အဖေဖြစ်သူက အသက်မပြည့်သေးတဲ့ သမီးဖြစ်သူကို လက်မှတ် ထိုးခိုင်းတဲ့ အဖြစ်ပါ ။

အဖေဖြစ်သူက အသက်မပြည့်သေးတဲ့ သမီးဖြစ်သူကို လက်မှတ် ထိုးခိုင်းတဲ့ အဖြစ်ပါ ။

အိမ် ခြံ မြေ စာချုပ်ချုပ်မယ် လုပ်တော့
အဖေဖြစ်သူက အသက်မပြည့် သေးတဲ့
သမီးဖြစ် သူကို လက်မှတ်ထိုး ခိုင်းတဲ့
အဖြစ်ပါ ။
အချိန်မှီ ပြောပြနိုင်ခဲ့လို့ တော်သေးတယ်
ဆိုရမယ် ။ ဖြစ်ပုံက ရန်ကုန်က ရပ်ကွက်
ငယ်တစ်ခုမှာ အဖေဖြစ်သူက ကျောင်းစာ
တစ်လုံးမှ မသင်ခဲ့ရဘူး ။ မပြေလည်လို့
အိမ်ထုတ် ရောင်းပြီး အရောင်းအဝယ်
လက်မှတ်ထိုး/၈၅တဲ့အခါ ကျောင်စာသင်ရတဲ့
အသက် မပြည့်သေးတဲ့ သမီးဖြစ်သူကို
ရောင်းသူ နေရာက လက်မှတ်
ထိုးခိုင်းတာပါ ။ သမီးဖြစ် သူကလည်း
နားမလည်တဲ့ ကလေး အရွယ်မို့
အဖေက လုပ်ဆို လုပ်လိုက် တာပဲ ။


ကောင်းသွားတာ တစ်ခုက ဝယ်သူ
ခေါ်လာတဲ့ ရှေ့နေကနေပြီး “( ၁၈ ) နှစ်
မပြည့်သေးဘဲ ချုပ်ဆိုတဲ့
စာချုပ်မှန်သမျှ ဟာ အားလုံးပျက်ပျယ်
သွားမည် ဖြစ်ကြောင်း”
ရှင်းပြခဲ့နိုင်လို့ အဆင်ပြေ ခဲ့ပါတယ် ။
အိမ် ခြံ မြေ စာချုပ်မှာမှ မဟုတ်ပါဘူး
ဘာစာချုပ်ပဲ ချုပ်ချုပ် အသက်မပြည့်
သေးတဲ့သူကို လက်မှတ် ထိုးခိုင်းပြီး
ချုပ်ဆိုမယ် ဆိုရင်တော့
ဥပမာ - ချေးငွေ စာချုပ်မှာ အသက်မပြည့်
သေးသူရဲ့ လက်မှတ်ပါ နေမယ်ဆိုရင်
ချေးငွေ ရယူလိုပြီး တရားစွဲ ဆိုတဲ့ အခါမှာ
တောင်းဆိုခွင့် ဘာခွင့်မှ မရရှိတော့ဘဲ
အချိန်ကုန် လူပင်ပန်းမှု့သာ ရရှိသွားနိုင်

ပါတယ် ။


စာချုပ်က ပျက်ပျယ်သွားပြီ ဖြစ်တဲ့ 

အတွက်ကြောင့် တရားစွဲဆိုလို့ မရတော့ခြင်း 

ဖြစ်ပါတယ် ။ အမွေပုံလို စီမံခန့်ခွဲမှု့ စာချုပ်တွေမှာ
အသက် မပြည့်တဲ့ ကလေးကို အမွေပေးခဲ့
ချင်တာမျိုး ဖြစ်လာတယ်ဆိုရင်တော့
အသက်မပြည့် သေးတဲ့ ကလေးရဲ့ အုတ်ထိန်း

သူကို လက်မှတ်ထိုး စေရမှာ ဖြစ်ပါတယ် ။ 

အမွေပုံ စီမံခန့်ခွဲမှု့လို ကိစ္စမျိုးမှာ 

ရှေ့နေကအသက် မပြည့်သေးတဲ ကလေးကို
စာချုပ်မှာ လက်မှတ်ထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီး
ဘာမှဝင်မပြောဘဲ ပါဝင်နေမယ် ဆိုရင်
ထိုရှေ့နေကို သက်ဆိုင်ရာမှာ တိုင်းတန်း 

နိုင်ပါတယ် ။
 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate