အိမ်ဌားရှိတဲ့ အိမ်ကိုဝယ်မိရင် အဲ့ဒီအိမ်ဌားရဲ့ ပြုမူဆောင်ရွက်ချက်ဟာ အိမ်ဝယ်သူအပေါ်ကို အကျိုးသက်ရောက်နိုင်သလား
ယခုကာလမှာ တရားရုံးကဖြစ်စေ ချိတ်ပိတ်ခံထားရသော
ဥပဒေ နှင့်မလွတ်ကင်းသည့် ပြစ်မှုတစ်ခုခုနှင့် ပတ်သတ်နေသည့်
အိမ်နှင့်မြေ တိုက်ခန်းကိုမဝယ်မိစေဖို့အရေးကြီးပါတယ်။
ဒါကြောင့်ဒီပို့စ်ကို ရေးသားလိုက်ပါတယ်။
အိမ်ဌားရှိတဲ့ အိမ်ကိုဝယ်မိရင် အဲ့ဒီအိမ်ဌားရဲ့ ပြုမူဆောင်ရွက်ချက်ဟာ
အိမ်ဝယ်သူအပေါ်ကို အကျိုးသက်ရောက်နိုင်သလား
အိမ်ဌားရဲ့ဆောင်ရွက်မှုဟာ အဲ့ဒီအိမ်ဌားရဲ့ အပေါ်မှာဘဲတာဝန်ရှိပါတယ်
အိမ်ဝယ်သူအပေါ်မှာတာဝန်မရှိပါ။
သို့သော် အိမ်ဌားသက်တမ်းမကုန်မီ အဲ့ဒီအိမ်ကိုလွှဲပြောင်းဝယ်ယူသူဟာ
အိမ်ရှင်ဖြစ်လာတဲ့အခါ အိမ်ဌား မကောင်းမှုလုပ်ရင်အိမ်ရှင်မှာတာဝန်ရှိပါတယ်။
ဌားထားတဲ့အိမ်မှာ ဥပဒေ နဲ့မလွတ်ကင်းတဲ့ကိစွတွေလုပ်ရင်အိမ်ရှင်မှာ တာဝန်ရှိသလား
ဥပဒေ နဲ့မလွတ်ကင်းတဲ့ကိစ္စရပ်တွေကို အိမ်ဌားနေသူက ပြုလုပ်နေကြောင်း
အိမ်ရှင်က သိလျက်နှင့် ဆက်လက်နေထိုင်ခွင့်ပြုရင် အိမ်ရှင်မှာ လည်းတာဝန်ရှိမှာဖြစ်ပါတယ်။
( ယခုတော့ အိမ်ရှင်သိသိမသိသိ ဧည့်စာရင်းမတိုင်ရင် အဆိုပါအိမ်ကို
ပြည်သူ့ပိုင်သိမ်းမယ်လို့ အမိန့်ထုတ်ထားပါတယ်။ )
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေမှာ အဌားချထားသူနဲ့ ဌားယူသူတို့ရဲ့
အခွင့်အရေးတာဝန်တွေကို ပြဌာန်းထားပါတယ်။
အိမ်ဌားဖြစ်သူက ဥပဒေနှင့်မလွတ်ကင်းသည့် ကိစ္စရပ်ကို ဌားရမ်းထားတဲ့နေအိမ်မှာဘဲ
ပြုလုပ်ကြောင်း သံသယရှိရင် အိမ်ရှင်က အဆောက်အအုံအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ရှိတယ်။
အမှန်တကယ် အိမ်ဌားဖြစ်သူက ဌားရမ်းနေထိုင်တဲ့နေအိမ်မှာ
ဥပဒေ နဲ့မလွတ်ကင်းသည့် ကိစွရပ်တစ်ခုခုပြုလုပ်ကြောင်း အိမ်ရှင်သိရင်
အိမ်ရှင် /အိမ်ဌား အဖြစ်ရပ်စဲပီး နေအိမ်မှနှင်ချလိုက်သည်အထိလုပ်ပိုင်ခွင့်ရှိပါတယ်။
အိမ်ဌားအနေဖြင့် အဆိုပါအိမ်၌ မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့်
ကျော်ဇောသတင်းကြောင့် အဖမ်းခံရသည့်အခါ သက်ဆိုင်ရာက
အရောင်းဝယ်ပြုလုပ်သည့် အဆောက်အအုံကို လိုအပ်လျှင်ချိတ်ပိတ်ထားနိုင်ပါတယ်။
နစ်နာသူက ချိတ်ပိတ်ထားတဲ့ အဆောက်အအုံနဲ့ပတ်သတ်ပြီး
ခိုင်လုံတဲ့ အထောက်အထားတင်ပြနိုင်ရင် အမှုအတောအတွင်းမှာ ခံဝန်နဲ့ ချိတ်ပိတ်ထားတဲ့
ပစွည်းကိုပြန်လည်ပေးအပ်နိုင်တယ်လို့ပြဌာန်းထားပါတယ်။
ဒါ့ကြာင့် အိမ်ပိုင်ရှင်က မိမိပိုင်ဆိုင်ကြောင်းအထောက်အထားခိုင်ခိုင်လုံလုံနဲ့
ပြသရမည့်အပြင် အိမ်ဌား ( ပြစ်မှုကျူးလွန်သူ ) နှင့် လုံးဝမသက်ဆိုင်ကြောင်းခိုင်လုံတဲ့
အထောက်အထားပြဖို့လိုပါတယ်။
အမှုစစ်ဆေးနေတဲ့ ကာလအတွင်းမှာ အဆောက်အအုံကို ရောင်းချ၊လွှဲပြောင်း ၊ ဌားရမ်း ၊
တစ်ပါးသူအား နေထိုင်ခွင့်မပြုရလို့ နည်းဥပဒေပုဒ်မ ၂၆ မှာ ပြဌာန်းထားတဲ့အတွက်
တရားရုံးက ပိုင်ရှင်အား ပြန်ပေးစေလို့ ရှင်းလင်းစွာ အမိန့်မချမီ
စပ်ကြားလွှဲပြောင်းရောင်းချလို့မရဘဲ ရပ်ဆိုင်းထားရမှာဖြစ်ပါတယ်
.ဒါ့ကြောင့်အဆောက်အအုံကိုဝယ်မယ်ဆိုရင် သေချာစုံစမ်းပြီးမှဝယ်သင့်ပါတယ်။
ထီယု(ဥပဒေအတိုင်ခံ)
ကူးယူတင်ပြပါသည်။ #ဥပဒေရေးရာ
Related Posts
ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...
လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...
ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...