နစ်နာကြေးပေးမှ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးမယ်ဆိုတဲ့ မိန်းမ။

နစ်နာကြေးပေးမှ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးမယ်ဆိုတဲ့ မိန်းမ။

ကျွန်တော်တို့လင်မယားနှစ်ယောက် အတူမနေတာ ၇ နှစ်လောက်ရှိနေပါပြီ ။
 ဆက်လက်မပေါင်း လိုတော့ လို့  လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျေးရွာ
အုပ်ချုပ်ရေးမှူးရှေ့မှာ လက်မှတ်ထိုးကွာရှင်းခဲ့ပါတယ် ။ အခုချိန်မှာ ကျွန်တော်က
နောက်အိမ်ထောင်ပြုမှာမို့လို့ တရားရုံးမှာ ကွာရှင်းလက်မှတ်ထိုးဖို့ပြောတော့ 
သူက နစ်နာကြေး ရမှ လက်မှတ်ထိုးပေးနိုင်မယ်လို့ ပြောလာပါတယ်။ 
ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှာ လက်မှတ်ထိုးတာ တရား ဝင်မဝင် ၊ 
တရားရုံးမှာ လက်မှတ်ထိုးမှ တရားဝင်မှာလား ၊ စာချုပ်လက်မှတ် ထိုးတဲ့အတွက် 
နစ်နာကြေးပေးဖို့ လိုမလိုဆိုတာ သိချင်ပါတယ် ။
===========================
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ထိမ်းမြားလက်ထပ်တယ်ဆိုတာ လောကီလူမှုရေး
ကိစ္စသက်သက်သာဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေလို စည်းတွေကမ်းတွေ၊ 
လုပ်ထုံးလုပ်နည်းတွေမလိုပါဘူး။ သိမ်မွေ့ပြီးတော့ အရေး ကြီး တဲ့လူမူရေးကိစ္စလို့ပဲ 
သတ်မှတ်ပါတယ်။ အဲဒီတော့ လင်မယားကွာ ရှင်းတဲ့ ကိစ္စမှာလည်း ဓလေ့ထုံးတမ်းဥပဒေ 
မှာပဲဖြစ်ဖြစ် ဥပဒေပြဋ္ဌာန်းထားတာပဲဖြစ်ဖြစ် စာချုပ်စာတမ်းရေးရမယ်လို့
 ပြဋ္ဌာန်းချက်မရှိပါဘူး။  နှစ်ဦးသဘော တူ ကျေကျေနပ်နပ် ကွာရှင်းတဲ့အခါမှာ 
စာချုပ်စာတမ်းမပြာနဲ့  အရပ်လူကြီး ခေါ်ပြီးတော့ မှတ်တမ်းတင်ပေးပါ လို့တောင်
 ပြောဖို့မလိုပါဘူး။ နှစ်ဦးသဘောတူရှင်းကြ၊ ကွာကြဆိုရင်ပြီးတာပါပဲ။ 
အခုကိစ္စမှာတော့ ရပ်ကွက်လူကြီးတွေရှေ့မှာလည်း လက်မှတ်ထိုးတယ်၊ 
အတူမနေကြတာလည်း ၇ နှစ်တောင် ရှိပြီဆိုတော့ ဓလေ့ထုံးတမ်းဥပဒေအရ 
ကွားရှင်းပြတ်စဲသွားတာ သေချာပါတယ်။ ဥပဒေအရ ကိုယ်နဲ့ကွာရှင်း ထားတဲ့ 
မိန်းမဟာ တစ်စိမ်းပြင်ပြင် ဖြစ်သွားပါပြီ။ ဒါကြောင့် သူ့ထောက်ခံချက် 
မလိုတော့ပါဘူး။ နောက်ထပ် မိန်းမယူလို့ ရပါတယ်။  တစ်ခုရှိတာက သူကိုယ်တိုင် 
အပြစ်ကင်းရမှာပေါ့။ ကိုယ့်မိန်းမကို စာချုပ်ချူပ်ခိုင်းဖို့  အကြပ်ကိုင်တိုင်တာတို့၊ 
လှည်ဖြားတာတို့ မဖြစ်ပါစေနဲ့။ အဲဒီလိုမဖြစ်ရင် သူ့မိန်းမက သူကိုတစ်လင်တစ်မယား
 ဥပဒေနဲ့ စွဲရင်တောင် သူတို့ ကွာ ရှင်းစာချုပ်ကို ပြပြီး ဖြေရှင်းလို့ရပါတယ်။ 

#DVBlawlab 
#လင်မယားကွာရှင်းရေး 
#တစ်လင်တစ်မယားဥပဒေ

Credit - ဥပဒေရေးရာ

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate