုတ်ပေ ။

#  လင်ရှိမိန်းမ၏ သဘောတူညီမှု မရှိပဲ ဆောင်ယူခဲ့ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ ဖြင့် အကျုံး ဝင်မည်ဖြစ်သည် ။

 

#crd original. Writer

Credit (   ဥပဒေရေးရာ )

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate