ကျနော်တို့ မောင်နှမတွေ အနေနဲ့ မိဘဖြစ်သူရဲ့ အမွေကို လုံးဝမရ ခဲ့ပါဘူး ။

ကျနော်တို့ မောင်နှမတွေ အနေနဲ့  မိဘဖြစ်သူရဲ့ အမွေကို လုံးဝမရ ခဲ့ပါဘူး ။

         ကျနော်တို့ မောင်နှမတွေ အနေနဲ့ မိဘဖြစ်သူရဲ့ အမွေကို လုံးဝမရ ခဲ့ပါဘူး ။ ကိုယ့်မိဘ ကိုယ်တိုင်က သူစိမ်း တစ်ယောက်ကို အမွေပစ္စည်း အားလုံးပေးကမ်း လိုက်လို့ပါ ။ အဲ့ဒါနဲ့ ပတ်သက်ပြီး အခုတော့ မိဘတွေလည်း မရှိကြတော့တဲ့ အချိန်မှာ အဲ့ဒီအမွေကို ကျနော်တို့ မောင်နှမ ( ၃ ) ယောက်က ဘယ်လိုပြန်ပြီး ပိုင်ဆိုင်ဖို့ ကြိုးစားရ မလဲဆိုတာ ပြောပြပေးပါ ။ အဲ့ဒီ ပေးကမ်းခြင်း စာချုပ်က ဘယ်လောက် ကြာပြီလဲ ( ၂ ) နှစ်ကျော် လောက်ကြာ ပါပြီ ။ အဖေကိုယ်တိုင် စာချုပ်စာတမ်း ရုံးမှာ မှတ်ပုံတင်ပြီး ပေးလိုက် တာပါ ။ဒီနှစ်ထဲကျမှ အဖေဆုံးတော့ အမွေများ ကျန်ခဲ့မလား ရှာကြည့်တော့မှ အဖေပေး လိုက်တဲ့ အဲ့ဒီ အိမ်နဲ့ ခြံဝန်းပဲ ရှိတာဆိုတော့ ဘယ်လိုလုပ်ရမလဲ သိချင်တာပါ ။ အချိန်တော့ မှီပါသေးတယ် အဲ့ဒီ ပေးကမ်းခြင်း စာချုပ်က ( ၃ )နှစ် မကျော်သေးတဲ့ အတွက် ပယ်ဖျက်ခွင့် ရှိပါသေးတယ်။

 

        မြန်မာ့ ဓလေ့ ထုံးတမ်း အရလည်း ဓမ္မသတ်များအရ မိဘဖြစ်သူက အမွေပစ္စည်း အားလုံးကို သားသမီးတစ်ဦးဦးအား ပေးကမ်းခြင်းသည် ပျက်ပြယ်၍ အတည် မဖြစ်ဟု ဆိုလျှင် သူစိမ်းအား အမွေအားလုံး ကိုပေးကမ်းခြင်း သည်လည်း အလားတူ ပျက်ပြယ် ရမည်ဖြစ်ကြောင်း ထုံးဖွဲ့ထား တာရှိ ပါတယ် ။ ( ဒေါ်လွန်းပါ ( ၅ ) နှင့် ဒေါ်သိန်းရင် ၁၉၉၁ ( တရားမ အထူးအယူ ခံမှု ) ဦးနာဂနှင့် အခြားသူများနှင့်မောင်လှ ( ၁၉၀၇ - ၀၉ ) အထက် မြန်မာပြည် စီရင်ထုံးများ အတွဲ၂ စီရင် ထုံးအတိုင်း ဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက် မူလရုံးတွင် ဖြစ်စေ အယူခံမှုတွင် ဖြစ်စေ အပေးစာချုပ်ကို ပယ်ဖျက်ပေး စေလိုမှု ကနဦး တရားစွဲရန် လိုအပ်တယ်လို့ ဆုံးဖြတ်ထား ပါတယ် ။ ဒါကြောင့် သူစိမ်းကို ဖြစ်စေ သားချင်းကိုဖြစ်စေ အမွေပုံ အားလုံးပေး ခြင်းဟာ ပျက်ပြယ်သည့် အတွက် မိဘများရဲ့ အမွေပစ္စည်းများကို ထိုက်တန်စွာ ရမှာဖြစ်ကြောင်း ဖော်ပြပေး လိုက်ပါတယ် ။

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate