လင် မယား ကွာရှင်း ခွင့်တောင်းဖို့ လိုတဲ့ အချက် အလက်များ

လင် မယား ကွာရှင်း ခွင့်တောင်းဖို့ လိုတဲ့ အချက် အလက်များ

              လင် မယား ကွာရှင်း ခွင့်တောင်းဖို့ လိုတဲ့ အချက်အလက်များ ( အကျဉ်းချူပ် ) ( အရပ်ထဲက စကားတွေ နားမယောင်ပါနဲ့ ) အရပ်ထဲမှာ ပြော ပြောနေတဲ့…လင် မယား ၆လ / ၁နှစ် / ၃နှစ် မပေါင်းပဲ နေရင် လင်ခန်း မယားခန်း ပြတ်တယ် ဆိုတာ ယုံပြီး တရားဝင်မပြတ်သေးပဲ နောက် အိမ်ထောင် မပြု ကြပါနဲ့…တလင် တမယား ဥပဒေနဲ့ အာမခံတောင် မရပါဘူး…နောက်တချက်က…တချိူ့တရားဝင်တော့ ပြတ်စဲတယ်…ဒါပေမဲ့ လူသိ ရှင်ကြား ပြန်ပေါင်းတယ် ။ နောက် လင်မယား ပြန်ကွဲတယ်…ဒါကို…တရားဝင် ထပ်ကွာရှင်းရမှာမသိပဲ…အရင်စာချူ ပ်ရှိနေတာ မလိုပါဘူးလို့ နေပြီး လင် ( သို့ ) မယားက နောက် အိမ်ထောင်ပြု ရင်…တလင် တမယား ဥပဒေနဲ့ငြိပြန်ပါတယ် ။ ( ကွာရှင်းပြီး အထင် အရှား ပြန်ပေါင်း သင်းရင် စာချူပ်အလိုလို ပျက်ပြယ်လို့ပါ ) …( ဘယ်လို အခြေအနေ ဆိုရင် ကွာရှင်းခွင့် တောင်း နိူင်လဲ ။ ( အကျဉ်း ချူပ်ပါ )


            လုံလောက်သော အကြောင်းပြ ချက်မရှိပဲ လင်ဖြစ်သူက နေအိမ်မှ ထွက်ခွာပြီး…( ၃ ) နှစ်တိုင် ငွေကြေး မထောက်ပံ့ / ပြန်ပေါင်းဖို့ အဆက် အသွယ်မလုပ် / မကြိုးစားခြင်း…ဒဏ်ရာ ရစေ လောက်အောင် ရက်စက်မှု့ ကျူးလွန်ခြင်း…( ဒါက…မယားဖြစ်သူမှ ကွာရှင်း ခွင့်တောင်း နိူင်တဲ့ အချက်တွေပါ  ) …မယား လုပ်သူမှ လုံလောက်သော အကြောင်း ပြချက်မရှိပဲ…နေအိမ်မှ ထွက်ခွာခြင်း / ထွက်ခွာပြီး တနှစ် အတွင်း လင်နဲ့ ပြန်ပေါင်းရန် မဆက်သွယ်ခြင်း / မကြိုးစားခြင်း ( ယောက်က္ခမ နဲ့ စိတ်ဆိုးလို့ ယောင်းမနဲ့ ရန်ဖြစ်လို့  ) စတာတွေက လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်တာ သတိထားပါ (  ဒါက…လင်ဖြစ် သူမှ ကွာရှင်းခွင့် တောင်းနိူင်တဲ့ အချက်တွေပါ )…အိမ်ထောင်သည် အမျိူးသမီးတွေ သတိထားပေါ့ ( ထစ်ခနဲရှိ အိမ်က ဆင်းမယ်…ကလေး သံယောဇဉ်နဲ့ ငါ့ပြန်လာ ခေါ်မှာပါလို့ မထင်ပါနဲ့…လာမခေါ်ပဲ တနှစ်ပြည့်ရင် သူက ကွာရှင်းခွင့် တောင်းရင် အလကားနေ…တခုလပ် ဘဝရောက် ရမှာပါ )…


#############################
              တလင် တမယား စနစ်ကျင့်သုံးရေး ဥပဒေအကျဉ်း မြန်မာ နိူင်ငံအတွင်း / ပြင်ပတွင် နေထိုင်သော…မြန်မာ နိူင်ငံသား ( ဧည့် /ပြု နိူင်ငံသား အပါအဝင် ) များသည်…ကိုကွယ်ရာ ဘာသာအရ သော်၎င်း ဓလေ့ ထုံးတမ်းအရ သော်၎င်း လက်ရှိ အိမ်ထောင် တည်မြဲနေစဉ်…အခြားသူ တစ်ယောက်နဲ့ / တရားမဝင် လင်မယား ကဲ့သို့ ပေါင်းသင်း နေထိုင်ခြင်း  မပြု ရ ( အရင်လို…ကိုးကွယ်ရာ ဘာသာအရ…ဓလေ့ ထုံးတမ်း အရခွင့်ပြု ထားလို့ ယူတာပါလို့ မရဘူးနော် )…( ဒါကြောင့် ) မုဆိုးဖို / မုဆိုးမ / တခုလပ် / တလင်ကွာ / လူပျိူ  / အပျိူ မှလွဲ၍…လက်ရှိ အိမ်ထောင် ရှိသူ မှန်သမျှ…ဆန့်ကျင် ဖက်လိင် နှင့် တရားမဝင် ပေါင်းသင်း နေထိုင်ပါက…ဤ ဥပဒေပုဒ်မ ( ၁၃ ) အရ ထောင်ဒဏ် ( ၇ ) နှစ်အထိ…အိမ်ထောင် ရှိလျက်နဲ့ လူလွတ်ဟု လိမ်ညာ ပြောဆို လက်ထပ်ပါက ဤဥပဒေ ပုဒ်မ ( ၁၇ ) အရ ထောင်ဒဏ် ( ၁၀ ) နှစ်ထိ ကျခံစေ…နစ်နာသူမှ နစ်နာကြေး တောင်းခံစေ…( ထောင်ကျခံ ရမဲ့ အပြင် လျော်ကြေးပါ ပေးရမှာနော် )


            ဤ ဥပဒေပါ ပုဒ်မ ( ၁၄ ) ( ၁၅ ) တို့အရ…အပြစ်မရှိ သူမှ အပြစ်ရှိ သူအား တရားဝင် ကွာရှင်းခွင့် တောင်းခံစေ…လက်ထပ်ပွားနှစ်ဦးပိုင် ပစ္စည်းများအား အပြစ် မရှိသူက အကုန်ယူစေ ( သေပြီလေ ထောင်ကလဲ ထွက်ရော လူလဲ လမ်းဘေး ရောက်ရော )…အိမ်ထောင်သည် ယေက်ကျာင်္းနှင့်…အပျိူ ဆိုပါက…အိမ်ထောင်သည် ယောက်ကျာ်းသာလျှင် ပြစ်ဒဏ် ကျခံစေ…အိမ်ထောင်သည် မိန်းမ နှင့် လူပျိူ ဆိုပါက အိမ်ထောင်သည် မိန်းမသည် ပုဒ်မ ( ၁၃ ) အရကျခံစေ…အိမ်ထောင်သည် မိန်းမ၏ လင် မကျေနပ်ပါက လူပျိူ အား ရာဇသတ် ဥပဒေပုဒ်မ ( ၄၉၇ ) အရအရေးယူစေ…နှစ်ယောက်လုံး အိမ်ထောင်သည် ဖြစ်ပါက…နှစ်ယောက်စလုံး ပြစ်ဒဏ်ခံစေ…( လွတ်လာမှ အတိအလင်း ယူပေတော့ )… ဤ ဥပဒေသည် ( ၃၁-၈-၂၀၁၅ ) မှစ၍ အာဏာတည်စေ…မည်သူမဆို ဤဥပဒေချိူးဖောက်သူများအား တိုင်တန်းခွင့် ရှိစေ……( ကိုယ့်ကို မလိုတဲ့သူက သွားတိုင်လို့ ရတာ သတိထားပါ…မာဆတ်သွားရင် ကြည့်သွားပေါ့ )…ဤဥပဒေအရ…ကျေအေး / ရုပ်သိမ်းခွင့် မရှိစေရ…( ကျမ လင်ထောင်ကျရင် ကလေးတွေနဲ့ ကျမဒုက္ခ ရောက်မှာမို့…အမှု့ကို ပြန်ရုပ်သိမ်းချင်ပါတယ် ရှင်လို့ တောင်းပန်လို့ မရဘူးနော်…မတိုင်ခင် စဉ်းစား ) စဖမ်းထဲက အာမခံပေးမှာ မဟုတ်ဘူး…


#############################


           အပေါ်က အချက်အလက် တွေကတော့…မိမိ လေ့လာမှတ်သား ထားသမျှတွေကို…ဥပဒေ အကိုးအကား / စကားရပ် တွေမပါပဲ သာမာန် ပြည်သူတွေ…ရှင်းလင်း လွယ်ကူစွာ သိအောင်လို့ တင်ပြထားတာပါ…


နားလည် သဘောပေါက် လွယ်ကြပါစေ ။ 
                                   ( မေတ္တာဖြင့် )
 

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate