ပုံစံ (၇) ရှိတဲ့လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ယူမိလို့ အရှုပ်အရှင်း ပြဿနာဖြစ်ကြတဲ့အခါ ဝယ်ယူမိသူ အမှုရှုံးပါတယ်။
ပုံစံ (၇) ရှိတဲ့ လယ်ယာမြေကို အရပ်စာချုပ်နဲ့
ဝယ်ယူမိလို့ အရှုပ်အရှင်း ပြဿနာဖြစ်ကြတဲ့အခါ
ဝယ်ယူမိသူ အမှု ရှုံးပါတယ် ။
ဒီအမှုမှာ တရားရုံး ဆုံးဖြတ်ထားတာက
လယ်ယာမြေပုံစံ ၇ ၊ မြေမျိုးမှာ (ဥယျာဉ်မြေ) ဖြစ်၍
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃(က) အရ
လယ်ယာမြေ ဖြစ်ကြောင်း သတ်မှတ်ရပေမည် ။
တရားလို၏ ထွက်ဆိုချက်၌လည်း အခင်းဖြစ်
မြေကွက်ကို ငွေကျပ်သိန်း ( ၂၆၀ ) ဖြင့်
ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည် ။
ကျန်တရားလိုပြ သက်သေထွက်ဆိုချက်များ၌လည်း
တရားလို၏ ထွက်ဆိုချက်ကို ထောက်ခံ
ထွက်ဆိုထားကြောင်း တွေ့ရှိရသည် ။
ထို့အတူ တရားလို လက်ဝယ်ရှိ လယ်ယာမြေပုံစံ (၇)
မှာ တရားလို၏ အမည်သို့ ပြောင်းလဲမရသည့် အပြင်
စာချုပ်ပါ ခြံ မြေ ဝယ်ယူခဲ့သည့် နေ့မှစ၍ လက်ရောက်
ရယူနိုင်ခဲ့ခြင်း မရှိကြောင်း တရားလို၏ ထွက်ဆိုချက်၌ပင်
ပေါ်ပေါက်နေသည် ။
လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ ( ဂ ) တွင် လယ်ယာမြေ လုပ်ပိုင်ခွင့်
ကို ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ ငှားရမ်းခြင်း ၊ လဲလှယ်ခြင်းနှင့်
ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့် အခါ
ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန် နှင့်
စာချုပ်စာတမ်း မှတ်ပုံတင်ခ တို့ကို ပေးဆောင်၍
သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဟု
ပြဌာန်းထားသည် ။
နှစ်ဦးသဘောတူ ခြံ မြေ အရောင်းအဝယ် ကတိစာချုပ်မှာ
အရပ်စာချုပ် အဖြစ် တည်ရှိနေကြောင်း တွေ့ရှိရသည် ။
တရားလိုသည် တရားပြိုင်နှင့် စာချုပ်ချုပ်ဆိုစဉ်
လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ ( ဂ ) ကို ဆန့်ကျင်၍
ချုပ်ဆိုခဲ့ကြောင်း သတ်မှတ်ရပေမည် ။
တရားလိုသည် တရားပြိုင်ထံမှ လယ်ယာမြေပုံစံ ( ၇ )
ကို သက်ဆိုင်ရာဦးစီးဌာနတွင် မှတ်ပုံတင်ကြေး
ပေးဆောင်၍ မှတ်ပုံတင်ပြီး လယ်ယာမြေ
လုပ်ပိုင်ခွင့်ပြု လက်မှတ်ရယူမှု မရှိခြင်းတို့ကြောင့်
တရားလိုသည် ပဋိညာဉ် အက်ဥပဒေပုဒ်မ ၂၃ တွင်
ပြဌာန်းထားသည့် တရားဥပဒေဖြင့် တားမြစ်ထားသည့်
အချက်ကို ချိုးဖောက်၍ အရပ်စာချုပ်ကို ပြုလုပ်ခဲ့သည်
ဟု သုံးသပ်ရပေမည် ။
သို့ဖြစ်၍ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပုဒ်မ ၉ ( ခ )
အရ လယ်ယာမြေ လုပ်ပိုင်ခွင့်ကိုသာ ရောင်းချခွင့်ရှိပြီး
အရပ်ကတိစာချုပ် သည် လယ်ယာမြေကို ဥပဒေ
နည်းလမ်းတကျ ရောင်းချခြင်း မဟုတ်သဖြင့်
မူလကပင် တရားမဝင် ပျက်ပြယ်နေသောကြောင့်
တရားလိုသည် ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှုကို
တရားစွဲဆိုနိုင်ခွင့် မရှိဟု ဆုံးဖြတ်သည်....တဲ့ ။
ဒါကြောင့် မြေဝယ်ရင် ဥပဒေနဲ့အညီ ဝယ်ယူကြဖို့
အသိပေး တင်ပြရင်း.... ။
ရေးသားသူ ဆရာမျိုးမင်းထွန်း ကူးယူဖော်ပြပါသည် ။
#Crd to owner
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...