တရားရုံးမှာ မင်္ဂလာလက်မှတ်ထိုးမယ်ဆိုရင် လိုတဲ့အရာတွေ

တရားရုံးမှာ မင်္ဂလာလက်မှတ်ထိုးမယ်ဆိုရင် လိုတဲ့အရာတွေ

တရားရုံးမှာ မင်္ဂလာလက်မှတ်ထိုးမယ်ဆိုရင် လိုတဲ့အရာတွေ
မင်္ဂလာလက်မှတ်ရေးထိုးတယ်ဆိုတာဟာ မင်္ဂလာပွဲတွေထက်တောင်
 ပိုပြီး အသက်ဝင်အဓိပ္ပါယ် ရှိတဲ့အပြင် တကယ့်ကို တရားဥပဒေကတောင်
 စုံတွဲလေးတို့ရဲ့ ချစ်ခြင်းကို အသိအမှတ်ပြုရခြင်းပါ။ တရားဝင် အကြင်
လင်မယားအဖြစ် တရားရုံးမှာ စာရင်းဝင်ပြီး တရားသူကြီးရှေ့မှောက်မှာ 
လက်ထပ်ကြတာပါ။ ဒီလိုမျိုး ချစ်သူနှစ်ဦး လက်မှတ်ထိုးဖို့ ဘာတွေ 
လိုအပ်မလဲဆိုတာ ကြိုတင်ပြီး သိထားဖို့ လိုပါတယ်နော်။
ဘာတွေလိုအပ်မလဲ
တရားရုံးမှာ လက်မှတ်ထိုးမယ် ဆိုရင်တော့ ဇနီးမောင်နှံလေးတို့အပြင်
 အသိသက်သေတွေလည်း လိုပါတယ်။ ဘယ်တရားရုံးမှာပဲ ထိုးထိုး 
ယူသွားရမယ့် စာရွက်စာတမ်းလေးတွေ ရှိပါတယ်။ အဲဒါတွေကတော့
 လက်ထပ်စာချုပ်မူရင်း၊ မိတ္တူ(၂) စုံ၊ စုံတွဲလေးတို့ မှတ်ပုံတင် မူရင်းနဲ့ 
မိတ္တူ(၂) စုံ၊ အသိသက်သေ(၂) ဦးရဲ့ မူရင်းနဲ့ မိတ္တူတို့ ယူဆောင်သွားရမှာ ဖြစ်ပါတယ်။
တရားရုံးရောက်ပြီဆိုရင်
စုံတွဲလေးတို့အနေနဲ့ တရားရုံးကို ခပ်စောစောလေး သွားဖို့လိုပါတယ်။ 
လူကြပ်တတ်တာမို့ တစ်ခါတလေ စောင့်ရနိုင်ပါတယ်။ တရားရုံးရောက်ပြီဆိုရင်
 စာရင်းသွင်းရမယ့်နေရာမှာ စာရွက်စာတမ်းတွေ ထပ်ပြီး စောင့်ရမှာပါ။ ရုံးက
 စာရေးမက ကိုယ့်နာမည်ခေါ်ပေးတဲ့အခါမှ ဝင်ပြီး တရားသူကြီးရှေ့မှောက်မှာ 
လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ စာရင်းသွင်းထားတဲ့ စာအုပ်မှာလည်း 
လက်မှတ်ထိုးရပါမယ်။ အကုန်လုံးပြီးပြီဆိုရင်တော့ လက်မှတ်ထိုးတာ ပြီးဆုံးပါပြီ။
ဗဟိုတရားရုံးမှာ ထိုးမယ်ဆိုရင်
ဗဟိုတရားရုံးမှာထိုးမယ်ဆိုရင်တော့ ဗားလမ်းအပေါက်ဘက်က ဝင်ရမှာ ဖြစ်ပါတယ်။
 ဂိတ်ဝမှာ မှတ်ပုံတင်တစ်ခု ထားခဲ့ပြီး င်ခွင့်ကတ်နဲ့ လဲရမှာပါ။
 အသိသက်သေတွေရဲ့ မှတ်ပုံတင် ထားခဲ့လည်းရပါတယ်။
 စာရေးတွေဆီမှာ စာရွက်စာတမ်းတွေထပ်ပြီး စောင့်ရမှာပါ။

Credit - ဥပဒေရေးရာ။

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate