နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်နှင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို့ တရားဝင် ထိမ်းမြား လက်ထပ်မှတ်ပုံတင်နည်း နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင် အတွက်
နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်နှင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို့ တရားဝင် ထိမ်းမြား လက်ထပ်မှတ်ပုံတင်နည်း
နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင် အတွက်
၁ ။ နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ တရားဝင် လာရောက်သည့် ပြည်ဝင်တုံး ထုထားသည့် ပတ်စပိုစ့် စာအုပ်မူရင်း
၂ ။ နိုင်ငံခြားသား၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်း မူရင်းနှင့် မြန်မာဘာသာ ပြန်ထားသည့် နိုတြီတံဆိပ်တုံး ပါသည့် စာရွက်မူရင်း
၃ ။ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြောင်း ၊ လူပျိုလူလွတ် ဖြစ်ပြီး သတို့သမီး သို့မဟုတ် သတို့သား ကို ချစ်ခင်စုံမက် တရားဝင် လက်ထက်မည် ဖြစ်ကြောင်း ကျမ်းကျိန်လွှာ
၄ ။ ဘုရားရှိခိုးနေသည့် ( သို့မဟုတ် ) ဆွမ်းကပ်နေသည့် ဓါတ်ပုံ ( ၃ ) တို့ လိုအပ်ပါသည် ။
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် အတွက်
၁ ။ နိုင်ငံသားစိစစ်ရေးကတ်ပြားသာ လိုအပ်သည်။
အမျိုးသမီးဆိုလျှင် အသက်( ၂၀ ) ပြည့်ပြီးသူ ဖြစ်ရမည် ။ အမျိုးသားဆိုလျှင် အသက် ( ၁၈ ) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
ထပ်မံ လိုအပ်တာတွေ ကတော့
၁ ။ လက်ထပ်စာချုပ်
၂ ။ သက်သေနှစ်ဦး၏ နိုင်ငံရေး စိစစ်ရေးကတ်ပြားတွေသာ ဖြစ်ပါတယ် ။
အားလုံးစုံရင် မိတ္တူ ( ၄ ) စုံ ဆွဲသွားပါ ။ ခရိုင်တရားသူကြီးထံမှာ လျှောက်လွှာတင်ပြီး တရားဝင် လက်ထပ်မှတ်ပုံတင်လို့
ရပါတယ်။
ကျွန်မအနေဖြင့် ဆက်လက် ဝန်ဆောင်မှုပေးတာကတော့
အဆိုပါ လက်ထပ်စာချုပ်ကို သက်ဆိုင်ရာ နိုင်ငံခြားဘာသာသို့ နိုတြီပြန်ပြီး မိုဖာတုံး ထုကာ သက်ဆိုင်ရာ သံရုံးမှာ Marriage Certificate လျှောက်ပေးပါတယ် ။ သံရုံးသွင်းရတဲ့ ဒေါ်လာကတော့ client တွေဘက်က ကျခံရမှာ ဖြစ်ပါတယ် ။
ဒါဆိုရင် နိုင်ငံခြားသားဘက်က သံရုံးနှင့် ၎င်းနိုင်ငံတွင်လည်း ယခုလက်ထပ်မှုကို တရားဝင်အောင် ဆက်လက် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ကြာမြင့်သည့် ရက်ကတော့ ရုံးဖွင့်ရက် ( ၂ ) ရက်အတွင်း အပြီး ဆောင်ရွက် ပေးနိုင်ခဲ့ပါသည် ။ လိုအပ်သည့် စာရွက်စာတမ်းများကို ကြိုတင်ပို့ပေးသည့် အတွက်လည်း ယခုလို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခဲ့တာပါ။
သိရှိလိုသူများနှင့် လိုအပ်သူများ အတွက် မျှဝေပေးခြင်း ဖြစ်ပါသည်။
#Crd to owner
Credit ( ဥပဒေ ရေးရာ )
Related Posts
"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...
လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...