လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျှောက်ထားခြင်း ကိစ္စ

လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျှောက်ထားခြင်း ကိစ္စ

လယ်ယာမြေ မှန်းမသိပဲ ဝယ်လိုက်မိ ပါတယ် ။ 

အိမ်ဆောက်ချင်လို့ စုံစမ်းတော့ တခြားနည်း သုံးစွဲခွင့် 

လျှောက်ရမယ်လို့ သိရပါတယ် ။  ဘာတွေ ဆောင်ရွက် 

ရမှာလဲ လုပ်ငန်းစဉ်က ဘာတွေလဲ သိပါရစေ ။ 

လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျှောက်ထားခြင်း 

ကိစ္စ လယ်ယာမြေကို အခြားနည်း အသုံးပြုလို သူများအတွက်

 သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း

 ဦးစီးဌာနတွင် မြေစာရင်းပုံစံ ( ၁၀၅ ) ၊ ( ၁၀၆ ) ရေးကူး၍ 

လယ်ယာမြေဥပဒေပုဒ်မ ၂၉  / ၃၀ ( က )  /  ၃၀  ( ခ ) အရ 

လုပ်ငန်းစာတွဲ ဖွင့်လှစ် တည်ဆောက်ရန် လိုအပ်ပါသည် ။  

 

မြို့နယ် ၊ ခရိုင်၊ တိုင်းဒေသကြီး ၊ ပြည်နယ်၏ အဆင့်ဆင့် ထောက်ခံမှုအရ 

လယ်မြေဖြစ်ပါက ဗဟိုလယ်ယာ မြေစီမံ ခန့်ခွဲမှု အဖွဲ့မှ ခွင့်ပြုချက် လိုအပ်ပြီး ၊ 

လယ်ယာမြေ ဖြစ်ပါက နေပြည်တော် ကောင်စီ သို့မဟုတ် ၊ တိုင်းဒေသကြီး ၊ 

ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို ရယူရန်သာ လိုအပ်ပါသည် ။

လယ်ယာမြေ ဥပဒေပုဒ်မ -၂၉  / ၃၀ ( က )  /  ၃၀ ( ခ ) အရ 

လုပ်ငန်းစာတွဲ ဖွင့်လှစ်သည့် အခါတွင် လျှောက်ထားသူများ အနေဖြင့် 

အောက်ပါ စာရွက်စာတမ်း ၊ အထောက်အထားများအား ပြည့်စုံစွာ 

ပူးတွဲတင်ပြရန် လိုအပ်မည် ဖြစ်သည် ။

 

( က ) လယ်ယာမြေကို အခြားနည်း အသုံးပြု ခွင့်ပြုရန် လျှောက်လွှာပုံစံ - ၁၄ ၊

( ခ ) မြေစာရင်း ပုံစံ ( ၁၀၅ ) ၊ ( ၁၀၆ ) ၊

( ဂ ) ပတ်ဝန်းကျင်ပြ မြေပုံ ၊

( ဃ ) မြေတည်ရှိရာ အခြေပြမြေပုံ ???????? ???၊

( င ) ဆိုက်ပလင်: ၊ site plan

( စ ) ဓာတ်ပုံ မှတ်တမ်းများ ၊

( ဆ ) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) မိတ္တူ၊

( ဇ ) ရပ်ကွက် ၊ ကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ ထောက်ခံချက် ၊

( ဈ ) လျှောက်ထား သူ၏ ဝန်ခံချက် ၊

( ည ) ဘေးပတ်ဝန်းကျင် လယ်သမား နှစ်ဦး၏ ထွက်ဆိုချက် ၊

( ဋ ) လျှောက်ထား သူ၏ မှတ်ပုံတင် ( မိတ္တူ ) ၊

 

ထို့ကြောင့်

လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျှောက်ထားသည့် ကိစ္စရပ်များအနက် 

လယ်မြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ ( ၁၀၅ ) ကို ရရှိရေးအတွက် 

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အထိ လုပ်ငန်းစာတွဲ ပေးပို့ တင်ပြ ကြရပြီး 

လယ်မြေ မဟုတ်သော အခြား လယ်ယာမြေကို အခြားနည်း အသုံးပြုရန်

 ခွင့်ပြုမိန့်ပုံစံ ( ၁၅-က ) ကိုသာ နေပြည်တော် ကောင်စီသို့ တိုင်းဒေသကြီး ၊ ပြည်နယ် 

အစိုးရ အဖွဲ့များက ထုတ်ပေး ပိုင်ခွင့်ရှိသည် ။

 

လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထား လိုသော လူပုဂ္ဂိုလ် ( သို့ ) 

အဖွဲ့အစည်းများ အနေနှင့် လယ်မြေဖြစ်စေ ၊ လယ်မြေ မဟုတ်သော အခြား

လယ်ယာမြေကို ဖြစ်စေ ၊ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် 

စာရင်းအင်း ဦးစီးဌာနရုံး များတွင် မြေစာရင်း ပုံစံ ( ၁၀၅ ) ၊ ( ၁၀၆ ) လုပ်ငန်းစာတွဲ

နှင့်အတူ ပူးတွဲ လျှောက်ထားကြ ရမည် ဖြစ်သည် ။

 

Credit-Oလှိုင်ဘွား ( လယ်ယာမြေ ) ရေးသားသူ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate