လိုင်စင် မြေ
လိုင်စင် မြေ
အစိုးရမှ စီမံချထား နိုင်သောမြေ ( Land of the disposal of
Government ) များကို အောက်မြန်မာပြည် မြို့နှင့် ကျေးရွာ
မြေများ အက်ဥပဒေပုဒ်မ ၁၆ ( ခ ) အရ အခွန်တော် အရာရှိက
ခေတ္တယာယီ သဘော လိုင်စင်ထုတ် ပေးနိုင်ခွင့် ရှိပါသည် ။
မြေငှား ဂရန်တွင် ပစ္စည်းလွှဲပြောင်း ပေးပိုင်ခွင့် သဘော ပါရှိပြီး
လိုင်စင်တွင်မူ ပစ္စည်းလွှဲပြောင်း ပေးပိုင်ခွင့် မရှိဘဲ ခေတ္တ အသုံး
ပြုခွင့် သက်သက်မျှသာ ပေးထားခြင်း ဖြစ်ပါသည် ။
လိုင်စင် ထုတ်ပေးထားတဲ့ မြေကို နှစ်တို ၊ နှစ်ရှည် ဂရန်ရရှိရန်
လျှောက်ထားတဲ့အခါ ၎င်းအား လိုင်စင်ရပြီး ဖြစ်၍ မြေငှားစာချုပ်
ထုတ်ပေးရမည်ဟု ဥပဒေ ပြဌာန်းချက် မရှိပါဘူး ။ ဥပဒေက
ပေးထားသော အခွင့်အရေးမျှကိုသာ လိုင်စင်သမားမှ ရရှိနိုင်ပြီး
လိုင်စင်ပါ အခွင့်အရေးထက် ပို၍ တောင်းပိုင်ခွင့် မရှိပါ ။
အစိုးရမှ ချထားပေး ပိုင်ခွင့်ရှိသော Disposal Land ကို အသုံးပြု
နိုင်မည့် အခွင့်အရေး Right of Land မှာ အောက် မြန်မာပြည်မြို့
နှင့်ကျေးရွာ မြေများ အက်ဥပဒေ ပုဒ်မ- ၄ ( ၇ ) ၊ ပုဒ်မ - ၇ ( က )
နဲ့ ပုဒ်မ - ၁၆ ( က ) ၊ ( ခ )တို့အရ Grant၊ Lease၊ License ဟူ၍
( ၃ ) မျိုးဖြင့်သာ သုံးစွဲခွင့် ရရှိနိုင် ပါသည် ။ ဒါပေမဲ့ မြို့သစ်တွေ
အကွက်ရိုက်တဲ့အခါ ချပေးလေ့ ရှိတဲ့ ပါမစ်မြေဆိုတာ ရှိပြန်သေး
တယ် ။ ပါမစ်မြေကို သိနားလည်ဖို့ ခုခေတ်မှာ အရေးပါလာ
ပါတယ် ။ နဝတ တက်လာပြီး မြို့နယ်တိုင်း လိုလိုမှာ မြို့သစ်ရွာ
သစ်တွေ တည်ထောင် ကြတဲ့အခါ အကွက်ရိုက်ပြီး မြေပါမစ်
ထုတ်ပေးကြ တဲ့အတွက် မြို့သစ် မြေချ ပါမစ်တွေ တစ်ပြည်လုံး
ပလူပျံ လာပါတယ် ။
ပါမစ်ဆိုတာဟာ မြေနေရာချ ထားပေးသည့် အမိန့်သာဖြစ်ပြီး တရား
ဝင်မြေ အသုံးပြုခွင့် အမိန့် ၊ မြေပိုင်ဆိုင်ခွင့် အမိန့် မဟုတ်ပါဘူး ။
မြို့မြေအတွင်း မြေပိုင်ဆိုင်ခွင့် ၊ နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ၁၈၉၈
ခုနှစ် အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ
အခန်း ၂ ၊ ပုဒ်မ - ၇ ၊ ပုဒ်မ- ၈ နဲ့ ပုဒ်မ- ၁၆ တို့အရ သတ်မှတ်
ထားရာမှာ ပါမစ်ကို ဖော်ပြထားတာ မတွေ့ပါဘူး ။ အစိုးရမြေကို
အသုံးပြုနိုင်ဖို့က သတ်မှတ်ကာလ တစ်ခုအတွက် မြေငှား ရမ်းသုံး
စွဲခွင့် ရရှိဖို့ ဂရန်စာချုပ် ချုပ်ဆို ငှားရမ်း ရပါတယ် ။ အစိုးရကိုယ်စား
မြို့နှင့် ကျေးရွာ မြေများ အက်ဥပဒေပါ အမိန့်ကြော်ငြာ စာများအရ
ခန့်အပ်တာဝန် ပေးထားတဲ့ အခွန်တော် အရာရှိနဲ့ မြေအသုံးပြုမဲ့
ကာယကံ ရှင်အကြား လက်မှတ်ရေးထိုး ချုပ်ဆိုထားတဲ့ မြေငှားရမ်း
သုံးစွဲခွင့် ဂရန်စာချုပ် ၊ အငှားစာချပ် လိုအပ်ပါတယ် ။
ပါမစ်ကျတော့ ဥပဒေမှာ မည်သူကမည်သို့ ထုတ်ပေးရန်ဆိုတဲ့
ပြဌာန်းချက် မရှိတော့ကာ ကော်လိပ်တော်များက ဥပဒေကို
ကျော်လွန်ပြီး လက်မှတ်ရေးထိုး ထုတ်ပေးလို.မရပါဘူး ။
ဒါကြောင့် ပါမစ်ကို ကော်လိပ်တော်က ထုတ်ပေးလေ့မရှိဘဲ
မြို့မြေချ ထားရေး ကော်မတီကသာ ချထားပေးတာ သတိမူရမှာ
ဖြစ်ပါတယ် ။ ပါမစ်မြေဟာ ဂရန်အဆင့် မဟုတ်ပါဘူး ။ ပါမစ်ရ
သူဟာ မြေကွက်မှာ နေထိုင်တယ်လို့ ချထားခံ ရသူသာဖြစ်ပြီး ၊
အစိုးရမြေကို တရားဝင်သုံးစွဲခွင့် မရရှိသေးဟု ဆိုနိုင်ပါတယ် ။
လိုင်စင်ကမှ မြေကို ခေတ္တအသုံးပြုခွင့် ၃ နှစ်လို့ ပါရှိသေးတာမို့
ပါမစ်ဟာ လိုင်စင် လောက်တောင် အာနိသင် မရှိပါဘူး ။ ပါမစ်နဲ့
မြေချထားရာမှာ သတ်မှတ် ကာလအတွင်း ချထား မြေကွက်ကို
အဆောက်အဦး မဆောက်ရင် မြေချထားမှုကို ပြန်ဖျက်သိမ်း
နိုင်ပါသည် ။ မြေချထားခံရသူ ၊ ပါမစ်ရရှိသူက မိမိအမည်နှင့်
မြေကို တရားဝင်သုံးစွဲခွင့် ရလိုရင်ဖြင့် အငှားဂရန် ၊ ဂရန် ၊
ဒါမှမဟုတ် လိုင်စင်တစ်ခုခု ထပ်လျှောက်ရမှာ ဖြစ်ပါတယ် ။
ပါမစ်နဲ့ ချထား မြေကွက်များကို အမွေဆက်ခံခွင့် ၊ လွှဲပြောင်း
ပိုင်ခွင့် မရှိပါဘူး ။ ပါမစ်မြေကို ရောင်းဝယ် လွှဲပြောင်းရာတွင်
တရားဝင် စာချုပ် စာတမ်း တောင် လုပ်ခွင့် မပေးရပါဘူး ။