အမွေ ပစ္စည်း ခွဲဝေမှု

အမွေ ပစ္စည်း ခွဲဝေမှု

အမွေ ပစ္စည်း ခွဲဝေမှု

============

အမေး

 

           ကျွန်တော့် အဖေက အိမ်ထောင် သုံးဆက်ရှိပြီး သားသမီး တွေလည်း မွေးခဲ့ ပါတယ် ။ မွေးချင်း စုစုပေါင်း ၁၀ ယောက်ရှိပါတယ်။  အခုခါမှာ အဖေ မရှိတော့ တဲ့အတွက် အမွေပစ္စည်း တွေကို ဘယ်လို ခွဲဝေ ရမလဲဆိုတာ သိလိုပါတယ် ။

 

အဖြေ

 

          ပြည့်စုံတဲ့ မေးခွန်းတော့ မဟုတ်ဘူး ။ အိမ်ထောင် သုံးဆက် ဆိုတာက တစ်ယောက်နဲ့ ပေါင်းပြီး တော့မှ နောက်တစ် ယောက်ယူတာလား ၊ နှစ်ယောက် စလုံးနဲ့ ပေါင်းနေစဉ် မှာ တတိယဇနီး ယူတာလားဆိုတာ မရှင်းပါဘူး ။ ဒါမှ မဟုတ် ဆုံးပါးသွားလို့ တစ်ယောက်ပြီးမှ တစ်ယောက် ယူတာလား ဆိုတာလည်း မေးခွန်းထဲမှာ မပါပါဘူး ။ အမွေခွဲရင် ဒါတွေက အရေးကြီး ပါတယ် ။ ဇနီး ဆုံးသွားပြီးမှ နောက် တစ်ယောက် ယူရင် အမွေခွဲပုံက တစ်မျိုး ရှိတယ် ။ တစ်ယောက်နဲ့ ကွာပြီးတော့ မှ ဒုတိယနဲ့ တတိယကို ယူတယ် ဆိုရင်လည်း အမွေခွဲပုံက တစ်မျိုးပေါ့ ။ ပထမ အိမ်ထောင်နဲ့ ကွဲရင် ပစ္စည်းခန်း တစ်ခါတည်းရှင်း ခဲ့ရတာပါ ။ ရှင်းပြီးမှ နောက်ထပ် ယူလို့ ရတာကိုး ။

အဓိက ကတော့ ကျန်ခဲ့တဲ့ ပစ္စည်းပါ ။ ဥပမာ အားဖြင့် ကျန်ခဲ့တဲ့ ပစ္စည်းက ပထမဇနီးနဲ့ ရထားတဲ့ အမွေရ ထက်လက်ပွား ပစ္စည်းတွေလား ၊ နှစ်ပါးစုံ ပစ္စည်းတွေလား ဒါမှမဟုတ် ဒုတိယဇနီးနဲ့ အိမ်ထောင် ဖက်တုန်းမှာ ပွားတဲ့ လက်ထက်ပွား ပစ္စည်းလား ၊ နှစ်ပါး စုံပစ္စည်းလား ဒါတွေကို မေးခွန်းမှာ ပြည့်ပြည့်စုံစုံ မေးရမယ် ။ ပြည့်စုံမှသာ ဘယ် ပစ္စည်းကို ဘယ်လောက် အချိုးနဲ့ ဘယ်သူကနေ ဘယ်လိုယူရမယ်ဆိုတာ အဖြေပေးရမှာ ဖြစ်ပါတယ် ။ ပထမ အိမ်ထောင်က ပါလာတဲ့ ပစ္စည်းက ဒုတိယ အိမ်ထောင်နဲ့ သက်ဆိုင်ခြင်း မရှိဘူးဆိုတဲ့ မူကလည်း ရှိပါတယ် ။ ဒါက တစ်ခုပေါ့ ။ ဖအေတူ အမေကွဲ သားသမီးတွေက မယားပြိုင် တစ်ဦးရဲ့ အမွေကို မရနိုင် ဘူးဆိုတဲ့ မူလည်း ရှိသေးပါတယ် ။ ပထမဇနီးနဲ့ ကွာလိုက်ပြီဆိုရင် သူနဲ့ ပါသွားတဲ့ သားသမီးတွေဟာ ဖခင်နောက် အိမ်ထောင်ပြုရင် သက်ဆိုင်မှု မရှိတော့ဘူး ။ ဒါကြောင့် အမွေခွဲတာက ကိတ်မုန့်  ခွဲရတာလောက် မလွယ်ကူ ပါဘူး ။ နောက်မေး မယ်ဆိုရင် ဘယ်ဇနီးနဲ့ ပေါင်းနေတုန်း မှာရတဲ့ လက်ထက် ပွားလား ၊ အထက်က ပါလာတဲ့ ပစ္စည်းလား ၊ ခန်းဝင် ပစ္စည်းလား ၊ ဆိုတဲ့ အချက်တွေကို ပြည့်ပြည့်စုံစုံ မေးဖို့လို ပါတယ် ။

========================

အမေး

 

             မိဘများ ကွယ်လွန်ပြီး ဖြစ်သော်လည်း အမွေ မခွဲရသေးပါ ။ မောင်နှမ ၅ ယောက် ရှိပါတယ် ။ အမွေဆိုင် ပစ္စည်းများ အနက် ခြံမြေ တစ်ကွက်ကို အကိုကြီး ဖြစ်သူက လွန်ခဲ့တဲ့ နှစ်ကတည်းက ရောင်းစား ခဲ့ပါတယ် ။ လိမ်လည်မှုနဲ့ တရားစွဲလို့ ရပါသလား ။

 

အဖြေ

====

               သားသမီး ၃ ယောက် ရှိတယ် ဆိုပါစို့ ။ မိဘတွေဆုံးရင် သူတို့ခံစား ခွင့်ရှိတာပေါ့ ။ အစ်ကိုကြီးက အပြင်မှာနေ တယ် ၊ ဂရန်ကလည်း သူဆီမှာ ရှိတယ် ။ ဘာလုပ် တတ်လဲ ဆိုတော့ သားသမီး ကျွန်တော် တစ်ဦးတည်း ရှိပါတယ် ဆိုတဲ့ အနေနဲ့ ကျမ်းကျိန်တယ် ၊ သူ့နာမည်နဲ့ ပြောင်းတာ တွေလုပ်တယ် ၊ သူတစ်ဦး တည်းပိုင်တဲ့ အနေနဲ့ပြန် ရောင်းတာ မျိုးတွေ လုပ်တယ် ။ အဲဒီလို လုပ်တော့ ကျန်တဲ့သားသမီးက သိချင်မှ သိမယ် ၊ ဝယ်တဲ့ သူကလည်း ဝယ်တာပေါ့ ။ အဲလို့ဆိုရင် သက်ဆိုင်ရာကို တိုင်ရမှာပေါ့ ။ အရင်ခေတ်က “စ” သုံးလုံး ကိုတိုင် ကြပါတယ် ။ ခုတော့ အာဂတိ လိုက်စားမှုတို့ ၊ လွှတ်တော် ၊ သမ္မတ ၊ လူ့အခွင့်အရေး ကော်မရှင် စသည်ဖြင့် တိုင်လို့ရပါတယ် ။ အဲလိုတိုင်ရင် ဝယ်လိုက်တဲ့ သူကလည်း ရောင်းတဲ့သူကို သူ့တစ်ဦးတည်း ပိုင်ပစ္စည်းဆိုပြီး လိမ်လည် ရောင်းတဲ့ အတွက် တရားစွဲလို့ရတယ် ။ ကျန်တဲ့ မောင်နှမတွေက သူ့ကို လိမ်လည်မှုနဲ့ တရားစွဲဖို့ ခက်ပါတယ် ။ မရပါဘူး ။ သက်ဆိုင်ရာက နေပြီး မြေစာရင်းရုံးမှာ သူ့နာမည် ပြောင်းတယ် ဆိုရင် မြေစာရင်းရုံးက သူ့ကိုစွဲရမှာပါ ။ မမှန်မ ကန် ကျမ်းကျိန်ပြီး လျှောက်တဲ့အတွက် မြေစာရင်း ရုံးက သူ့ကိုစွဲ ။ ဝယ်လိုက်တဲ့ သူကလည်း စွဲ ၊ မောင်နှစ်မ တွေကတော့ လိမ်လည် နေတယ် ဆိုတာကို သက်သေပြဖို့ အထောက် အထားတွေ သက်ဆိုင်ရာ သိအောင် ကြော်ငြာရမယ် ၊ တိုင်ရပါမယ် ။ အဲလို့ပဲ လုပ်လို့ ရမယ်လို့ ဖြေကြား ချင်ပါတယ် ။

Crd# dvbtvnews # lawlab

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate