မြေကွက်ကို ဝယ်ယူပြီးမှ_အရှုပ်အရှင်းမဖြစ်လာစေရန်_ဘယ်လိုအချက်တွေသိထားရမလဲ

မြေကွက်ကို ဝယ်ယူပြီးမှ_အရှုပ်အရှင်းမဖြစ်လာစေရန်_ဘယ်လိုအချက်တွေသိထားရမလဲ
------------------
( ၁ ) ဝယ်ယူမယ့် မြေကွက်က ပိုင်ဆိုင်မှု ခိုင်မာရမယ်။
မြေကွက်ကို ဝယ်တော့မယ် ဆိုရင်
ငွေပိုငွေလျှံရှိလို့ ဝယ်သည်ပဲ ဖြစ်စေ ၊
နေထိုင်ရန် ရည်ရွယ်၍ ဝယ်သည်ပဲ ဖြစ်စေ ၊
မိမိမှ ဆုံးရှုံးမှု တစ်စုံတစ်ရာ မဖြစ်စေရန်
အောက်ပါ အချက်တွေ သိထားဖို့ လိုမည်။
ဝယ်ယူမယ့် မြေကွက်ရဲ့ ပိုင်ရှင်အမည်ပေါက်
မြေပိုင်ဆိုင်မှု အထောက်အထား
ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ အစုံအလင်ရှိ / မရှိ ။
မြေခွန် / အိမ်ခွန် ကြွေးကျန်ရှိ / မရှိ ။
မြေပုံ / မြေရာဇဝင်
မြို့တော် စည်ပင်သာယာရေး ကော်မတီ
( သို့မဟုတ် ) မြေစာရင်းရုံးရဲ့
နောက်ဆုံး မှတ်တမ်းမှာ
မည်သို့ ရေးသွင်း မှတ်သားထားသလဲ? ဆိုတာ
တိကျ ရှင်းလင်းစွာ စစ်ဆေးရပါမယ်။
***********************
( ၂ ) မြေအမျိုးအစားကို သေချာစွာ စစ်ဆေးပါ။
မိမိဝယ်မယ့် မြေကွက်ဟာ
ဘိုးဘွားပိုင်မြေ လား
ဂရန်မြေ လား
မြေချမိန့် ရထားတဲ့ မြေလား
လယ်ယာမြေ လား
မီးလောင်ချထားမိန့်နဲ့ မြေလား ပုံစံ ( ၇ )ရထားတဲ့ မြေလား ဆိုတာ
သေချာ စစ်ဆေးရပါမယ်။
****************
( ၃ ) မြေကွက်ကို ရောင်းချသူဟာ အဆိုပါမြေကွက်ကို ဘယ်လိုပိုင်ဆိုင်လဲ ဆိုတာကို စစ်ဆေးပါ။
မြေကွက်ကို ရောင်းချသူ ပိုင်ရှင်ဟာ
ထိုမြေကွက်ကို အမွေရခဲ့တာလာ: အမွေရခဲ့တာဆိုရင် ကျန်အမွေဆိုင် ညီအကိုမောင်နှမများရဲ့
သဘောတူညီချက်ပါရှိရဲ့လား။
တခြား ရောင်းသူထံမှ ကိုယ်တိုင် ဝယ်ယူခဲ့တာလား ဆိုတာ
သေချာအောင် စုံစမ်းဖို့ လိုအပ်ပါမယ်။
******************
( ၄ ) စာချုပ်စာတမ်း အပြည့်အစုံ ရှိ / မရှိ စစ်ဆေးပါ။
စာချုပ်စာတမ်း စစ်ဆေးတော့မယ်ဆိုရင် ပထမအချက်က -
ဂရန်မြေဆိုရင်
မြေချထားမိန့် မူရင်း
ငွေသွင်းပြေစာ မူရင်း
ဂရန်စာချုပ် မူရင်း
မြေပုံ / မြေရာဇဝင်
မှတ်ပုံတင် စာချုပ် အဆက်ဆက်
အမွေ ဆက်ခံပိုင်ဆိုင်တယ် ဆိုပါက အမွေ ဆက်ခံ မှတ်ပုံတင်စာချုပ်
တရားရုံး အမိန့်နဲ့ ပိုင်လာတာဆိုရင် စီရင်ချက် ၊ ဒီဂရီ ( တာဝန်ခံမိတ္ထူ )
ကိုယ်စား ချုပ်ဆိုခဲ့ဖူးတာရှိရင် GP , SP ကိုယ်စားလှယ်လွှဲစာများ
အိမ်ခွန် / မြေခွန်ပြေစာများ
**ဘိုးဘွားပိုင်မြေဆိုရင်**
ဘိုးဘွားပိုင်မြေ မှတ်တမ်းစာချုပ်
မြေပုံ / မြေရာဇဝင်
မှတ်ပုံတင် စာချုပ် အဆက်ဆက်
အမွေဆက်ခံ ပိုင်ဆိုင်လာရင် အမွေဆက်ခံ မှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ ပိုင်လာတာဆိုရင် စီရင်ချက် ၊ ဒီဂရီ ( တာဝန်ခံ မိတ္တူ )
ကိုယ်စား ချုပ်ဆိုဖူးတာရှိရင် GP , SP ကိုယ်စားလှယ်လွှဲစာများ
**ပုံစံ ( ၇ ) ရထားတဲ့ မြေဆိုရင်**
ပုံစံ ( ၇ ) မူရင်း
မြေပုံ / မြေရာဇဝင်
ရပ် / ကျေးမှတ်တမ်း
စာချုပ် အဆက်ဆက်
အမွေဆက်ခံ ပိုင်ဆိုင်လာရင် အမွေဆက်ခံ မှတ်ပုံတင်စာချုပ်
တရားရုံးအမိန့်နဲ့ ပိုင်လာတာဆိုရင် စီရင်ချက် ၊ ဒီဂရီ ( တာဝန်ခံ မိတ္ထူ )
ကိုယ်စား ချုပ်ဆိုခဲ့ဖူးတာရှိရင် GP , SP ကိုယ်စားလှယ်များကို စုံလင်စွာ စစ်ဆေးရပါမယ်။
******************
( ၅ ) စာချုပ် ချုပ်ဆိုခြင်း
စာချုပ် စာတမ်းတွေ စစ်ဆေးပြီးပါက
စရန်ပေးစာချုပ် ( ကတိ စာချုပ် ) ချုပ်ဆိုခြင်း ၊
အရောင်းအဝယ် ပြုလုပ်ခြင်းအား ကန့်ကွက်လိုသူ ရှိ / မရှိ
သတင်းစာတွင် ကြေငြာခြင်း။
သတင်းစာတွင် ထည့်ပြီး
စောင့်ကြည့်နေစဥ် အတွင်း
အရောင်းအဝယ် စာချုပ် မှတ်ပုံတင်ခြင်း ၊
မြေပုံ / မြေရာဇဝင် ရေးသားခြင်း တို့ကို ဆောင်ရွက်ရပါမည်။
ကန့်ကွက်သူ မပေါ်လာပါက
အပြီးသတ် ငွေချေ စာချုပ် ချုပ်ဆိုကာ
မြေလက်ရောက် လွှဲပြောင်း ရယူခြင်း
ဝယ်ယူတဲ့ မြေနဲ့ သက်ဆိုင်တဲ့
ပိုင်ဆိုင်မှု စာရွက်စာတမ်း ( မူရင်း ) အားလုံး ၊
အခွန်ဆောင်ထားသော မှတ်တမ်း မှတ်ရာများ ၊
စာချုပ် စာတမ်းများ ၊
ဂရန်မူရင်း ( သို့မဟုတ် ) ပုံစံ ( ၇ )မူရင်း
အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရ ယူထားရပါမယ်။
အထက်ပါ အဆင့်ဆင့်တွေ အားလုံး လုပ်ဆောင်ပြီးပါက မှတ်ပုံတင် အရောင်းအဝယ် စာချုပ် မိမိလက်ဝယ်ရရှိပါက မိမိအမည်ပေါက် ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုအဆင့်ဆင့်ကို ဆက်လက် လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...