မြေဝယ် ယူတော့မယ် ဆိုရင် အဓိက အရေးကြီးဆုံး အချက်က ရောင်းမှား ၊ ဝယ်မှား မဖြစ်ကြ ဖို့ပါ ။

မြေဝယ် ယူတော့မယ် ဆိုရင် အဓိက အရေးကြီးဆုံး အချက်က ရောင်းမှား ၊ ဝယ်မှား မဖြစ်ကြ ဖို့ပါ ။ ဒါကြောင့် မြေ ဝယ်ယူတော့မယ့် ပိုင်ရှင်တွေ အနေနဲ့ အဘက်ဘက် ကနေ စုံစမ်း စစ်ဆေးပြီးမှ ဝယ်ကြဖို့ အလွန် အရေးကြီး ပါတယ် ။ ��ယေဘုယျ အားဖြင့် အောက်မှာ ဖော်ပြ ပေးထားတဲ့ အချက်အလက် တွေကို လိုက်နာ ကြမယ် ဆိုရင်တော့ ရောင်းမှား ၊ ဝယ်မှား မဖြစ်ပဲ သောက ကင်းကင်းနဲ့ မြေယာတွေကို ပိုင်ဆိုင်နိုင် ကြမယ်လို့ ယုံကြည် မိပါတယ် ��
၁ ။ မြေပိုင်ဆိုင်မှု အမျိုးအစား ခွဲခြားခြင်း �� မြေပိုင် ဆိုင်မှုကို အမျိုးအစား ခွဲပြရရင်တော့ လယ်မြေ ၊ ဥယျာဉ် ခြံမြေ ၊ ဂရန်မြေ ၊ ရွာမြေ ၊ ဘိုးဘွား ပိုင်မြေ ဆိုပြီး အမျိုးအစား များစွာ ရှိတာကို တွေ့ရပါတယ် ။ ဒီလို မြေပိုင်ဆိုင်မှု အမျိုးအစားကို ခွဲခြားပြီး ကိုယ်ဝယ်ယူမယ့် မြေရဲ့ ဂရန် စစ် ၊ မစစ်ကိုလည်း သေချာစွာ စူးစမ်း လေ့လာဖို့ လိုအပ် ပါတယ် ။ မြေ အမျိုးအစားနဲ့ နေရာ ဒေသပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားချက် တွေရှိ နေတာကြောင့် မိမိကိုယ်တိုင် သေချာ စုံစမ်းပြီးမှ ဝယ်သင့် ပါတယ် ။
၂ ။ ကိုယ်ဝယ် ယူမယ့် မြေပေါက် ဈေးကို သိရန်လို အပ်ခြင်း ။ � မြေဈေးကို တစ်ခါတည်း စုံစမ်းပြီး တစ်ခါတည်း တန်းဝယ်တာမျိုးမဟုတ်ပဲ နေရာ ပေါင်းစုံ ၊ ထောင့်ပေါင်းစုံ ကနေ စုံစမ်းစစ် ဆေးသင့် ပါတယ် ။
၃ ။ အထောက် အထား မှန်ကန်မှု ရှိ မရှိ မှန်ကန်စွာ စစ်ဆေးခြင်း � မြေယာ ဝယ်ယူတယ် ဆိုတာ ငွေကြေး သိန်းဂဏန်းနဲ့ အထက်သုံးရတာကြောင့် အလွန် သတိထားပြီး ဝယ်ယူနိုင်မှ တော်နိုင်မှာပါ ။ ဒါကြောင့် မြေပိုင်ဆိုင်မှု အထောက် အထား အမှန်ကန်မှု ရှိ ၊ မရှိ စစ်ဆေး တတ်ဖို့ လိုအပ်ပါတယ် ။ တကယ်လို့သာ အထောက်အထား မမှန်တာမျိုး ဆိုရင် သုံးလိုက်တဲ့ ငွေကြေး ဆုံးရှူံး နစ်နာမှုအပြင် တရားရုံးမှာ အမှုဖွင့်ပြီး အမှုရင်ဆိုင် ရနိုင် တာကြောင့် ဒီအချက်က အရေးကြီး ပါတယ် ။
၄ ။ ပိုင်ဆိုင်မှု ခိုင်မာစွာ စာချုပ် ချုပ်ဆိုခြင်း � မြေပိုင်ဆိုင်မှုလည်း ခွဲခြားသိပြီ ၊ အထောက် အထားမှန် မမှန်လည်း စစ်ဆေးပြီးတဲ့နောက်မှာ မြေယာပိုင်ဆိုင် ကြောင်းစာချုပ်ကို ခိုင်မာစွာ စာချုပ်ဆိုနိုင်ဖို့ အရေးကြီး ပြန်ပါတယ် ။ ငွေချေပြီးမှ စာချုပ် ခိုင်မာစွာ မချုပ်နိုင်လို့ အမှုအခင်း ဖြစ်တာမျိုး ကိုလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မကြာခဏ ကြားသိ နေရပါတယ် ။ � ဒါကြောင့် စာချုပ် ချုပ် ဆိုတဲ့ နေရာမှာ တတ်ကျွမ်း နားလည်သူ များဆီ မေးမြန်း၍ သော်လည်းကောင်း ၊ ရှေ့နေ့ ရှေ့မှောက်မှာ စာချုပ် ချုပ်ဆို၍ သော်လည်းကောင်းချုပ်ဆို သင့်တဲ့အပြင် စာချုပ် အရေးအသားကို လည်း ဂျက်ကျ လက်ကျ ပိုင်ပိုင်နိုင်နိုင် ချုပ်ဆိုတတ်ဖို့ အလွန် အရေးကြီး ပါတယ် ။�ဒီနေရာမှာ အချက် အလက်နဲ့ ငွေပေးချေမှု အဆင့်ဆင့် ရက်စွဲတွေကို တိတိကျကျ ထည့်သွင်း ရေးသွင်း ရပါမယ် ။ ငွေပေးချေမှု အဆင့်တိုင်းမှာလဲ မည်မျှ ရာခိုင်နှုန်း ပေးပြီးပါက ဝယ်ယူတဲ့ ပိုင်ဆိုင်မှု ပစ္စည်းရဲ့ မူရင်း အချို့လက်ဝယ်ကို ရရှိနိုင်ဖို့ ထည့်သွင်း ချုပ်ဆိုနိုင်ရန် ရေးဖို့ အရေးကြီး ပါတယ် ။
၅ ။ ဝယ်ယူ ထားသော မြေနဲ့ ပတ်သက်ပြီး သတင်းစာမှာ ကန့်ကွက် နိုင်ကြောင်း ထည့်သွင်း ရေးသားခြင်း � ဒီအဆင့် ကိုတော့ အလုပ်ရှုပ် တယ်လို့ မမြင်စေပဲ မိမိ ဝယ်ယူထားတဲ့ မြေနဲ့ ပတ်သက်ပြီး သတင်းစာမှာ ကန့်ကွက် နိုင်ကြောင်း ထည့်သွင်း ရေးသား သင့်ကြောင်း အကြံပြု လိုပါတယ် ။ ဒါမှသာ " အခုရှုပ်မှ နောင်ရှင်း " ဆိုတဲ့ အတိုင်း စိတ်သောက ကင်းကင်းနဲ့ အရှုပ်အရှင်း ကင်းတဲ့ မြေကို ပိုင်ဆိုင် နိုင်မှာ ဖြစ်ပါတယ် ။
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...