အထူးဥပဒေ(Special Law)

15-Feb-24 အခြား
အထူးဥပဒေ(Special Law)

အထူးဥပဒေဆိုသည်မှာ သီးခြားအကြောင်း အရာတခုနှင့်
သက်ဆိုင်သော ဥပဒေကိုဆိုလိုသည်၊ ထို့ကြောင့်သီးခြား
အကြောင်းအရာများအတွက် အထူး ဥပဒေများ သီးခြား
ထုတ်ပြန်ပေးရသည်။ အထူးဥပဒေ အမြောက်အမြားပင် 
မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ တိုးတက်လာသော
ခေတ်နှင့်အညီ ပြင်ဆင်ပြောင်းလဲ ပြဋ္ဌာန်းပေးရသည်လည်း
ရှိသည်။ ခေတ်စံနစ်နှင့် မညီတော့သည့်အတွက်အထူးဥပဒေ
များကို ဖျက်သိမ်းခဲ့ရသည်လည်းရှိသည်။

အထူးဥပဒေများပေါ်ပေါက်လာရသည့် အဓိကအကြောင်းရင်း
နိုင်ငံရေးအခြေခံပေါ်တွင် အခြေခံခြင်း
စီးပွားရေးအခြေခံပေါ်တွင် အခြေခံခြင်း
လူမှုရေးအခြေခံများအပေါ်တွင် အခြေခံခြင်း
တို့ကြောင့် ဖြစ်ပါသည်။

ပြစ်မှုဆိုင်ရာအမှုများတွင် အမှုတန်ဖိုး၊ သို့မဟုတ် 
ပြစ်ဒဏ်သတ်မှတ်ချက်များနှင့်ပတ်သက်၍ 
တရားရုံးများကသာ စစ်ဆေးစီရင်ခွင့်ရှိကြောင်း 
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင်စီရင်ခွင့်အာဏာကို
 အတိအကျပြဋ္ဌာန်း ထားသည်။
ဥပမာအားဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၆ 
တွင် လူတစ်ဦးယောက်အား ဖမ်းဆီးရာတွင် လိုက်နာရမည့်
လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းထားရာ လူတဦးတစ်ယောက်ကို
 မည်သို့ဖမ်းဆီးရမည်၊ ဖမ်းဆီးရာတွင်ခုခံလျင် 
မည်သို့ပြုမူရမည်စသည်တို့အပြင် သေဒဏ်နှင့် တသက်တကျွန်းဒဏ် 
ထိုက်သင့်သည့်အမှုနှင့် စွပ်စွဲခြင်းမခံရလျင် သေသည်အထိ 
ဖမ်းဆီးခြင်းမပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ 
သို့သော် အများပြည်သူ ငြိမ်ဝပ်မှုထိန်းသိမ်းရေးအက်ဥပဒေအရ 
ဖမ်းဆီးအရေးယူသည့်အခါ တွင်မူ အထက်ဖော်ပြပါ 
ဖမ်းဆီးနည်းကို လိုက်နာရန်မလို။ ဆိုလိုသည့်သဘောမှာ 
လိုအပ်လျင် သေသည်အထိ ပြုမူနိုင်ကြောင်း 
ခွင့်ပေးထားသည့်သဘောပင်ဖြစ်သည်။

Reference - Wikipedia

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!