မြေ အရောင်း အဝယ် စာချုပ် လိုက်လံ အကျိုးဆောင်ရင်း တခါတရံ အဌားစာချုပ် များပြု လုပ်ပေးရလေ့ ရှိပါတယ် ။

မြေ အရောင်း အဝယ် စာချုပ် လိုက်လံ  အကျိုးဆောင်ရင်း တခါတရံ  အဌားစာချုပ် များပြု လုပ်ပေးရလေ့ ရှိပါတယ် ။

        မြေ အရောင်း အဝယ် စာချုပ် လိုက်လံ အကျိုးဆောင်ရင်း တခါတရံ အဌားစာချုပ် များပြု လုပ်ပေး ရလေ့ ရှိပါတယ် ။ အဌားပြု လုပ်ရာတွင် အိမ်ရှင်တော်တော် များများမှာ ကာလရှည် မဌားလိုကြပေ ။ အကြောင်းပြ ချက်မှာ နှစ်ကြာ သွားပါက အပိုင်စီး သွားမည်ဟုစိုးရိမ်တတ် သကဲ့သို့ ၁၂ နှစ်ကျော်ပါက အိမ်ဌားမှာ ပိုင်သွားမည် ထင်နေသည် ။ ရှေးယခင်က တော်စဘော်ငွေ / လခပေး စနစ်ဖြင့် ဌားရမ်းတတ်ရာ လခကို အိမ်ရှင် လက်မခံပါက ဌားရမ်းခ ကြီးကြပ်ရေး ဝန်ထံ ပေးသွင်းပြီး ဆက်လက် နေထိုင်ကြရာ အိမ်ဌား တာဝန်ဖောက်ဖျက် မှသာ ဖယ်ရှား ပေးဖို့ရန် တရားစွဲ ဆိုရသည် ။ ယခု အခါတွင် စဘော် မယူတော့ဘဲ လချုပ် /  နှစ်ချုပ် စသည်ဖြင့် ကာလတို / ရှည်ဌားရမ်း လေ့ရှိ ပါသည် ။ အိမ်ရှင် အိမ်ဌား မူခင်းလည်း နည်းပါး သွားပါသည် ။ ၁၂ နှစ်ကျော်ပါက အိမ်ဌားက ပိုင်ရှင် မဖြစ်ပါအဆိုပါ ကိစ္စမကြာခဏ စီနီယာ ဆရာများ ရေးသား တတ်သည်ကို ဖတ်ရှုလေ့လာ ရပါသည်  ၁၉၆၀ ပြည့်မြို့ ပြဆိုင်ရာ ဌားရမ်းကြီး ကြပ်ရေး အက်ဥပဒေပုဒ္မ ၂ ( ဆ ) အရ အိမ်ဌား ဟူသော စကားရပ်တွင် အဌားချထားမှု

 

( OR )

 

        အဌား စာချုပ် ကုန်ဆုံးပြီး နောက် မိမိ အားဌားရမ်း ထားသည့် ဥပစာတွင် အိမ်ရှင်၏ သဘော တူညီချက် အရဖြစ်စေ သဘောတူညီချက် မရဘဲဖြစ်စေ လက်ရှိ နေထိုင်မြဲ နေထိုင်သူ ပါဝင်သည်ဟု 1963 B.L.R 909    1977 B.L.R 63 စီရင်ထုံးများက လမ်းညွှန်ထားပါတယ် ။ ၁၂ နှစ်ကျော် နေထိုင်ရင် ဖယ်ထုတ်ဖို့ တရားစွဲဆိုလို့ မရတော့ဘူးဆိုတာ ဆန့်ကျင် လက်ရှိထားခြင်း ( adverse possession ) ကိုပြော ခြင်းသာ ဖြစ်ပြီး အိမ်ရှင်အိမ်ဌား ကိစ္စနဲ့ မသက်ဆိုင်ပါဘူး အိမ်ဌားကို လခမယူတော့ဘဲ စာချုပ်စာတမ်းဖြင့် အခမဲ့နေထိုင် ခွင့်ပြု ခဲ့ရင်တော့ လိုင်စင်စီဆိုတဲ့ အခမဲ့ ထားသူအား နှင်လိုမှု ကိုသတ်မှတ် ကာလအတွင်း တရားစွဲဆို ရမှာ ဖြစ်ပါတယ် ။ ပိုင်ဆိုင်ခွင့် တစ်စုံတရာမရှိဘဲ ပစ္စည်းတွင် လက်ရှိ ဖြစ်သူသည် ထိုပစ္စည်းတွင် ဆိုင်ရေးဆိုင်ခွင့် ( interest ) ရှိ၍ ထိုဆိုင် ရေးဆိုင်ခွင့်ကို အမွေဆက်ခံခွင့် ရှိသည် ။ ထိုဆိုင်ရေး ဆိုင်ခွင့်မှာ ပိုင်ရှင်အစစ်မှတစ်ပါး ခပ်သိမ်းသော သူတို့အပေါ်  ခိုင်မာသည်ဟု 1997 B.L.R 85 မှာ ပြောထားပါတယ်။

 

          မိမိ ပိုင်မြေကွက်တွင် ဝင်ရောက် နေထိုင်၍ လက်ရှိဖြစ်တဲ့ သူဟာ ကာလကြာရှည် ရင်ဆိုင်ရေး ဆိုင်ခွင့်ရှိ သွားမည့် အချက်ဖြစ်ပါတယ် ။ အဲဒီလို ဆန့်ကျင် နေထိုင်တာ ကလည်း နေထိုင်သူဟာ လက်ရှိသည် တစ်ဆက်တည်း ဖြစ်ရမည် ။ ထင်ထင်ရှားရှား အများသိရမည် တစ်အငြင်းပွားသူ ( ပိုင်ရှင် ) သိရှိအောင် လုပ်ရန် မလိုသို့သော် ပုန်းရှိုး ကွယ်ဝှက် နေထိုင်မှု မျိုးမဟုတ်စေရ တစ်ဖက်မှ သတိပြု လျှင်မည် ကဲ့သို့ ဖြစ်ပျက်နေသည် ကိုသိမြင် စေနိုင် ရမည်ဟု 1961 B.L.R 111 ကဆိုထား ပါတယ် မိမိမြေကွက် ဥပစာမှာ ပိုင်ရှင်ကဲ့သို့ထင်ထင်ရှားရှားဝင်ရောက်နေသူဟာဆန့်ကျင်လက်ရှိထားသူဖြစ်သွားပါမယ်။ဆန့်ကျင်လက်ရှိထားသူကိုကာလစည်းကမ်းသတ်ဥပဒေပထမ ဇယား အမှတ်စဉ် ၁၄၄ အရ ၁၂ နှစ်အတွင်း တရားစွဲ ဆိုရမယ်လို့ 1984 B.L.R 139 ကလမ်းညွှန် ထားတာပါ တရားမမှုတစ်မှု ကိုစွဲဆိုမယ် ဆိုရင် သတ်မှတ်ထားတဲ့ အချိန်အတွင်း စွဲဆိုရမှာ ဖြစ်တဲ့အတွက် မိမိဥပစာအတွင်းသို့ ဝင်ရောက် ကျူးကျော် နေထိုင်သူကိုနှင်ထုတ် / ဖယ်ရှား  /  လက်ရောက် ရလိုမှု များစွဲဆိုမှု ဆိုတာဟာလည်း သတ်မှတ် အချိန်ကာလ အတွင်း စွဲဆိုရန် ဥပဒေက ပြဌာန်းထားခြင်းသာ ဖြစ်ပါတယ် ။ သတ်မှတ်ကာလ ကျော်လွန် ရင်တော့ မိမိအမှု ဟာရှုံးနှိမ့်မှာ ဖြစ်ပါတယ် ။ နှစ်ကာလ ကြာရှည် နေထိုင်တဲ့အိမ်ဌားကတော့ အိမ်ဌားသာ ဖြစ်ပါတယ် ။ ၁၂နှစ်ကျော် နေတာနဲ့ ပိုင်ရှင် မဟုတ်ရ ကြောင်းပါ ။

B.L.R ( နှစ်အလိုက် စီရင် ထုံးဖွဲ့မှု များ )

UTZ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate