အမည်ခံ အမည်ငှားစနစ်နဲ့ လွှဲပြောင်းဝယ်ယူခြင်း ဘီနာမီ ထရမ်စစ်ရှင် ( Benami Transactions )

ကျွန်မက နိင်ငံရပ်ခြားမှာ အလုပ်လုပ်နေပါတယ် ။ မိဘတွေက မြန်မာပြည်မှာ ရှိပါတယ် ။ ရန်ကုန် မှာ အိမ် နဲ့ ခြံ ဝယ်ချင်ပါတယ် ။ လောလောဆယ် မပြန်နိုင်သေးတဲ့အတွက် အရောင်းအဝယ်လုပ်ပြီး အမည်ပေါက်ကို အဖေ့အမည်နဲ့ ထားရင် နောင်တစ်ချိန် မိဘတွေ မရှိတော့တဲ့နောက်ပိုင်း ညီအကိုမောင်နှမတွေကော အဲ ပိုင်ဆိုင်မှု ခွဲဝေပေးရမှာလား ။ ဘယ်လိုလုပ်ရင် ပိုအဆင်ပြေနိင်ပါသလဲ ဆိုတာကို သိလိုပါတယ် ။
=========================
ဒါက လူမှုစီပွားရေးမှာ ခြွင်းချက်ပြဿနာတစ်ခုပဲ။ ဖြစ်လေ့ ဖြစ်ထလည်း ရှိတယ်။ သူက နိုင်ငံခြားမှာ အလုပ်လုပ် နေတော့ ဒီက ယုံကြည်ရတဲ့ အဖေ့အမည်နဲ့ ထားတယ်။ မတော်တဆ အဖေ ၊ အမေ မရှိတော့ရင် ဘယ်လိုဖြစ် မလဲပေါ့။ အဖေမရှိတော့ရင် စာချုပ်ကြီးက အဖေပိုင်တယ်။ အဖေပစ္စည်းပေါ့ ။ ကျန်တဲ့ ညီကိုမောင်နှမတွေရဲ့ အမွေပစ္စည်းဖြစ်လာတယ်။ အဲ့တော့ စိုးရိမ်စရာလည်း ဖြစ်တယ် ။ ဒါမျိုးကို ဥပဒေသဘောတရားအရ အမည်ခံ အမည်ငှားစနစ်နဲ့ လွှဲပြောင်းဝယ်ယူခြင်း ဘီနာမီ ထရမ်စစ်ရှင်( Benami Transactions ) လို့ ခေါ်တယ်။ အဲလို့ ဟာမျိုးက မြန်မာနိုင်ငံမှာလည်း အစဉ်အလာ ရှိတယ်။ ကိုယ်က အကြောင်း အားလျှော်စွာ မရှိလို့ ယုံကြည်စိတ်ချရ သူကို နာမည်ခံပြီး ဝယ်တယ်ဆိုရင် မိမိသာ ပိုင်ရှင်ဖြစ်တယ်လို့ ဥပဒေအရ သတ်မှတ်ပေးပါတယ်။
သူတို့ လိုက်နာကျင့်သုံးနိုင်တဲ့ ဥပဒေစည်းကမ်းချက်ကို အကျဉ်းချုပ် ပြောမယ် ။ ဒီဥပဒေက ပုဒ်မတွေ ၊ နည်း ဥပဒေတွေနဲ့ ဥပဒေပြဋ္ဌာန်းတာ မဟုတ်ဘူး။ စီရင်ထုံးတွေအရ သတ်မှတ်တာ။ ၂၀၁၅ မြန်မာနိုင်ငံ စီရင်ထုံး ၊ စာမျက်နှာ ၂၀၉ မှာပါ ပါတယ်။ ဒီမိန်းကလေးဟာ သူအဖေ အမည်နဲ့ အိမ်ဝယ်ထားတယ်ဆိုတာကို အဲလိုဝယ် လောက်တဲ့ အကြောင်းရှိ မရှိနဲ့ ၊ နောက် သူက ငွေထုတ်တယ် ၊ သူများကို အမည်ခံ ခိုင်းတယ် ဘာကြောင့်လဲ ၊ သူ့ကိုပဲ ရွှေးချယ်ရတာလား ၊ သူမှ တစ်ပါး မရှိဘူးလား။ ဒီအခြေအနေတစ်ခုလည်း ခိုင်မာဖို့ လိုတယ် ။
နောက် ဒီစာချုပ်စာတမ်းတွေကို ဘယ်သူဆီမှာ ထိန်းသိမ်းထားသလဲ ၊ နောက် ဒီပစ္စည်းကို ဘယ်သူရဲ့ စီမံမှုနဲ့ လုပ်နေသလဲ ၊ ဒီငွေရဲ့ အရင်းအမြစ် ပိုင်ရှင်ဟာ ဘယ်သူလဲ ၊ အမေအမည်နဲ့ ဝယ်တော့ အဖေကို ပိုင်ဆိုင်စေချင် လိုတဲ့ ရည်ရွယ်ချက်နဲ့ ဝယ်တာလား ၊ ဒီအချက် ၆ ချက်နဲ့ တိုင်းတာပါတယ် ။ အဲတော့ ဒီမိန်းကလေးအနေနဲ့ ဝယ်ပါ ၊ စာချုပ်တွေ နဲ့ ကိုင်တွယ်ပါ။ နောက်ဒီအိမ်ကို ငှားထားမယ်ဆိုရင်လည်း သူကနေ တိုက်ရိုက် ငှားတယ် ၊ နေဖို့ ညွှန်ကြားထားတယ်ဆိုတဲ့ အခြေအနေမျိုး ပြင်ဆင်ထားပေးပါ။ မှတ်တမ်းမှတ်ရာ ထားပေးပါ ။ ဒါဆိုရင်တော့ မိဘတွေ ဆုံးပါး သွားသော်ငြားလည်း သူ့ပိုင်ဆိုင်ခွင့်က ဆုံးရှုံးစရာ မရှိပါဘူးလို့ အကြံပေး ဖြေကြားချင်ပါတယ်။
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...