ရာသီမရွေး ဒုက္ခပေးတတ်တဲ့ မှိုတွေကို ဘယ်လိုသဘာဝနည်းလမ်း ကောင်းတွေနဲ့ ရှင်းရမလဲ ?

11-Oct-23 Knowledge
ရာသီမရွေး ဒုက္ခပေးတတ်တဲ့  မှိုတွေကို ဘယ်လိုသဘာဝနည်းလမ်း  ကောင်းတွေနဲ့ ရှင်းရမလဲ ?

ရာသီမရွေး ဒုက္ခပေးတတ်တဲ့

မှိုတွေကို ဘယ်လိုသဘာဝနည်းလမ်း

ကောင်းတွေနဲ့ ရှင်းရမလဲ ?

🔺 မှိုတွေ ဘယ်လိုကနေ စဖြစ်လာသလဲ?

မှိုဆိုတာနဲ့ အားလုံးလည်း မြင်နေကြဖြစ်ပြီး

ရင်းနှီးကျွမ်းဝင်သိပြီးသားပါ။ အရောင်အသွေး

စုံလင်စွာနဲ့ အမျိုးအစားပေါင်းများစွာရှိပါတယ်။

အိမ်သန့်ရှင်း ကိုအထူးဂရုပြုတတ်တဲ့

အိမ်ရှင်မတွေအနေနဲ့ တော့ ပိုလို့တောင်

ရင်းနှီးပြီးသားဖြစ်ပါမယ်။ တိုက်ခန်းတွေ

ရဲ့ နံရံ ၊မျက်နှာကျက် ၊ရေချိုးခန်း အိမ်သာ

နဲ့ စိုထိုင်းတဲ့ နေရာတွေမှာ ရာသီမရွေး

ဒုက္ခပေးဖို့ အဆင့်သင့်ရှိနေတတ်တာတွေလို့

ပြောရင်လည်းမမှားပါဘူး။

မှိုတွေအဓိက ဖြစ်စေတဲ့ အကြောင်းရင်း

တွေကတော့ ရေယိုစိမ့်တာ ၊ လိုအပ်တဲ့

အပူချိန်မရှိတာ နဲ့ လေဝင်လေထွက်

မကောင်းတာတွေကြောင့်

စိုထိုင်းစိုစွတ်မှုတွေကနေ ဖြစ်စေပါတယ်။

ဒီမှိုတွေကို သန့်ရှင်းရေးမလုပ်ပဲဒီတိုင်း

ထားမယ်ဆိုရင် ရလာမဲ့ဆိုးကျိုးတွေကလည်း

ဒုနဲ့ဒေးပါ။

🔺 ဆိုးကျိုးအနေနဲ့ ဘာတွေဖြစ်စေသလဲ?

ပထမဆုံးအနေနဲ့ ကတော့ မိမိရဲ့

အိမ်ရုပ်ပျက်ဆင်းပျက်ဆင်းပျက်ဖြစ်နေပြီး

အနံ့ဆိုးတွေကို စတင်ပြီးခံစားရပါပြီ ။

နောက်ထပ်အကျိုးသက်ရောက်မှုတွေ

အနေနဲ့ ကတော့ မှိုတွေက ကျန်းမာရေးကို

လည်း တော်တော်လေးကို ဆိုးရွားစွာ

ထိခိုက်စေပါတယ်။ ဘာတွေလည်းဆိုရင်

၁. နှာမွန်းစေခြင်း

၂. လည်ချောင်းနာခြင်း

၃. ချောင်းဆိုးခြင်း

၄. မျက်လုံးများကိုပူစပ်စေခြင်း

၅. ဓာတ်မတည့်တဲ့ သူတွေကို ဆိုရင်

အရေပြားယားယံစေခြင်း စတဲ့

နေ့စဉ်ကြုံတွေ့ရတဲ့ ကျန်းမာရေးရောဂါ

လက္ခဏာတွေကိုဖြစ်စေပါတယ်။

ဒါပင်မဲ့ သတိမမူဘဲ နေတဲ့ အတွက်ကြောင့်

ဒီလက္ခဏာတွေကို ဖြစ်စေတဲ့မှို တွေကို

နေအိမ်ကနေမရှင်းထုတ်ဘဲနေမယ်ဆိုရင်

အပေါ်က ရောဂါတွေတင်မကပါဘူး

ကိုယ့်အိမ် နဲ့ ပရိဘောကပစ္စည်းတွေကို

လည်း မှိုတွေက အချိန်တိုအတွင်း

ထိထိရောက်ရောက်ကို ဖျက်ဆီးမှာပါ ။

🔺 မှိုတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှင်းပြီး ကာကွယ်နိုင်လဲ?

မှိုတွေကို ရှင်းလင်းနိုင်တဲ့

သဘာဝနည်းလမ်းတွေကတော့-

၁။ရှာလကာရည်(ကြမ်းခင်း နှင့် ပရိဘောဂ)

မှိုတွေအတွက် အထိရောက်ဆုံး

ပစ္စည်းတစ်ခုဖြစ်သလို ဘေးဥပါဒ်အန္တာရာယ်

အကင်းဆုံးနည်းလမ်းဆိုရင်လည်းမမှားပါဘူးနော် ။

မှိုအမျိုးပေါင်း 80% နှုန်းကို

အကျိုးသက်ရောက်မှုရှိတဲ့

အက်ဆစ်အမျိုးစားသူ့မှာပါဝင်ပါတယ်။

အိမ်တိုင်းနီးပါးရဲ့ မီးဖိုချောင်သုံးပစ္စည်းဖြစ်လို့

သုံးရလွယ်ကူသလို ဆိုင်တွေမှာလည်း

အလွယ်တကူဝယ်လို့ရပါတယ်.

ဒါပေမဲ့ ရှာလကာရည်နဲ့ မှိုတွေကို

သန့်ရှင်းရေးလုပ်တဲ့ အခါ လ

က်အိပ်နဲ့ Mask အသုံးပြုဖို့တော့လိုမယ်နော်

၂။မုန့်ဖုတ်ဆိုဒါ (Leather ပစ္စည်း)

မှုန့်လုပ်ဖို့၊ သွားတိုက်ဆေးထုတ်လုပ်ဖို့

ပဲမဟုတ်ဘဲ မှိုတွေကို သန့်ရှင်းရေးလုပ်တဲ့

အခါသူ့ကို လည်းသုံးလို့ရပါသေးတယ်။

ရှာရမှာ အခက်အခဲမရှိတဲ့ မီးဖိုချောင်

ပစ္စည်းတစ်မျိုးဖြစ်သလိုအိမ်တွင်းအလွယ်တကူ

မှိုရှင်းလင်းရေးပြုလုပ်နိုင်တဲ့ ဥပါဒ်ကင်းတဲ့

နည်းလမ်းတစ်မျိုးပါဘဲ

၃။ သံပုရာရည်(နံရံ)

မှိုတွေကို ရှင်းဖို့အတွက် သဘာဝရဲ့ ဥပါဒ်ကင်း

နည်းလမ်းတစ်ခုပါ ။သံပုရာရည်မှာ ပါဝင်တဲ့

5%သော အက်ဆစ်ဓာတ် တွေက

ဒီမှိုတွေကို ကောင်းကောင်းအကျိုး

သက်ရောက်စေပါတယ်။

Spray ဘူးလေးတွေမှာထည့်၊ မှိုတွေကိုသန့်ရှင်းရေး

လုပ်တဲ့အခါဖြန်းပြီး ဖော့ ဒါမှမဟုတ်

အဝတ်စနဲ့ သုတ်မယ်ဆိုရင်အရမ်းကို

ထိရောက်စေတဲ့ နည်းလမ်းတစ်ခုပါ။

၄။ လဖက်ဆီ(အဝတ်အထည်)

အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးပါဘဲ။

ဒါမဲ့ လဖက်ဆီကို အသုံးပြုမယ်ဆိုရင်တော့

လဖက်ဆီ ကို လဖက်ရည်ဇွန်း ၂ဇွန်း ကိုရေ

၂ ခွက်နဲ့ ရောပြီး အသုံးပြုနိုင်သလို

ရှာလကာရည် ၂ ခွက်နဲ့ရောပြီးလည်း

မှိုသန့်ရှင်းရေးလုပ်ဖို့အသုံးပြုနိုင်ပါတယ်။

သဘာဝနည်းလမ်းဆိုတိုင်းဘေးဥပါဒ်

လုံးဝကင်းရှင်းနေတာမဟုတ်ပါဘူး ။

လဖက်ဆီကို မျိုချမိမယ်ဆိုရင်

အန္တရာယ်ရှိတာကြောင့် အထူးဂရုစိုက်ပြီး

သိမ်းဆည်းထားဖို့လိုပါမယ်။

ကလေးရှိမယ်ဆိုရင်တော့

ပိုတောင်သတိထားဖို့လိုပါပြီ.

အဓိကအရေးကြီးတာကတော့ ရေတွေမယိုစိမ့်အောင်နဲ့

လေဝင်လေထွက်ကောင်းအောင် ထားရပါမယ်။

အဝတ်စို တွေကိုအိမ်ထဲမှာ

အခြောက်မလှန်းသင့်ပါဘူး ။အကြောင်းကတော့

ရေငွေ့ပျံခြင်းကလည်း မှိုတွေကို အလွယ်တကူဖြစ်စေလို့ပါ။

အဓိကအရေးကြီးတာကတော့

ရေတွေမယိုစိမ့်အောင်နဲ့

အိမ်ကိုခြောက်သွေ့အောင် ထားရပါမယ်။

ပြတင်းပေါက်တွေကိုလည်း လေဝင်

လေထွက်ကောင်းအောင် ဖွင့်ထားရပါမယ်။

အဝတ်စို တွေကိုအိမ်ထဲမှာ

အခြောက်မလှန်းသင့်ပါဘူး ။

အကြောင်းကတော့ ရေငွေ့ပျံခြင်းကလည်း

မှိုတွေကို အလွယ်တကူဖြစ်စေလို့ပါ။

📍 အိမ်တွင်းအလွယ်တကူရနိုင်တဲ့

နည်းလမ်းကောင်းတွေ နဲ့

ကာကွယ်ရမဲ့နည်းလမ်းတွေကို လည်း

သိပြီးပြီဆိုတော့ မှိုကင်းစင်ပြီးပြုံးပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေ….

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!