ကျွန်တော့် အမျိုးသမီးက လက်ထပ်ပြီး ငါးရက် အကြာမှာ ရှိတဲ့ငွေ ဆယ်သိန်းယူပြီး သူ့ရွာကို ပြန်သွားပါ တယ် ။ ပြန်မလာတာ တစ်နှစ်ခွဲ ကျော်သွားပါပြီ ။

ကျွန်တော့် အမျိုးသမီးက လက်ထပ်ပြီး ငါးရက် အကြာမှာ ရှိတဲ့ငွေ ဆယ်သိန်းယူပြီး သူ့ရွာကို ပြန်သွားပါ တယ် ။ ပြန်မလာတာ တစ်နှစ်ခွဲကျော် သွားပါပြီ ။ သူ့ရွာမှာ သွားပြန် ခေါ်တော့လည်း သူ့မိဘတွေက ပြန်မထည့်ပါဘူး ။ ပြန်မပေါင်းရင် ကွာရှင်းခွင့် ပေးပါလို့ ပြောတော့လည်း နစ်နာကြေး ထပ်တောင်း နေပါတယ် ။ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာသိ လိုပါတယ် ။
==========================
ဒီမေးခွန်းရဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ဒီခင်ပွန်းသည် လုပ်သူက နှင်တာကို မတွေ့ရဘူး ။ သူ့သဘောအရ အကြောင်းမဲ့ ပြန်သွားတယ် လို့ပဲ ကျွန်တော်တို့က ဒီမေးခွန်းအရ သတ်မှတ်ရပါမယ် ။ ဒါကြောင့်မို့ ဒီလို နှင်ထုတ်တာ လဲ မဟုတ်ဘူး ။ တစ်နှစ်ခွဲ ကျော်လည်း ကြာသွားပြီ ၊ မိဘတွေ ကလည်း ပြန်မထည့်ဘူး ဆိုတဲ့အပိုင်းမှာ ဆိုရင် ဒီမိန်းကလေးကို မိဘတွေက ပြန်မလိုက်နိုင်အောင် သွေးဆောင် ထားသလား ဆိုတာလည်း ကျွန်တော်တို့က ပြန်ကြည့် ရပါမယ် ။ အဲ့တော့ ဇနီးသည်က အကြောင်းမဲ့ ပြန်မလိုက်ဘူး ဆိုတဲ့ အကြောင်းတွေ ကိုလည်း ခင်ပွန်း သည်ယောကျာ်းက မသိရှိတဲ့ အတွက်ကြောင့်မို့ သူနဲ့ပြန်ပေါင်း လိုတယ်ဆိုရင် ဇနီးဖြစ်သူကို တရားရုံးကနေပြီးတော့ မယားခေါ်လိုမှုနဲ့ တရားစွဲလို့ရပါတယ်။
မယားခေါ်လိုမှုက ကျွန်တော်တို့ တရားမကြီး အမှုနဲ့လည်း စွဲလို့ရပါတယ် ။
ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ( ၄၈၈ )အရ မယားကနေပြီးတော့ စားစရိတ် တောင်းခံခွင့် ရှိသော်လည်းပဲ သူ့သဘော အလျှောက် ထွက်သွားတာ ။ အဲဒီတော့ ယောကျာ်းက မယားခေါ်လိုမှုမှာ အနိုင်ရရှိ သွားမယ်ဆိုရင် စားစရိတ် တောင်းဖို့တောင် တော်တော် ခက်ခဲ သွားပါလိမ့်မယ်။
လင်ကနေပြီး လင်မသိအောင် အကြောင်းမဲ့ ထွက်ခွာ သွားတယ် ။ အဲဒီတော့ လင်က နေပြီး တရားစွဲမယ်ဆိုရင် လင်ကဒီကေ့စ်ကို အနိုင်ရှိသွားပြီး မယားက အနိုင်ရရှိ ပေးမယ့်လည်း ဆက်ပြီး ငြင်းဆန်နေမယ်ဆိုရင် စောစောက ပြောသလိုပဲ စားစရိတ်တွေ ဘာတွေ တောင်းခံခွင့်လည်း ထပ်မံတောင်းခံ ခွင့်မရှိတော့ဘူး ။ မယား စရိတ် မဟုတ်ဘူးနော်… စားစရိတ်ပါ တောင်းခွင့် မရှိတော့ဘူး ဆိုတဲ့အကြောင်းကို ” မထားနဲ့ အေးမောင် အေ အိုင် အာ ၊ ၁၉၃၁ ၊ ရန်ကုန် စာမျက်နှာ ၁၁၁ ” မှာ အတိအလင်း ထုံးပြုထား တာရှိပါတယ် ။ ဒါကြောင့် မို့လို့ နစ်နာကြေး အနေနဲ့လဲ တောင်းခံခွင့် မရှိပါဘူးလို့ ဖြေကြား ချင်ပါတယ် ။
Credit - ဥပဒေရေးရာ
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...