မိုးရာသီ နှင့် သွေးလွန်တုပ်ကွေး အန္တရာယ်

မိုးရာသီ နှင့် သွေးလွန်တုပ်ကွေး အန္တရာယ်
မြန်မာ နိုင်ငံတွင် နွေ ၊ မိုး ၊ ဆောင်း ဟူ၍ ဉတုသုံးပါး ရှိသည်ကို အားလုံးလည်း သိထားပြီး ဖြစ်ပါသည် ။ ထိုထဲတွင် မိုးရာသီသည် စာရေးသူ အကြိုက်ဆုံးသော ရာသီဖြစ်ပါသည် ။ အဘယ်ကြောင့် ဆိုသော် မိုးရာသီတွင် အရပ်မျက်နှာ အားလုံးတို့သည် စိမ်းစိုလန်းဆန်းဖွယ် ရှု့ခင်းများ နှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် များကို ပေါပေါများများ မြင်တွေ့ရသော ကြောင့်ဖြစ်သည် ။ သို့သော်အခြားတစ်ဖက်တွင်လည်း မိုးရာသီကို မကြိုက်ပြန်ပါ။ အဘယ်ကြောင့်ဆို လူ့အသက်ကို အလွယ်လေးနုတ်ယူ နိုင်သော သွေးလွန်တုပ်ကွေးရောဂါဆိုးကြီးသည် ဤရာသီ နှင့်အတူ တွဲပါလာသော ကြောင့်ဖြစ်သည် ။ မိုးရာသီတွင် သွေးလွန် တုပ်ကွေး ဖြစ်ပွားနိုင်ချေ မြင့်မားကာ သွေးလွန် တုပ်ကွေး Virus ပိုးသယ်ဆောင် လာသည့် ခြင်များ ပေါက်ပွားမှု့နှုန်း များသော ကြောင့်ဖြစ်သည် ။ ထို့ကြောင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည် ဆိုသည့် အတိုင်း ခြင်အန္တရာယ်ကို ကာကွယ်ပေး နိုင်သည့် နည်းလမ်း အချို့ကို Yuzanarland.com မှမျှဝေပေးသွား ပါမည်။
1- ခြင်ထောင် နှင့် အိပ်စက်ပါ ။ အထူးသဖြင့် ပြတင်းပေါက် နှင့် တံခါးပေါက် များတွင် ဖန်သားပြင်များ မရှိပါက ခြင်ထောင်အောက်တွင် အိပ်စက်ပါ ။ ခြင်ထောင်ဟု ဆိုရာတွင်လည်း အပေါက်အပြဲ များရှိနေခြင်းများ မဖြစ်ရ။
2- အပြင်ထွက် သည့်အခါ ဖြစ်စေ အိမ်မှာနေသည့် အခါဖြစ်စေ ခြင်ကိုက်နိုင်သည့် အရေပြားကို လျော့ပါးစေရန် အင်္ကျီလက်ရှည် နှင့် ဘောင်းဘီရှည် များကိုရွေးချယ် ဝတ်ဆင်ရပါမည် ။
3- ထိတွေ့နေသော ရေပြားပေါ်တွင် ခြင်လိမ်းဆေး သို့မဟုတ် ခြင်ဖြန်းဆေး များကိုသုံးပါ ။ သုံးစွဲရာတွင်လည်း တံဆိပ်ပေါ်ရှိညွှန်ကြားချက် အတိုင်းလိုက်နာပါ။
4- ဖြစ်နိုင်လျှင် မိမိအိမ် ပြတင်းများ ခြင်ဝင်နိုင်သော နေရာများတွင် ခြင်လုံစကာ များကို တပ်ဆင်ထား သင့်ပါသည်။သွေးလွန် တုပ်ကွေးသယ်ဆောင်သည့် ခြင်များသည် နံနက်စောစော နှင့် ညနေ နှောင်းပိုင်း အချိန်များတွင် အတက်ကြွဆုံး ဖြစ်သောကြောင့် ဤအချိန်များတွင် အိမ်ထဲတွင် သာနေသင့်ပါသည် ။
5- မိမိ အိမ်အတွင်းအပြင်နှင့် မိမိရပ်ကွက် အတွင်း ခြင်းဆေးဖြန်း ခြင်းလုပ်ငန်းစဉ်များ တွင်လည်း အတက်ကြွဆုံးပါဝင်ပါ ။
6- အဖျားကြီးခြင်း ၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း ၊ မျက်လုံး နောက်တွင် နာကျင်ခြင်း ၊ အဆစ်အမြစ် နှင့် ကြွက်သားများ နာကျင်ခြင်း ၊ ကိုယ်ခန္ဓာတွင် အနီစက်များ နှင့်အဖုပိန့်များ ပေါက်လာပါက ဆေးကုသမှု့ကို ချက်ခြင်းခံယူပါ ။ စောစီးစွာ ရောဂါရှာဖွေခြင်း နှင့် သင့်လျော်သော ဆေးကုသမှု့ခံယူ ခြင်းသည် နောက်ဆက်တွဲ ပြသာနာများကို ကာကွယ်ပေးနိုင်သည် ။
7- သွေးလွန် တုပ်ကွေး ဖြစ်လျှင် ရေဓာတ်ပြည့်၀ နေဖို့ အရေးကြီးပါသည် ။ ထို့ကြောင့် အရည်များများ သောက်ပြီးများများ အနားယူပေးရပါမည်။
အထက်ဖော်ပြပါ အချက်များကို လိုက်နာကာ ခြင်ရာသီတွင် ခြင်အန္တရာယ်ကို ကာကွယ်ကာ ကျန်းမာပျော်ရွှင်စွာ နေသောဘ၀ကို ပိုင်ဆိုင်နိုင် ကြပါစေကြောင်း စေတနာ ရှေ့ထားကာ ဖော်ပြပေးလိုက်ရပါသည် ။
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...