“အိမ်ခြံမြေ မပြသခင် နောက်ကွယ်က ပြင်ဆင်ခဲ့ရတဲ့ အချက်တွေ ။”

“အိမ်ခြံမြေ မပြသခင် နောက်ကွယ်က ပြင်ဆင်ခဲ့ရတဲ့ အချက်တွေ ။”

အိမ် ခြံ မြေ မပြသခင် နောက်ကွယ်က
ပြင်ဆင်ခဲ့ရတဲ့ အချက်တွေ ။”
အကျိုးဆောင် တော်တော်များများဟာ
အကျိုးဆောင်ခ ( ခေါ် ) ပွဲခ ရရှိကြတဲ့အခါမှာ
အခြား သာမန်လူတွေ တစ်လလောက်လုပ်မှ
ရတဲ့ငွေကြေးကို တစ်ရက်ထဲနဲ့ ရရှိသွားတတ်
ကြပါတယ် ။ ( အားလုံးကို မဆိုလိုသည့်အတွက်
နားလည်ပြီးဖတ်ရှု့ပေးပါ)။


တစ်ရက်ထဲနဲ့ ရသွားတာကို အကြောင်းပြုပြီး
ဘေးကနေမြင်ကြရတဲ့လူတစ်ချို့ဟာ

“ အကျိုးဆောင်တွေ ၊ ပွဲစားတွေက ဘာမှ 

မဟုတ်ဘူး ၊ ရောင်းသူ ဝယ်သူ နှစ်ဦးတည်းဆို 

ရနေပြီ”အစရှိသဖြင့် ပြောဆိုကြကာ ( ဒီထက်

ပိုဆိုးတဲ့ ပြောဆိုမှု့တွေ ရှိပေမယ့် စာဖတ်သူ 

ပရိသတ်များကို လေးစား သည့်အတွက် ထည့်
မရေးတော့ပါ ) တစ်ရက်ထဲနဲ့ မရသင့်တဲ့ 

ငွေတွေလို့ မြင်ကြတယ် နှင့်တူ ပါတယ် ။


နောက်ကွယ်က လုပ်ရတဲ့ အလုပ်ကို 

မမြင်ကြတာ ဖြစ်တဲ့ အတွက်ကြောင့် ဒီလို 

ပြောနေတယ် ဆိုပြီးခွင့်လွတ်ပေးလို့ 

ရပါတယ် ။ (သဘောထား ကြီးစွာနဲ့ပေါ့)
အမှန်တကယ် အကျိုးဆောင်အလုပ်ကို
စိတ်ဝင်စားစွာနဲ့ လုပ်ကိုင်နေတဲ့
အကျိုးဆောင် တော်တော်များများဟာ
သည်းခံစွမ်းအားတွေ၊တစ်ခါတစ်လေကျ
တော့လည်း မခံမရပ်နိုင်လို့ ပေါက်ကွဲခဲ့ရတဲ့
ဖြစ်ရပ်တွေလည်း ရှိခဲ့ကြမှာပါပဲ။


အကျိုးဆောင်တွေ ပွဲဖြစ်တဲ့အခါ
ပိုက်ဆံထုတ်ပိုက်ပြီး ရသွားတာကို
မြင်တွေ့ကြရတဲ့ ဘေးကလူတစ်ချို့
တွေကတော့ ဘာအကျိုးဆောင် လိုင်စင်
မှ မကိုင်ဆောင်ဘဲ တစ်ခဏမှာတင်
အကျိုးဆောင် ၊ပွဲစား ဖြစ်သွားကြတဲ့
သူတွေကလည်း နည်းမှမနည်းဘဲ။
အမှန်တကယ် စိတ်ပါဝင်စားစွာဖြင့်
အသက်မွေးဝမ်းကျောင်းအလုပ်လိုမျိုး
ဝါသနာပါစွာဖြင့် လုပ်ကိုင် ဆောင်ရွက် 

ကြတဲ့ အကျိုးဆောင်တွေက


နောက်ကွယ်မှာ-
အကျိုးဆောင် ကောင်းတစ်ယောက် ဖြစ်ဖို့

အတွက်
- အကျိုးဆောင် လိုင်စင် ကိုင်ဆောင်ပြီး
လေ့လာ သင်ယူ လိုက်ရတဲ့ အိမ် ခြံ မြေ

အကြောင်းတွေ ။
- အိမ် ခြံ မြေ မပြသခင် အရောင်းအပ်တဲ့

သူတွေ ဆီကနေ ဝယ်ယူသူတွေ စိတ်တိုင်း

ကျဖြစ်ဖို့ နေရာ အတိအကျ ၊
ဓာတ်ပုံ စတာတွေကို သေချာစွာ အချိန်

ပေးစာရင်း ယူခဲ့ရတာတွေ ။ ( ဆီစျေးတွေ 

တက်နေတဲ့ အချိန်ဆို ပွဲခနဲ့တောင် ပြန်ကာမိ

ကြပါ့မလား တောင်မသိ ၊ ( တစ်ချို့တစ်လေပါ)။


- ဝယ်ယူသူတွေ ကြိုက်နှစ်သက်စေဖို့
အကြိုက်မတွေ့မချင်း အချိန်ကုန်ခံ စိတ်ရှည်စွာ
စေတနာထား ပြောပြခဲ့ရတဲ့ အချက်တွေ။
- ဝယ်သူ အကြိုက်တွေ့တဲ့ အိမ်ခြံမြေ ပိုင်ရှင်က
ရောင်းမယ်ပြောပြီး မရောင်းတော့လို့
စိတ်ဒုက္ခ ရောက်ခဲ့ တာတွေ ။
ဒါတွေက အပေါ်ယံပဲ ရှိပါ သေးတယ် ။
နောက်ကွယ်က ပြင်ဆင်ခဲ့ရတဲ့ အချက်တွေ

နဲ့တင်ကို အိမ် ခြံ မြေ အကျိုးဆောင် 

အလုပ်လုပ်တဲ့ သူတွေကို
လေးစားစရာ ကောင်းနေ ပါပြီ ။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate