အိမ် ခြံ မြေ ခေတ်ကောင်းမှီသူများ အချိန်ကာလအားဖြင့် ဆိုလျင် 2010 ဦးသိန်းစိန် အစိုးရ တက်လာခါစ အချိန်မှစ၍ 2017 အိမ် ခြံ မြေ ပူပေါင်းပေါက်ချိန်ထိ တရှိန်ထိုးစျေးများ တက်ခဲ့သဖြင့် ဝယ်တိုင်း မှန်ခဲ့ကြ မြတ်ခဲ့ကြသည်။

အိမ် ခြံ မြေ ခေတ်ကောင်းမှီသူများ အချိန်ကာလအားဖြင့် ဆိုလျင် 2010 ဦးသိန်းစိန် အစိုးရ တက်လာခါစ အချိန်မှစ၍ 2017 အိမ် ခြံ မြေ ပူပေါင်းပေါက်ချိန်ထိ တရှိန်ထိုးစျေးများ တက်ခဲ့သဖြင့် ဝယ်တိုင်း မှန်ခဲ့ကြ မြတ်ခဲ့ကြသည်။

       အိမ် ခြံ မြေ ခေတ်ကောင်းမှီသူများ အချိန်ကာလအားဖြင့် ဆိုလျင် 2010  ဦးသိန်းစိန် အစိုးရ တက်လာခါစ အချိန်မှစ၍ 2017 အိမ် ခြံ မြေ ပူပေါင်းပေါက်ချိန်ထိ တရှိန်ထိုး စျေးများတက်ခဲ့သဖြင့် ဝယ်တိုင်း မှန်ခဲ့ကြ မြတ်ခဲ့ကြသည်။ ယခုတလော ငွေကြေးဖောင်းပွမှုကြောင့် ၎င်း ၊ ဒေါ်လာကို ကျပ်ဖြင့် လဲပေးလိုက်ခြင်းကြောင့် ၎င်း ၊ ရွှေဝယ်လျင် စာရင်းတင်ရမည် ဆို၍ ၎င်း ၊ ဘဏ်ကို မယုံကြည်၍ ၎င်း ၊ မြေကိုသာ ကိုင်ကြတော့မည် မြေစျေးတက်မည် ဟုပြောဆိုနေကြပါသည် ။ 

 

        သို့သော် သေချာသည်ကတော့ ယနေ့ယခု အခြေနေများအရ အိမ် ခြံ မြေ ရွှေခေတ်တော့ မဖြစ်နိုင်ပါ ။ ယခုချိန်သည် ရွှေခေတ်နှင့်ပြောင်းပြန်ဖြစ်သော နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ပြန်ထွက်ခြင်း ၊ အသစ်ဝင်သည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ နည်းပါးခြင်း ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ဝင်ငွေများနှင့် စုဆောင်းငွေများကို ပြည်ပ၌ပင် စုဆောင်းထားခြင်း ၊ ပြည်ပရောက် နိုင်ငံသားများကပြည်တွင်းက အိမ် ခြံ မြေ တွင် မမြုပ်နှံတော့ခြင်း ၊ နိုင်ငံတကာသို့ လက်လှမ်းမီသော ပြည်တွင်းရှိ သူဌေးများကလည်း တချို့တဝက်သော ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် အရင်းနှီးများကို ပြည်ပသို့ ရွှေ့ပြောင်း လိုကြခြင်း ၊ တို့ဖြစ်နေသည်ကို တွေ့နိုင်ပါသည် ။ 

 

      နိုင်ငံတကာမှ ကွန်ဒို အခန်းများ ၊ အိမ်များကို မြန်မာပြည်တွင်းတွင် လာရောက် ရောင်းချနေကြသည်ကို အများအပြား တွေ့နေရပြီဖြစ်သည် ။ ဆိုလိုသည်မှာ ရွှေခေတ်ကဲ့သို့ မြေဝယ်မကျ ဝယ်တိုင်းမြတ် ၊ ဒီနေ့ဝယ် မနက်ဖြန်ပြန်ရောင်းလို့ ရပြီး ကျိန်းသေမြတ်မည်မဟုတ်ပါ ။ သို့သော် မည်သည့် စျေးကွက်မဆို လုပ်တတ်လျှင် ဆုံးဖြတ်ချက် မှန်လျှင်တော့ မြတ်ပါမည်။

 

   အိမ် ခြံ မြေ စျေးနှုန်း တန် မတန် ဝယ်သင့် မဝယ်သင့်နဲ့ ရောင်းသင့် မရောင်းသင့် ဘယ်လို ဆုံးဖြတ်ကြမလဲ။

 

1 )  မိမိရဲ့ အသုံးဝင်မှု မဝင်မှု ၊ မိမိ ဘယ်လောက်ထိ အသုံးချနိုင်လဲ ။ ဥပမာ ကွန်ဒိုအခန်း တခန်းကို ဝယ်မည်ဆိုလျှင် မိမိနှင့်မိသားစု             ကိုယ်တိုင် နေရန်လား ၊ တကယ် နေမည့်သူ အတွက် တန်သောစျေးသည် ဝယ်ထားပြီး မနေဖြစ်ပဲ သော့ခတ်ထားရမည့်သူ အတွက်       မတန်သော မဝယ်သင့်သောစျေး ဖြစ်နိုင်ပါသည် ။ လုံးချင်း အိမ် နှင့် ခြံ တကွက်ကို ဝယ်မည် ဆိုလျှင်လည်း ထို့အတူပင် ၊ တကယ်         ပြောင်းနေမှာလား ၊ ငွေပိုလို့ ဝယ်ထားမှာလား ၊ ရင်းနှီးမြုပ်နှံမှု လုပ်ရန်လား အရင် စဉ်းစားသင့်သည် ။ ထို့နည်းတူ စက်မှုဇုံမြေကွက်        ဝယ်လျှင် ကိုယ်တိုင် စက်ရုံ လုပ်မှာလား ၊ ငှါးစား မှာလား ၊ စျေးတက်ကို စောင့်မှာလား ၊ ငွေပိုလို့ ဘဏ်စိတ်မချလို့လား စဉ်းစားရ         မှာပါ ။ Investment အတွက် အိမ် ခြံ မြေ ဝယ်မည်ဆိုလျင် ဘယ်လောက် တွက်ခြေကိုက်မလဲ ဆိုသည်ကိုတော့ တွက်ချက်သင့်           သည်။

 

2 ) ထို အိမ် ခြံ မြေ မှ ပုံမှန်ဝင်ငွေ ဘယ်လောက် ပြန်ရနိုင်မလဲ ။ ဥပမာ အငှါး ပြန်ချထားလို့ ရလား ၊ ဘယ်လောက် ရနိုင်မလဲ ။ အိမ်            ခြံ မြေ ကြော်ငြာများတွင် ရောင်းစျေး သိန်း ၂၀၀၀၀ ခေါ်ထားသော မြေ နှင့် အိမ်ကို အငှါးစျေးသိန်း ၂၀ လောက် ဖွင့်ပြီး အငှါး ရှာနေ      ရသော အိမ် ခြံ မြေ ၏ ပုံမှန်ရနိုင်သော ဝင်ငွေကို တွက်ကြည့်ပါက တလလျင် 0.1 % ( ဆယ်ပြား ) တနှစ်လုံးမှ 1.2% သာ ရှိသဖြင့်        ထို အိမ် ခြံ မြေ မျိုးဆိုလျှင် စျေးအလွန်ချောင်ပါမှ မကြာသော ကာလတွင် စျေးတက်နိုင်ပါမှ အမြတ်တခုဖြင့် ပြန်ရောင်းထွက်နိုင်ပါ       မှ ဝယ်ယူ မြုပ်နှံ သင့်ပါသည် ။

 

3 )  စျေးနှုန်း လားရာကို ကြည့်ပါ ။ ဖွံ့ဖြိုး လာတော့မလား ၊ နိုင်ငံရဲ့  နိုင်ငံရေး ၊ စီးပွါးရေး အခြေအနေတွေနဲ့ ချင့်ချိန် တွက်ကြည့်သင့်             ပါသည် ။ ယခုအချိန်သည် နိုင်ငံရေး အခြေနေလည်း မကောင်း စီးပွါးရေး အခြေနေလည်း မကောင်းသဖြင့် အိမ် ခြံ မြေ စျေးတက်          ရန် ဖြစ်နိုင်ခြေ အလွန်နည်းပါသည် ။ မြေစျေးသည် ငွေဖောင်းပွမှုကို ကာမိအောင် တက်ရန် ဖြစ်နိုင်ချေ အလွန်နည်းပါသည် ။

 

4 )  ငွေ ဖြစ်လွယ်မှုကို ကြည့်ရန် ။ ငွေလိုလျှင် ချက်ချင်း ပြန်ရောင်းလို့ ရနိုင်မလား ။ အကြမ်းအားဖြင့်တော့ နေရာကောင်းလျှင် အ               ရောင်း ရလွယ်နိုင်ပါသည် ။ သို့သော် တန်ရာတန်စျေးသာ ရပါမည် ။ ဘဏ်ပေါင်ထားသော အိမ် ခြံ မြေ အများအပြား အရင်းရော         ဘဏ်တိုးပါ ကာမိသောစျေးဖြင့် ချက်ချင်း ငွေမဖော်နိုင်သဖြင့် ဘဏ်ကြွေးဆုံး NPL များ ဖြစ်နေသဖြင့် ရောင်းချ၍ ရှင်းနိုင်ရန် စျေး      ကောင်းပေး ဝယ်မည့်သူများကို စောင့်စားလျက် ရှိပါသည် ။

 

5 ) ဝင်ငွေ ၊ ငွေသား လက်ဝယ်ရှိမှု ။ ဝင်ငွေကောင်းလျှင် ငွေသား လက်ဝယ်ရှိလျင် ဝယ်လိုအား ရှိနိုင်ပါသည် ။

 

6 )  စီမံကိန်းသစ်များ အကောင်အထည် ဖော်ဆောင်မှု ။ ဥပမာ ရန်ကုန်မြို့သစ် ကဲ့သို့သော စီမံကိန်းများ အကောင်ထည် ဖော်လာနိုင်              သလား ။ အခြားသော စီမံကိန်းများ လုပ်ဆောင်ရန် ရှိ မရှိ ။

 

7 ) လမ်း ၊ မီး ၊ တံတား အစရှိသဖြင့် အခြေခံ အဆောက်အအုံ စီမံကိန်းများ နှင့် ဖွံ့ဖြိုးလာမှု ရှိ မရှိ ။

 

8 ) တန်ဘိုး တက်လာအောင် အဆင့်မြှင့်၍ ရ မရ ။ ဥပမာ အိမ်ခန်းကို ပြင်ဆင်ပြီး အမြတ်တင် ပြန်ရောင်းခြင်း ၊ မြေကွက်ကို ဝယ်ယူပြီး       ခြံခတ် မြေဖို့ စိမ်းစို သာယာအောင် အပင်စိုက် ပြင်ဆင်ပြီး တန်ဘိုးတက်အောင် လုပ်ခြင်း ၊ မြေကွက်ဝယ် အိမ်ဆောက်ပြီး ရောင်းချ       ခြင်း ၊ လယ်မြေဝယ် အခြားနည်း သုံးစွဲခွင့် လျှောက်ကဲ့သို့သော မြေအဆင့်တက်အောင် လုပ်ခြင်း တို့ကို ဆိုလိုသည် ။

 

       အထက်ပါ အချက်များသည် ယေဘူယျအားဖြင့် စျေး တက်နိုင် မတက်နိုင် တွက်ချက် ချိန်ဆရန်သာ ဖြစ်ပြီး မိမိ ဝယ် ရောင်းလုပ်

      မည့် အိမ် ခြံ မြေ တခုချင်းစီ အတွက် မည်သည့် အချက်ကို ပို၍အလေးပေး စဉ်းစားရမည်ကိုတော့ ထိုသက်ဆိုင်ရာ                             မြေကွက်၏ တည်နေရာ နှင့် အခြေအနေတို့၏ အားသာချက် အားနည်းချက် တို့အပေါ် သုံးသပ်ခြင်း ၊ ဝယ်မည့်သူ ရောင်းမည့်သူ           တို့၏ ငွေပို ငွေလို နှင့် အခြားလှည့်စရာ အကွက် တွေ့ရှိထားမှု အပေါ် သုံးသပ်ခြင်းတို့ဖြင့် မိမိကိုယ်တိုင် ဆုံးဖြတ်ရမည်သာ                    ဖြစ်သည်။

 

       ယနေ့ ကျရောက်သည့် မြန်မာနှစ်သစ်မှ စ၍ ဝယ်သူရော ရောင်းသူများပါ ဆုံးဖြတ်ချက်များ မှန်ကန်၍ မိမိလိုရာဆန္ဒများ ပြည့်ဝကြပါစေ ။

Credit#Thin Thin Nwe

16.4.2022

Credit ( ဥပဒေ​ရေးရာ )

Related Posts

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

 အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ -  ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate