စလစ်မြေ အကြောင်း
ဒီနေ့တောင်ဒဂုံမှာ စာချုပ်ချုပ်ပေးခဲ့ပါတယ်။
မြေကတော့ စလစ်မြေ ပါ။
စလစ်မြေ အကြောင်း
ဗဟုသုတရရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။
ယနေ့ခေတ်မှာ ဂရန်မြေ က စျေးများတာရယ် အမည်ပြောင်း
ဝယ်ခွန်ဆောင်ရတာရယ်ကြောင့် အချို့က စလစ်မြေ ကို
ရွေးချယ် ဝယ်ယူကြတာတွေ လည်း ရှိကြပါတယ်။
စလစ်မြေ ဆိုတာ တိုးချဲ့ မြို့မြေ , လယ်ယာမြေ အစား
အစားထိုးချပေးတဲ့မြေ နဲ့ မြို့နယ် မြေစာရင်းက စလစ် ထုတ်ပေးပြီး
အမည်ပေါက်နေထိုင်ခိုင်းတဲ့ မြေ ပဲဖြစ်ပါတယ်.. မြေပြေစာ ထွက်ပါတယ်။
အရွယ်အစားကတော့ လက်ဖဝါးအရွယ် ဝါကျင့်ကျင့်အရောင်ပါ။
အဲ့ဒီ စလစ်စာရွက်နောက်ကျောမှာ မြေကွက်ချထားပေးတဲ့ဌာန ၊
ဥပမာ - မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ရုံးအမည် တံဆိပ်အဝိုင်း နှင့် တာဝန်ခံအရာရှိ ရဲ့ လက်မှတ် ပါရှိပါတယ်။
(အောက်တွင်ဖော်ပြပေးထားပါတယ်။)
စလစ်မြေမဝယ်ခင် စလစ်မှာပါတဲ့ အမည် ပေါက် မည်သူ မည်ဝါ နဲ့
ရောင်းသူနဲ့ မည်သို့တော်စပ်သလဲ...သို့မဟုတ်
စပ်ဆက်စာချုပ် အဆက်ဆက် နဲ့ မြေရာဇဝင် ကို သိဖို့လိုပါတယ်။
စလစ်ဟောင်းများ ၊ မိတ္တူကူးထား သော စလစ်များနှင့်
စလစ် အမည်ပေါက်သူ မဟုတ်ဘဲ
တစ်ဆင့်ခံရောင်းချခြင်းများ ရှိနေသောကြောင့်
နစ်နာမှုမရှိစေရန် ပိုင်ဆိုင်မှုအထောက်အထား ၊
စာရွက်စာတမ်းများကို သေချာစိစစ် ဝယ်ယူသင့်ပါတယ်။
စလစ်သည် အတု ဟုတ် ၊ မဟုတ် သက်ဆိုင်ရာ မြေစာရင်းမှာ စစ်ဖို့လိုသလို
ရောင်းသူ လက်ရောက်ပိုင်ဆိုင်ခြင်း ရှိ ၊ မရှိ သွားစစ်ဆေးဖို့လည်း လိုပါတယ်..
စလစ်မြေ ကို လွှဲပြောင်းရောင်းချသည့်အခါမှာ စာချုပ်စာတမ်း
မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခွင့် မရပါ ၊
အရပ်စာချုပ် (အရောင်းအ၀ယ်ကတိစာချုပ်) ဖြင့်သာ
ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။
စလစ်မြေကို အမည်တိုက်ရိုက် ပြောင်းလို့မရပါ ပါမစ်မြေ ၊ ဂရမ်မြေ စသည့်
မြေအမျိုးမျိုးကို အရင်လျှောက်ထားရပါတယ်၊ အရောင်းအ၀ယ်စာချုပ်မှုရင်း နဲ့
စလစ်မှုရင်း ကိုယူပြီး မြေပေးအမိန့် သက်ဆိုင်ရာ မြေစီမံခန့်ခွဲရေးဌာနမှာ
အရင်သွားရောက်လျှောက်ရပါတယ် ထို့မှတဆင့် ပါမစ်မြေ ၊ ဂရမ်မြေ အဖြစ်
အဆင့်ဆင့်ထပ်လျှောက်ထားနိုင်ပါတယ်။
စာချုပ် ချုပ်တဲ့အခါ မြေတိုင်း ပြီး သေချာ ချုပ်ပါ ဖော်ပြလိုက်ပါတယ်
Crd: ဥပဒေရေးရာ
Related Posts
GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...
ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...
“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...