အိမ် ခြံ မြေ လောက အကြောင်း ပြောရရင် အင်မတန်မှ ရှုပ်ထွေးလှတဲ့ ကိစ္စရပ် တွေလည်း ရှိပါတယ် ။

အိမ် ခြံ မြေ လောက အကြောင်း ပြောရရင် အင်မတန်မှ ရှုပ်ထွေးလှတဲ့ ကိစ္စရပ် တွေလည်း ရှိပါတယ် ။

အိမ် ခြံ မြေ လောက အကြောင်း ပြောရရင်

အင်မတန်မှ ရှုပ်ထွေးလှတဲ့ ကိစ္စရပ်တွေလည်း

ရှိပါတယ် ။

အဲဒီလို ရှုပ်ထွေးမှု့ တွေထဲကမှ ရောင်းချသူက

ဝယ်ယူသူ နှစ်ယောက်အပေါ်ကို ရောင်းချထားတဲ့

ကိစ္စရပ်ကြီး ရှိပါတယ် ။

အိမ် ခြံ မြေ ရောင်းဝယ်တယ် ဆိုတာက များပြားတဲ့

ဘဏ္ဍရေးကို အသုံးပြုရခြင်း ဖြစ်တဲ့ အတွက်ကြောင့်

အရောင်း အဝယ် တစ်လျှောက်လုံး ရင်တစ်ထိပ်ထိပ်

နဲ့ ဖြစ်ကြရတဲ့ သူတွေတောင် ရှိပါတယ် ။

အိမ် ခြံ မြေ ဝယ်ယူသူများ ဆင်ခြင်လို့ ရအောင်-

အိမ် ခြံ မြေ ရောင်းချတယ် ဆိုသူက လူနှစ်ယောက်

အပေါ် အကြံဉာဏ် အကွက်ဆင်ကာ ရောင်းချ ပါတယ် ။

ပထမဆုံး ဝယ်ယူ သူထံကို အပြီးအပြတ် ငွေချေကာ

ရောင်းခဲ့ပြီး၊ဒုတိယ တစ်ယောက်ကိုတော့ စရံငွေရယူ

ကာ ရောင်းချ ထားခဲ့ တာပါ ။

 

ပထမ တစ်ယောက်က အနီးနားမှာတင်ရှိတဲ့ ဝယ်သူဖြစ်

ပြီး ၊ ဒုတိယ တစ်ယောက်ကတော့ အဝေး ရောက်နေတဲ့

ဝယ်ယူသူ ဖြစ်ပါတယ် ။

-ဒီလိုကိစ္စမှာ ဝယ်ယူသူ နှစ်ယောက်ထဲက ဘယ်သူက

အိမ် ခြံ မြေကို ပိုင်ဆိုင် နိုင်မှာလဲ ။

ထိုဝယ်ယူသူ နှစ်ယောက်မှာ ပစ္စည်း လက်ရောက် ရှိနေ

သူက သာလျှင် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ် ။

ပထမ ဝယ်ယူသူ၏ လက်ထဲတွင် အိမ် ခြံ မြေ ပိုင်ဆိုင်မှု့

ခိုင်မာနေမယ် ဆိုလျှင် ဒုတိယ ဝယ်ယူသူက ဆုံးရှုံးခံရ

မှာ ဖြစ်ပါတယ် ။

 

- အိမ် ခြံ မြေ ပိုင်ဆိုင်မှု့ ခိုင်မာတာ ကို ဘယ်လို ကြည့်မလဲ ။

ပထမ ဝယ်ယူသူက အရောင်းအဝယ် စာချုပ်ကို မှတ်ပုံ

တင်ထားမယ် ဆိုရင် ဝယ်ယူခြင်း မြှောက်တဲ့ အတွက်ကြောင့်

ဒုတိယ ဝယ်ယူက ပစ္စည်း လက်ရောက် ရရှိနေလည်း

ပြန်လည် ပေးအပ်ရမှာ ဖြစ်ပါတယ် ။

အရောင်းအဝယ် စာချုပ်မှတ်ပုံတင် ထားသူကသာလျှင်

ခိုင်မာနိုင်မှာ ဖြစ်ပါတယ် ။

အိမ် ခြံ မြေ ဝယ်ယူသူများ စာချုပ်ချုပ် ဆိုတဲ့အခါ ခိုင်မာစွာ 

ချုပ်ဆို ကြပါ ။မကောင်းတဲ့ လူတွေမှာ ဂျိုပါမလာပါ ။ 

ဒါကြောင့် အရာရာ သတိနဲ့သာ လုပ်ကိုင် ဆောင်ရွက်ပါလို့ 

ရှေးလူကြီးတွေမိန့်ဆိုကြ တာကို ။

 

⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️

 

crd:ဉပဒေရေးရာ


 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate