နိုင်ငံခြားသားများနှင့် လက်ထပ်လိုသူများအတွက်

နိုင်ငံခြားသားများနှင့် လက်ထပ်လိုသူများအတွက်

နိုင်ငံခြားသားများနှင့် လက်ထပ်လိုသူများအတွက် - 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
ပြည်ထောင်စု တရားလွှတ်တော်ချုပ်
ညွှန်ကြားချက်အမှတ် (၁/၂၀၁၂)
ရက်စွဲ၊ ၁၃၇၄ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်။
( ၂၀၁၂ခုနှစ် ၊ မေလ ၉ ရက်)
နိုင်ငံခြားသားများနှင့် မြန်မာအမျိုးသမီးများ ထိမ်း
မြားလက်ထပ်ခြင်းကိစ္စ
၁။ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံအသီးသီးမှ၀င်ရောက်လာကြသော 
နိုင်ငံခြားသားအချို့သည် မြန်မာအမျိုးသမီးများ နှင့် 
ထိမ်းမြားလက်ထပ်ရန် တရားရုံးတွင် ကျမ်းကျိန်လွှာများ

ပြုလုပ်လေ့ရှိကြပါသည်။ 
    သို့ရာတွင် အချို့သော နိုင်ငံခြား သားများသည်
မြန်မာအမျိုးသမီးများ နှင့် အမှန်တကယ် ထိမ်းမြား 
လက်ထပ်လိုခြင်းမဟုတ်ဘဲ နိုင်ငံခြားသို့ မြန်မာအမျိုးသမီးများကို
 ခေါ်ဆောင်ကာအကျင့် သိက္ခာပျက်ပြားသည့် အလုပ်များ
စေခိုင်းသည့်အတွက် မြန်မာအမျိုးသမီးများ အတိဒုက္ခရောက်ကာ 
ဘ၀ဆုံးရှုံး ကြရမည့် အန္တရာယ်များ  တွေ့ကြုံရသည်ကိုရ သဖြင့်
 တရားရုံးချုပ်က (၁ - ၇ - ၁၉၉၈)  ရက်စွဲပါ ညွှန်ကြားချက် 
အမှတ် -၂/၁၉၉၈ကို ထုတ်ပြန်ကာမြန်မာနိုင်ငံသား အမျိုးသမီး
တစ်ဦးအားနိုင်ငံခြားသားတစ်ဦးနှင့် ထိမ်း
မြာလက်ထပ်ကြောင်းကျမ်းကျိန်လွှာပြုလုပ်ရေးတင်
ပြလာပါက မည်သည့်  တရားရုံးကမျှ လက်ခံဆောင်
ရွက်ခြင်းမပြုရန် ညွှန်ကြားခဲ့ပါသည်။ 
××××××××××××××××××××××××××××××××××
၂။ ယင်းညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် တရားရုံးများက
 မြန်မာနိုင်ငံသားအမျိုးသမီး တစ်ဦးနှင့် နိုင်ငံ
ခြားသား တစ်ဦးကို ထိမ်းမြားလက်ထပ်ရန်ကျမ်းကျိန်လွှာ
ပြုလုပ်ပေးခြင်းမရှိသဖြင့် အမှန်တကယ်ထိမ်းမြား လက်ထပ်လိုသူ
 နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီးတို့အတွက်အခက်အခဲများ
ဖြစ်ပေါ်ရကြောင်း၊မြန်မာအမျိုးသမီးရထိုက်သည့် အခွင့်အရးများ 
နစ်နာဆုံးရှုံးမှုဖြစ်ရကြောင်း တွေ့ရှိလာရပါသည်။ 
    သို့ဖြစ်၍ နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်
လိုသူ မြန်မာအမျိုးသမီးတို့ နစ်နာဆုံးရှုံးမှု မဖြစ်စေ
ရန်အတွက် နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီးများ
 ထိမ်းမြား လက်ထပ်ခြင်း ကျမ်းကျိန်လွှာပြုလုပ်ပေး
ရန် တင်ပြလာပါက တရားရုံးက အောက်ပါအချက်များကို
 ရှေးဦးစွာ စီစစ်ဆောင်ရွက်ရန်ဖြစ်သည် - 
(က) တရားရုံးက ကျမ်းကျိန်လွှာ ပြုလုပ်လိုသူတို့
သည် အမှန်တကယ်  အကြင်လင်မယား အဖြစ် 
နှစ်ဦးသဘောတူပေါင်းသင်းရန်ရည်ရွယ်၍ထိမ်း
မြား လက်ထပ်လိုခြင်း ဟုတ်/ မဟုတ်ကို ခိုင်လုံ
သည့် အထောက်အထားတင်ပြနိုင်ခြင်း ရှိ/မရှိ ။
(ခ) ကျမ်းကျိန်လွှာပြုလုပ်လိုသူတို့သည် ဗုဒ္ဓဘာ
သာ ၀င်များ ဟုတ်/မဟုတ် ၊
(ဂ) ထိမ်းမြားလက်ထပ်နိုင်သည့် အရည်အချင်း
များနှင့် ပြည့်စုံသူတို့ ဟုတ်/မဟုတ်
(ဃ) ကျမ်းကျိန်လွှာတွင ် ဖော်ပြချက်များသည်
မှန်ကန်ခြင်း ရှိ/မရှိ ၊
(င)လိမ်လည်အလွဲပြောဆိုခြင်း ၊ဖြားယောင်းသွေး
ဆောင်ခြင်း ၊ ခြိမ်းခြောက်ခြင်းတို့မရှိဘဲ မိမိတို့၏ 
သဘောဆန္ဒ အလျောက် လွတ်လပ်စွာသဘောတူ 
ကျမ်းကျိန်လွှာပြုလုပ်ခြင်း ဟုတ်/မဟုတ်။
၃။ တရားရုံးများက အထက်အပိုဒ် (၂)ပါအချက်များကို
 စီစစ်ပြီးနောက်  သဘောကျ  ကျေနုပ်မှုရှိ  ပါကကာယကံရှင်
  နှစ်ဦးနှစ်ဖက်အား တရားသူကြီး  နှင့် သက်သေများ
ရှေ့မှောက်တွင် ကျမ်းကျိန်ဆိုစေ၍ ကျမ်းကျိန်လွှာတွင် 
ဖော်ပြပါရှိသော အချက်အလက်များ မှန်ကန်ကြောင်း 
ကတိ၀န်ခံချက်လက်မှတ်ရေးထိုးစေရမည်။
၄။ ကျမ်းကျိန်သူကို တရားသူကြီးကမသိလျှင် ကျမ်း
ကျိန် သူသည် မည်သူဖြစ်ကြောင်း ပြောပြသူ၏အမည်၊ 
နိုင်ငံသား စီစစ်ရေးကဒ်ပြားအမှတ်၊ နေရပ်လိပ်စာအပြည့်အစုံကို
  ကျမ်းကျိန်လွှာ အောက်ခြေတွင် ဖော်ပြပါရှိစေရမည်။ 
ကျမ်းကျိန်သူက  မိမိရှေ့တွင် 
လက်မှတ်မထိုးသည့် ကျမ်းကျိန်လွှာ ၊ ကျမ်းကျိန်သူ
၏ အမည် ၊ အမိအမည် ၊ အလုပ်အကိုင် ၊ နေရပ်
လိပ်စာအပြည့်အစုံ ဖော်ပြထားခြင်းမရှိသည့် ကျမ်း
ကျိန်လွှာများကို ပြုလုပ်ပေးခြင်းမပြုရ။
၅။ ဗုဒ္ဓဘာသာ၀င် မြန်မာအမျိုးသမီးနှင့် ဗုဒ္ဓဘာသာ၀င်
 နိုင်ငံခြားသားတို့ပြုလုပ်သည့်  ထိမ်းမြားမင်္ဂလာ
ကျမ်း ကျိန်လွှာပြုလုပ်ခြင်းကို သီးခြားမှတ်ပုံတင်စာ
အုပ်တွင် ရေးသားမှတ်တမ်းတင် လက်မှတ်ရေးထိုး
ရမည်။
၆။ ဗုဒ္ဓဘာသာ၀င် မြန်မာအမျိုးသမီးနှင့် ဗုဒ္ဓဘာသာ ၀င် နို
င်ငံခြားသားတို့ပြုလုပ်သည့် ထိမ်းမြား မင်္ဂလာ ကျမ်းကျိန်လွာကို 
ခရိုင်တရားရုံး ၊ ခရိုင်တရားသူကြီးကသာ ပြုလုပ်ပေးရမည်။ 
××××××××××××××××××××××××××××××××
ဗုဒ္ဓဘာသာ၀င် မြန်မာအမျိုးသမီးတစ်ဦးသည် ဗုဒ္ဓဘာ သာ၀င်မဟုတ်သည့်
 မြန်မာနိုင်ငံသား (သို့) နိုင်ငံခြားသားဖြစ်သူ အမျိုးသားနှင့် 
ထိမ်းမြားလက်ထပ်မည်ဆိုပါက ၁၉၅၄ခုနှစ် ၊  ဗုဒ္ဓဘာသာ၀င် မိန်းမများအထူး
ထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ နှင့် အညီသာ တရား၀င်လက်ထပ်နိုင်သည်။ 
 ယင်းသို့ထိမ်းမြားလက်ထပ်ရာတွင်လည်း ယင်အက်
ဥပဒေတွင် ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများ
နှင့် အညီယင်းအက်ဥပဒေအရ ခန့်ထားသည့် ထိမ်း
မြားမှု မှတ်ပုံတင် အရာရှိများကသာ ထိမ်းမြားလက်
ထပ်ပိုင်ခွင့်ရှိသည်ကို ဂရုပြုကြရန်ဖြစ်သည်။
 ယင်းအက်ဥပဒေပါ ထိမ်းမြားမှုမှတ်ပုံတင် အရာရှိများအဖြစ် 
အောက်ပါပုဂ္ဂိုလ်များအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်က  (၁၄.၆.၂၀၁၁)  ရက်စွဲပါ 
အမိန့်ကြော်ငြာစာ အမှတ် - ၁၆၉/၂၀၁၁ အရ ခန့် ထားပြီးဖြစ်သည် - 
(က) တိုင်းဒေသကြီးတရားရေးဦးစီးမှူး ၊ တိုင်းဒေသ
ကြီးတရားလွှတ်တော် ၊ ပြည်နယ်တရားရေး ဦးစီးမှူး ၊ ပြည်နယ်တရားလွှတ်တော် ၊ 
(ခ) ခရိုင်တရားသူကြီး ၊ ခရိုင်တရားရုံး ၊
(ဂ)မြို့နယ် တရားသူကြီး ၊ မြို့နယ်တရားရုံး ။
၈။ ထိမ်းမြားလက်ထပ်ခြင်းသည် ထိမ်းမြားလက်ထပ်
သူများ၏ ကိုးကွယ်သည့် ဘာသာအပေါ်တွင် အခြေ
ခံခြင်း ဖြစ်သဖြင့် မြန်မာနိုင်ငံတွင် အထက်ဖော်ပြပါ
မြန်မာဓလေ့ထုံးတမ်း ဥပဒေနှင့် ၁၉၅၄  ခုနှစ် ဗုဒ္ဓဘာသာ၀င် 
မိန်းမများအထူး  ထိမ်းမြားမှုနှင့်  အမွေ
ဆက်ခံမှုအက်ဥပဒေအပြင်လူမျိူးနှင့်ကိုးကွယ်သည့် 
ဘာသာအလိုက်ဓလေ့ထုံးတမ်းဥပဒေများနှင့်အောက်ပါ 
ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ပြဌာန်းဥပဒေများလည်း အတည်ဖြစ် လျှက်ရှိသည် -
(က) The Christian Marrriage Act 
(ခ) The Special Marriage Act
(ဂ) The Hindu Widow’s Re-marriage Act
(ဃ) The Hindu Law
(င) The Islamic Law
(စ) The Anand Marriage Act
(ဆ) The Parsi Marriage and Divorce Act
၉။ အထက်အပိုဒ်- ၈(က)မှ(ဆ)အထိပါရှိသော ဥပ
ဒေများအရ ထိမ်းမြားလက်ထပ်ရာတွင်လည်းယင်းဥပဒေများပါ
 ပြဌာန်းချက်များနှင့်အညီထိမ်းမြားလက်ထပ်ပေး ပိုင်ခွင့်ရှိသူများကသာ
  ထိမ်းမြားလက်ထပ်ခြင်းကို ဆောင်ရွက်နိုင်ခွင့်ရှိသည်ကို သတိပြုကြရန်
ဖြစ်သည်။ 
၁၀။ မြန်မာအမျိုးသမီးများ  နှင့် နိုင်ငံခြားသားများ 
ထိမ်းမြားလက်ထပ်သည့် ကျမ်းကျိန်လွှာ ပြုလုပ်ပေး
ခဲ့လျှင် စာရင်းပြုစု၍ ကျမ်းကျိန်လွှာမိတ္တူနှင့် အတူ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ၊ ဥပဒေလုပ်ထုံးလုပ်နည်း  
 ဌာနသို့ မပျက်မကွက် ပြန်လည်အစီ
ရင်ခံရန်ဖြစ်သည်။ 
၁၁။ သို့ဖြစ်ပါ၍ မြန်မာအမျိုးသမီးများနှင့် နိုင်ငံခြားသားများ 
ထိမ်းမြားလက်ထပ်မှုကို နည်းလမ်းတကျခွင့်
ပြုပေး နိုင်ရေး အတွက် ဤညွှန်ကြားချက်ပါအတိုင်း တိကျစွာ 
လိုက်နာဆောင်ရွက်သွားကြရန်  ညွှန်ကြား
လိုက်သည်။
၁၂။  ယခင်တရားရုံးချုပ်၏ ( ၁ . ၇ .၁၉၉၈) ရက်စွဲပါ ညွှန်ကြားချက်
အမှတ် - ၂/၁၉၉၈ကို ဤညွှန်ကြားချက်ဖြင့် ရုပ်သိမ်းလိုက်သည်။ 
ပုံ ------------------------
(ထွန်းထွန်းဦး)
 ပြည်ထောင်စုတရားသူကြီးချုပ်

Credit - ဥပဒေရေးရာ

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate