သူတစ်ပါး အမည်ငှား / အမည်ခံ ဖြင့် လွှဲပြောင်းခြင်း ( Benaim transaction )

သူတစ်ပါး အမည်ငှား / အမည်ခံ ဖြင့် လွှဲပြောင်းခြင်း ( Benaim transaction )

အိမ်  ခြံ  မြေ  အစရှိသည့် ပစ္စည်းများ ကို ဝယ်ယူရာတွင် မိမိ၏အမည်ဖြင့် စာချုပ်စာတမ်း
ပြုလုပ် ချုပ်ဆို၍ ဝယ်ယူရန် ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အိမ်၊ခြံ၊မြေ၊
ဝယ်ယူသူသည် မိမိ၏အမည်ဖြင့် မဝယ်ယူဘဲ စာချုပ်၌ ဝယ်ယူသူနေရာတွင် မိမိ၏သား
သမီး အမည်ဖြင့်လည်းကောင်း၊ မိမိ၏ ညီအစ်ကိုမောင်နှမ အမည်ဖြင့်လည်းကောင်း၊ မိမိ
၏ တူ တူမအမည်ဖြင့် လည်းကောင်း အဆုံးစွန်ဆုံး မိမိယုံကြည်စိတ်ချရသည့်သူ တစ်စိမ်း
အမည်တို့ဖြင့် အမည်ခံ၍ ဝယ်ယူလွှဲပြောင်းခြင်း ကို " အမည်ငှား / အမည်ခံဝယ်ယူလွှဲပြောင်း
ခြင်း ( Binami transaction )ဟု " ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ "( The transfer of-
property Act ) ပြဌာန်းဥပဒေတွင် ပြဌာန်းပါရှိပါသည်။
သူတစ်ပါး အမည်ငှား / အမည်ခံဖြင့် လွှဲပြောင်းခြင်း ပြုလုပ်ဆောင်ရွက်မှုသည် ဆောင်ရွက်
သည့် လတ်တလောအချိန်တွင် မည်သည့် ပြဿနာ မည်သည့် အငြင်းပွားစရာ ကိစ္စများပေါ်
ရန်မရှိသော်လည်း အချိန်ကာလ ကြာလာခဲ့သည့် တစ်ချိန်ချိန်တွင် ယူသူအစစ်အမှန် နှင့် အ
အမည်ငှား ၊ အမည်ခံတို့ အကြားမလိုလားအပ်သော အငြင်းပွားဘွယ်ရာ  ကိစ္စရပ်များပေါ်
ပေါက်လာခဲ့၍ တရားမတရားရုံးများ၌ အမည်ခံ/အမည်ငှားဖြစ်ကြောင်းတရားတစ်ဘောင်
စွဲဆိုအငြင်းပွားသည်အထိဖြစ်ခဲ့ရသည်ကိုစီရင်ထုံးသာဓကများအရလေ့လာဖတ်ရှုခဲ့ရပါ
သည်။
အမည်ငှား/,အမည်ခံ(Binami)ကိစ္စကိုတရားရုံးများကစီရင်ထုံးအချို့ဖြင့်ခွဲခြားခဲ့ပါသည်၊
(၁)အမည်ငှားစနစ်ဖြင့်အရောင်းအဝယ်ပြုလုပ်ရန်အကြောင်းရှိ/မရှိ။
(၂)အမည်ငှားပိုင်ရှင်အစစ်အမှန်တို့နှစ်ဦးနှစ်ဘက်ဆက်ဆံဆက်စပ်ပုံအရပိုင်ရှင်အစစ်အ
       မှန်ဖြစ်သူကအမည်ငှား/အမည်ခံသူကိုအမည်ငှား/အမည်ခံအဖြစ်ရွေးချယ်‌ရန်အ
       ကြောင်းရှိ/မရှိ။
 (၃) ဝယ်ယူခဲ့သည့်အိမ်၊ခြံ၊မြေ၊နှင့်ပတ်သက်၍ချုပ်ဆိုထားခဲ့သည့်စာချုပ်စာတမ်းမူရင်း
        များ၊ဆက်စပ်စာချုပ်များ၊ပိုင်ဆိုင်မှုစာရွက်စာတမ်းမျး၊မည်သူ၏လက်ဝယ်၊မည်
        သူ့ထံတွင်ရှိသည်/မရှိသည်။
(၄)ဝယ်ယူခဲ့သည့်အိမ်ခြံမြေသည်လက်ရှိတွင်မည်သူ၏လက်ဝယ်ရှိနေသည်။
(၅)အိမ်ခြံမြေဝယ်ယူသည့်ပစ္စည်းဖိုးငွေအားမည်သူ့ထံမှရရှိသည်။- - -စသည့်အချက်
များအပေါ်အခြေခံမှတ်ကျောက်တင်သုံးသပ်ကြပါသည်။
အောက်ပါစီရင်ထုံးများမှာကြည့်ပါ။
(၁)ရန်ကုန်၊အတွဲ(၇)၊စာ-၇၉၇၊
(၂) ၁၉၄၉-ခုနှစ်၊(လွှတ်တော်)စာ-၄၁၁၊
(၃)၁၉၆၇၉-ခုနှစ်(ရုံးချုပ်)စာ-၁၄၈၊
#crd  ဥပဒေဗဟုသုတ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate