သဘာဝနည်းအတိုင်း ယင်ကောင်တွေကို ဖယ်ရှားနည်း

သဘာဝနည်းအတိုင်း ယင်ကောင်တွေကို ဖယ်ရှားနည်း
ယင်ကောင်တွေဟာ မိမိတို့စားသုံးနေတဲ့ အစားအစာတွေ အပေါ်လာနားတတ်ပြီး အင်းဆက်၊ပိုးမွားတွေကို သယ်ဆောင်လာတတ်တဲ့ ရောဂါဖြစ်စေနိုင်တဲ့ အမျိုးအစားပါ။ဒီလိုကြောက်စရာကောင်းပြီးလူတွေကို နေမကောင်းဖြစ်စေတတ်တဲ့ ယင်ကောင်တွေကို သဘာဝအတိုင်းဖယ်ရှားနိုင်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။
(1) ငရုပ်သီးမှုန့် နှင့်ရေ
ငရုပ်သီးမှုန့်က ယင်ကောင်တွေကို ဖယ်ရှားပေးတဲ့အခါမှာ များစွာ အထောက်အကူပြုပါတယ်။ ငရုပ်သီးမှုန့်ကို ရေနှင့်ရောပြီး ယင်ကောင်တွေ ရှိတတ်တဲ့နေရာမှာ ပက်ဖြန်းထားလိုက်ပါ။
ဒါကယင်မလာအောင် လုပ်နိုင်ပြီး ယင်ရောက်လာရင်လည်း လှည့်ပြန်သွားမှာပါ။
သတိထားရမှာက ငရုပ်သီးက ပူတဲ့အတွက်ကြောင့် လူတွေရဲ့ အရေပြားတွေ နုနယ်တဲ့နေရာတွေနဲ့ မထိအောင်တော့ ထားရပါမယ်။
(2)(လာဗင်ဒါ၊ယူကလစ်၊ငရုပ်ကောင်း၊စပါးလင်၊ပင်စိမ်း) ဆီအရည်
ဒါတွေပါတဲ့ အရည်ကို ယင်ကောင်တွေဝင်လာနိုင်တဲ့ အပေါက်တွေမှာ ထားထားလိုက်မယ်ဆိုရင် အိမ်ထဲတောင် ယင်တွေဝင်လာနိုင်မှာမဟုတ်ပါဘူး။ ဒီနည်းတွေက ဓာတုပိုးသတ်ဆေး သုံးရမယ့်အစား အော်ဂဲနစ်နည်းတွေနှင့် ယင်တွေကို ဖယ်ရှားနိုင်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။
ဒါကိုတော့ ကလေးတွေ လက်လှမ်းမမှီတဲ့နေရာမှာ ထားပါနော်။
(3)နောက်ထပ်သဘာဝအတိုင်း ထွက်သွားစေနိုင်တဲ့ နည်းလမ်းကတော့
သင့်အိမ်ပတ်ပတ်လည်မှာ ဒီအပင်တွေကိုစိုက်ပျိုးပါ။
- လာပင်ဒါ
- စပါးလင်
- ပင်စိမ်း
- ပူစီနံ
ဒီအပင်တွေရဲ့ အနံအသက်ကို ယင် တွေက လုံးဝမကြိုက်ပါဘူး။ဒါကြောင့် အိမ်ပတ်ပတ်လည်မှာ စိုက်ပျိုးထားခြင်းအားဖြင့် ယင်တွေကလာမှာမဟုတ်ပါဘူး။
(4)ပန်ကာ အသုံးပြုပါ။
ယင်တွေလာတတ်တဲ့နေရာမှာ ပန်ကာထားလိုက်ခြင်းဖြင့် ပြင်းထန်တဲ့ လေတိုက်ခတ်နှုန်းကို ယင်တွေက ခံနိုင်ရည်မရှိပါဘူး ဒါကြောင့်ယင်တွေ ပန်ကာနားနီးလာတာနဲ့ အဝေးရောက်သွားမှာပါ။
(5) Citronella ဖယောင်းတိုင်ထွန်းပါ။
ဖယောင်းတိုင်ရဲ့ အနံကို ယင်ကောင်တွေက ခံနိုင်ရည်မရှိပါဘူး.။ ဒါကြောင့် ယင်တွေက ဝေးဝေးပြေးမှာပါ။
(6) ယင်ထောင်ချောက်ကို အသုံးပြုပါ။
ပန်းသီးရှာလကာရည် အနည်းငယ်နှင့်ပန်ကန်ဆေးဆပ်ပြာရည် အနည်းငယ်ကို ဗူးတစ်ခုမှာဖြစ်ဖြစ် ဖန်ပုလင်းထဲမှာဖြစ်ဖြစ် ထည့်လိုက်ပါ။
ပြီးတာနဲ့ ပလပ်တစ်စနဲ့သေချာစွာ ဖုံးအုပ်ထားလိုက်ပါ။
ပလပစတစ်ကိုလည်း လုံခြုံစွာ ရာဘာစ ၊ သရေတို့ နှင့်ပတ်ပြီး စည်းထားလိုက်ပါ။
ပလပ်စတစ်ထိပ်မှာ အပေါက်သေးသေးလေးကိုလည်း ဖောက်ထားပေးပါ။
အဲဒီလိုလုပ်ပြီး ယင်ကောင်အများစုရှိတဲ့ နေရာမှာထားပါ။
ပန်းသီးရှာလကာရည်က ယင်ကောင်တွေကို ဆွဲဆောင်နေတဲ့အခါ ယင်ကောင်တွေက အပေါက်သေးသေးလေးကိုဖြတ်ကျော်ပြီးဖန်ပုလင်းထဲဝင်သွားပါတယ်။ ဒါပေမယ့် ပန်ကန်ဆေးဆပ်ပြာရည်တွေက ချော်ကျိကျိဖြစ်ပြီး ယင်တွေပြန်ထွက်မရ ဖြစ်ကုန်ပါတယ်။
ဒါလေးကတော့ ယင်ထောင်ချောက်ပါ။
ယင်တွေကို ဖယ်ရှားနေမယ့်အစား ယင်မလာအောင် ကာကွယ်ပါ။
ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်ပါတယ်။
(1)သင့်ရဲ့အိမ်ကို သန့်ရှင်းရေးလုပ်ပါ.
(2) အိမ်မွေးတိရိစ္ဆာန် ၊ မီးဖိုချောင်နှင့်ပတ်ဝန်းကျင် ကိုလည်းသန့်ရှင်းအောင်လုပ်ပါ။
(3) မြေဆွေးဗုံးတွေ သင့်အိမ်ခြံထဲမှာ ရှိနေရင်ဖယ်ရှားပါ။ မြေဆွေးဗုံးက နွေးပြီး ယင်တွေ ကြိုက်နှစ်သက်ပြီး ပေါက်ဖွားတဲ့နေရာပါ။
ယင်ကောင်တွေကို ဆွဲဆောင်တဲ့အရာ တွေကတော့
(1) မစင်
(2)အသားပုပ်
(3)ဆွေးမြေ့နေတဲ့ အော်ဂဲနစ်အစားအစာ
(4)အမှည့်လွန်နေတဲ့ သစ်သီးတွေ
(5) ဆိုဒါ ၊ အရက်
(6)သကြား ၊ ချိုတဲ့အစားအစာ
စတာတွေက ယင်တွေကို ဆွဲဆောင်တဲ့အရာတွေပါ။
ယင်တွေက နေ့အချိန်မှာ သွားလာလှုပ်ရှားပြီး ညအချိန်မှာတော့ အရွက်အောက်နှင့် အပင် ပင်စည်အောက်မှာ နေထိုင်ကြပါတယ်။နေရောင်ခြည်ကလည်း သူတို့ပျံသန်းမှု့ကို အထောက်အပံပေးပါတယ်။
သဘာဝအတိုင်း ယင်တွေကို ဖယ်ရှားပြီးတော့ သန့်ရှင်းသပ်ရပ်စွာ နေထိုင်မယ်ဆိုရင် ကျန်းမာတဲ့ဘဝကို ရရှိမှာပဲဖြစ်ပါတယ်။
Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...