မေး – မယား ဖြစ်သူက နောက် တယောက် နဲ့ ဖောက်ပြန် ပြီး ထွက်ပြေး သွားပါတယ် ။ ဒီလို ဖြစ်စဉ် ကြောင့် နှစ်ဦး စလုံး လင်ခန်း မယားခန်း အလိုလို ကွာရှင်း ပြီးသား ဖြစ်ပါ သလား။

မေး – မယား ဖြစ်သူက နောက် တယောက် နဲ့ ဖောက်ပြန် ပြီး ထွက်ပြေး သွားပါတယ် ။ ဒီလို ဖြစ်စဉ် ကြောင့် နှစ်ဦး စလုံး လင်ခန်း မယားခန်း အလိုလို ကွာရှင်း ပြီးသား ဖြစ်ပါ သလား။

မေး

          မယား ဖြစ်သူ က နောက် တယောက်နဲ့ ဖောက်ပြန် ပြီး ထွက်ပြေး သွားပါတယ် ။ ဒီလို ဖြစ်စဉ် ကြောင့် နှစ်ဦး စလုံး လင်ခန်း မယားခန်း အလိုလို ကွာရှင်း ပြီးသား ဖြစ်ပါ သလား ။  ဇနီးဟောင်း ဖြစ် သူက နှစ်ဦး ပိုင် ပစ္စည်းတွေ ကို ခွဲဝေဖို့ တောင်း ဆိုခွင့် ၊ သားသမီး အုပ်ထိန်း ခွင့်တွေ ရှိပါ သလား ။


ဖြေ –  

         အများ အားဖြင့် လူတွေက ထင်ကြ တာက မယားက နောက် ယောကျာ်း တယောက် နဲ့ လိုက်ပြေး သွားပြီ ဆိုရင် လင်ခန်း မယားခန်း အလိုလို ပြတ်စဲ သွားပြီ လို့ထင် ကြတယ် ။ အမှန် တော့ မဟုတ် ပါဘူး ။ အဲဒါက လင်ယောကျာ်းက ဖြတ်မှ ပဲရ မှာပါ ။ သူက လင်မယား ကွာရှင်း ပေးစေ လိုမှု လျှောက်ရ တယ် ။  မလျှောက်ဘဲ ထားရင် တည်မြဲ ခိုင်မာ တဲ့ အိမ်ထောင်ရေး ဖြစ်နေ တုန်းပဲ ။ ဒါကြောင့် တလင် တမယား ကျင့်သုံး ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ -၁၃ မှာ  ဖောက်ဖျက် တာကို တလင် တမယား ကျင့်သုံး ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ -၁၄ အရ တရားရုံး မှာ ကွာလိုမှု လျှောက် ရတယ် ။


          နောက်ပြီး ပုဒ်မ ၁၅ မှာက ကွာလို မှုရတယ် ဆိုရင် ဖောက်ပြန် တဲ့ ဇနီးမယား အနေနဲ့ အမွေ အခွင့် အရေး အားလုံး ဆုံးရှုံးတယ်လို့ ပါတယ် ။ ဒါကြောင့် အဲဒါကို ဖော်ပြ ပြီးတော့ ကွာလိုမှု လျှောက်တဲ့ နေရာမှာ အဆင့်ဆင့် တွေကို တင်ပြ ပြီးတော့ လျှောက်ထား နိုင်တယ် ။ ကွာလိုမှု ရတဲ့ အခါ မှာလည်း ဖောက်ပြန် တဲ့ ဇနီးမယား က အမွေ ဆက်ခံခွင့် ဘာမှ မရပါဘူး ။ ဆုံးရှုံး ပါတယ် ။  သားသမီးထိန်းသိမ်း ရေးနဲ့ ပတ်သက်ရင် ဖောက်ပြန် တဲ့သူက အုပ်ထိန်းခွင့် လျှောက် ရင်တော့ အင်မတန် အခွင့် အရေး နည်းပါတယ် ။ သူမှာ က စာရိတ္တ ချို့ယွင်း ထားတာ ရှိနေတာ ကြောင့် မိခင် အနေနဲ့ လျှောက်ရင် အခွင့်အရေး ဆုံးရှုံးနိုင် တယ်လို့ ဖြေကြား ချင် ပါတယ် ။

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate