ကျွန်တော့် အမျိုးသမီးက လက်ထပ်ပြီး ငါးရက် အကြာမှာ ရှိတဲ့ငွေ ဆယ်သိန်း ယူပြီး သူ့ရွာကို ပြန်သွား ပါတယ် ။ ပြန်မလာတာ တစ်နှစ်ခွဲ ကျော် သွားပါပြီ ။ သူ့ရွာမှာ သွားပြန် ခေါ်တော့လည်း သူ့မိဘ တွေက ပြန်မထည့် ပါဘူး ။ ပြန်မ ပေါင်းရင် ကွာရှင်းခွင့် ပေးပါလို့ ပြောတော့လည်း နစ်နာကြေး ထပ်တောင်း နေပါတယ် ။ ဘယ်လို ဆက်လုပ် ရမလဲ ဆိုတာ သိလို ပါတယ် ။

ကျွန်တော့် အမျိုးသမီးက လက်ထပ်ပြီး ငါးရက် အကြာမှာ ရှိတဲ့ငွေ ဆယ်သိန်း ယူပြီး သူ့ရွာကို ပြန်သွား ပါတယ် ။ ပြန်မလာတာ တစ်နှစ် ခွဲကျော် သွားပါပြီ ။ သူ့ရွာမှာ သွားပြန်ခေါ် တော့လည်း သူ့မိဘ တွေက ပြန်မထည့် ပါဘူး ။ ပြန်မပေါင်းရင် ကွာရှင်း ခွင့်ပေး ပါလို့ ပြောတော့လည်း နစ်နာကြေး ထပ်တောင်း နေပါတယ် ။ ဘယ်လို ဆက်လုပ် ရမလဲ ဆိုတာ သိလိုပါတယ် ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီမေးခွန်းရဲ့ အနေအထား ကို ကြည့်မယ် ဆိုရင် ဒီ ခင်ပွန်းသည် လုပ်သူက နှင်တာကို မတွေ့ရဘူး ။ သူ့ သဘောအရ အကြောင်းမဲ့ ပြန်သွား တယ်လို့ပဲ ကျွန်မတို့က ဒီမေးခွန်း အရ သတ်မှတ် ရပါမယ် ။ ဒါကြောင့်မို့ ဒီလို နှင်ထုတ်တာ လဲ မဟုတ်ဘူး ။ တစ်နှစ် ခွဲကျော်လည်း ကြာသွားပြီ ၊ မိဘတွေ ကလည်း ပြန်မထည့် ဘူးဆိုတဲ့ အပိုင်းမှာ ဆိုရင် ဒီ မိန်းကလေးကို မိဘတွေက ပြန်မလိုက် နိုင်အောင် သွေးဆောင် ထားသလား ဆိုတာလည်း ကျွန်မတို့က ပြန်ကြည့် ရပါမယ် ။
အဲ့တော့ ဇနီးသည်က အကြောင်းမဲ့ ပြန်မ လိုက်ဘူး ဆိုတဲ့အကြောင်းတွေ ကိုလည်း ခင်ပွန်းသည် ယောကျာ်းက မသိရှိ တဲ့အတွက် ကြောင့်မို့ သူနဲ့ ပြန်ပေါင်း လိုတယ် ဆိုရင် ဇနီးဖြစ် သူကို တရားရုံး ကနေပြီး တော့ မယားခေါ် လိုမှုနဲ့ တရားစွဲ လို့ရပါတယ် ။
မယားခေါ်လိုမှုက ကျွန်မတို့ တရားမကြီး အမှုနဲ့လည်း စွဲလို့ရ ပါတယ် ။ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ( ၄၈၈ ) အရ မယား ကနေပြီးတော့ စားစရိတ် တောင်းခံခွင့် ရှိသော်လည်းပဲ သူ့သဘော အလျှောက် ထွက်သွားတာ ။ အဲဒီ တော့ယောကျာ်းက မယားခေါ် လိုမှုမှာ အနိုင်ရရှိ သွားမယ်ဆိုရင် စားစရိတ် တောင်းဖို့ တောင်တော်တော် ခက်ခဲ သွားပါ လိမ့်မယ် ။
လင် ကနေပြီး လင် မသိအောင် အကြောင်းမဲ့ ထွက်ခွာ သွားတယ် ။ အဲဒီတော့ လင်က နေပြီး တရားစွဲ မယ်ဆိုရင် လင်က ဒီကေ့စ်ကို အနိုင်ရှိ သွားပြီး မယားက အနိုင်ရရှိ ပေးမယ့်လည်း ဆက်ပြီး ငြင်းဆန် နေမယ်ဆိုရင် စောစောက ပြောသလိုပဲ စားစရိတ် တွေဘာတွေ တောင်းခံ ခွင့်လည်း ထပ်မံ တောင်းခံခွင့် မရှိတော့ဘူး ။
မယား စရိတ် မဟုတ်ဘူးနော်… စား စရိတ်ပါ တောင်းခွင့် မရှိတော့ဘူး ဆိုတဲ့ အကြောင်းကို ” မထားနဲ့ အေးမောင် အေ အိုင် အာ ၊ ၁၉၃၁ ၊ ရန်ကုန် စာမျက်နှာ ၁၁၁ ” မှာ အတိ အလင်း ထုံးပြု ထားတာ ရှိပါတယ် ။ ဒါကြောင့် မို့လို့ နစ်နာ ကြေး အနေ နဲ့လဲ တောင်းခံခွင့် မရှိပါ ဘူးလို့ ဖြေကြားချင် ပါတယ် ။
#DVBlawlab #မယားခေါ်လိုမှု #နစ်နာကြေး
Credit - ဥပဒေရေးရာ
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...