မြေကွက်အရောင်းအဝယ်စာချုပ်ကိုမှတ်ပုံတင်ခြင်း/ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာခြင်းကိစ္စရပ်များအတွက်လိုအပ်ချက်များ

မြေကွက်အရောင်းအဝယ်စာချုပ်ကိုမှတ်ပုံတင်ခြင်း/ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာခြင်းကိစ္စရပ်များအတွက်လိုအပ်ချက်များ

မြေကွက်အရောင်းအဝယ်စာချုပ်ကိုမှတ်ပုံတင်ခြင်း/ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာခြင်းကိစ္စရပ်များအတွက်လိုအပ်ချက်များ
၁. ပထမဦးစွာ လျှောက်လွှာတစ်ဆောင် ဝယ်ယူရမည်။ လျှောက်လွှာတွင် အခွန်တံဆိပ်ခေါင်းတစ်လုံး ကပ်နှိပ်ပါ ။
၂. ရောင်းသူ /ဝယ်သူ/သက်သေ(၂)ဦးတို့တွင် မူရင်းအမျိုးသား(သို့မဟုတ်)နိုင်ငံသားကဒ်ပါရမည်။ ရောင်းသူ/ဝယ်သူနှစ်ဦးစလုံး မြန်မာနိုင်ငံသား ဖြစ်ရမည်။
၃. တံဆိပ်ခေါင်းကပ်နှိပ်ပြီး စာချုပ်တွင် ရောင်းသူ/ဝယ်သူ သက်သေ(၂)ဦးတို့ လက်မှတ်ရေးထိုးရမည်။ အဆိုပါစာချုပ်အား မိတ္တူ(၁)စုံကူးပါ။
၄. မြေပုံမြေရာဇဝင်မူရင်းတင်ပြရမည်။ အဆိုပါမြေပုံနှင့် မြေရာဇဝင်ကိုလည်း မိတ္တူ (၁)စုံကူးပါ။
၅. မူရင်းမြေဂရန်ယူလာရမည်။ အဆိုပါ မြေဂရန်အား မိတ္တူ(၁)စုံကူးပါ။
၆. အဆင့်ဆင့်ရောင်းချခြင်းရှိလျှင် တရားဝင်ဆက်စပ်စာချုပ်များယူလာရမည်။ ၎င်းတို့ကိုလည်း မိတ္တူ(၁)ကူးပါ။ ပြည့်စုံလျှင် စာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှူးမှ စစ်ဆေးပြီးမှတ်ပုံတင်ပေးမည် ဖြစ်သည်။
ပြီးလျှင် မှတ်တမ်းဌာန ၊ ငွေစာရင်းဌာနသို့သွားရောက်၍ ကျသင့်ငွေသွင်းခြင်း၊ ရောင်းသူ/ဝယ်သူ/သက်သေတို့လက်ဗွေနှိပ်ခြင်းများ ပြုလုပ်ပြီးလျှင် ရောင်းဝယ်ခြင်း ကိစ္စ အထမြောက်ပါသည်။
ဌာနမှချိန်ဆိုထားသောရက်တွင် စာချုပ်အားသွားရောက်ထုတ်ယူနိုင်ပါသည်။ ထုတ်ယူရာတွင် စာချုပ်တွင်အမည်ပါဝင်သူများသာ ထုတ်ယူခွင့်ရှိပါသည်။
မှတ်ချက်
အရောင်းအဝယ်စာချုပ်ချုပ်ဆိုသည့်နေ့မှ (၄)လ အတွင်းမှတ်ပုံတင်ရမည်။
မြေပုံနှင့်မြေရာဇဝင်သက်တမ်းသည် ဌာနမှထုတ်ပေးသည့်နေ့မှစ၍ (၁)နှစ်သာ သက်တမ်းရှိပါသည်။
မှတ်ပုံတင်ကိုယ်စားလှယ်စာ SP , GP ရသူသည် လွှဲအပ်သူကိုယ်စား လက်မှတ်ရေးထိုးနိုင်သည်။
ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာခြင်း
ဂရန်အမည်ပေါက်သူကွယ်လွန်လျှင်
ဇနီးသို့မဟုတ်ခင်ပွန်း (သားသမီး) # ကျန်ရစ်သူဆွေမျိုးသားချင်းများက လျှောက်ထားခြင်း ပထမဦးစွာ လျှောက်လွှာ (၂)စုံဝယ်ယူ၍ (၁)စုံစီတွင် အခွန်တံဆိပ်ခေါင်းကပ်ရပါမည်။
စာချုပ်ကိုမှတ်ပုံတင်ခြင်း
၁. ကျန်ရစ်သူ (သို.မဟုတ်)ပိုင်ဆိုင်ကြောင်း ကြေညာမည့်သူ၏ မှတ်ပုံတင်မူရင်းပါရမည်။ သက်သေ(၂)ဦး၏ မှတ်ပုံတင်မူရင်းပါရမည်။ သက်သေ(၂)ဦး၏ မှတ်ပုံတင်မူရင်းပါရမည်။
၂. မြေဂရန်မူရင်းပါရှိရမည်။ ၎င်းကိုမိတ္တူကူးပါ။
၃. မြေပုံနှင့်မြေရာဇဝင်မူရင်း ပါရှိရမည်။ ၎င်းကိုမိတ္တူကူးပါ။
၄. သေစာရင်းမူရင်းပါရှိရမည်။ ၎င်းကိုမိတ္တူကူးပါ
၅. ကြေငြာစာချုပ်ကို မိတ္တူတစ်စုံကူးပါ။
၆. ကျန်ရစ်သူသည် ကွယ်လွန်သူနှင့် မည်ကဲ့သို့တော်စပ်ကြောင်း၊ အမွေဆက်ခံခွင့်ရှိကြောင်း ကိုယ်တိုင် ကတိသစ္စာ ပြုလွှာသို့မဟုတ် ကျမ်းကျိန်လွှာမူရင်း ( ထိုကျမ်းကျိန်လွှာသည် ကျိန်ဆိုသည့်နေ့မှ (၄)လ အတွင်းဖြစ်ရမည်။ ၎င်းကိုမိတ္တူကူးပါ။
၇. စာရွက်စာတမ်းများပြည့်စုံလျှင် စာချုပ်စာတမ်း မှတ်ပုံတင်ဌာနမှူးက မှတ်ပုံတင်းပေးပါမည်။ ပြီးလျှင် မှတ်တမ်းဌာန ၊ ငွေစာရင်းဌာနများသို့သွား၍ ငွေသွင်းခြင်း ၊ လက်ဗွေနှိပ်ခြင်းများ ဆောင်ရွက်ရပါမည်။
၈. စာချုပ်စာတမ်းကိုစာချုပ်တွင် ပါဝင်သူတစ်ဦးဦးက ချိန်းဆိုသောရက်တွင် သွားရောက်ထုတ်ယူနိုင်ပါသည်။

#Crd to owner
 

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate