မိသားစုစီမံမှု အကြောင်း မိသားစုစီမံမှု

26-Jan-22 အခြား
မိသားစုစီမံမှု အကြောင်း  မိသားစုစီမံမှု

မိသားစုစီမံမှု အကြောင်း

မိသားစုစီမံမှု

 

- အမွေရှင် ကွယ်လွန်ပြီးနောက် အမွေပစ္စည်းများကို ခွဲဝေယူကြမည် ဆိုသော မိသားစုတစ်ခု၏ သဘောတူ စီမံစာချုပ်ကို မိသားစုစီမံမှု     ဟု ခေါ်ဆိုပါသည် ။

- မိသားစုအတွင်း အမွေမှု မဖြစ်စေရန် ပြုလုပ်သင့်ပါသည် ။

- အလွန်တရာ ခိုင်မာသော စီမံမှု ဖြစ်သည် ။

- အမွေရှင် မသေမီ တရားစွဲ၍လည်း မရ ။

- သေဆုံးပြီးလျှင် ဖျက်ခွင့် မရှိ ။

- ခွဲဝေပြီးနောက် ဖောက်ဖျက် ငြင်းဆို၍လည်း မရ ။

   ( မပန်းစီနှင့် မလှရင် ၊ 1963 - မတစ 800 / 808 နှင့် ဦးအောင်ညွန့်နှင့် မောင်အုံးမြင့် 1981 ၊ မတစ - 121 )

    သက်သေခံ ဥပဒေပုဒ်မ -115 ( ဎ ) အရ - မိသားစုစီမံမှု အရ ပိတ်ပင်ခြင်း ။

 

- မိသားစုစီမံမှု ပြုလုပ်ကာ အမွေပစ္စည်းများကို ခွဲဝေခြင်းသည် အတောမသတ်နိုင်သည့် အမွေမှု အရှုပ်အထွေးများ ပေါ်ပေါက်ခြင်းမှ        လည်းကောင်း ၊

   သားချင်းတစ်စု အမွေမှုနှင့် စပ်လျဥ်း၍ စိတ်ဝမ်းကွဲပြားကာ မသင့်မတင့် ဖြစ်ရခြင်းမှ လည်းကောင်း ၊

  ကာကွယ်ရန် ဖြစ်သည့် အလျောက် ယင်းမိသားစုစီမံမှုတွင် အတင်းအကြပ် ပြုလုပ်ခြင်း ၊

  မတရား သြဇာညောင်းခြင်း ၊

  အရေးကြီးသည့် အချက်များ၌ ထိမ်ချန်ထားခြင်း စသည့် မတရားမှု မရှိပါက အတည် ဖြစ်သည် ။

 

  တရားဥပဒေအရ ခိုင်မာ တည်မြဲခြင်း မရှိဟု ငြင်းဆိုခွင့် မရှိ ။

   မိသားစုစီမံမှုကို အမွေစား အမွေခံ သဘောတူညီချက်ဖြင့် ပြုလုပ်၍ ယင်းစီမံမှုအတိုင်း ပစ္စည်းများကို ခွဲဝေခံစားပြီး ဖြစ်ပါက                အမွေစား အမွေခံ တစ်ဦးဦးက ယင်းစီမံမှုသည် ဥပဒေနှင့် ဆန့်ကျင်နေပါသည်ဟု ငြင်းဆိုခြင်းမှ ပိတ်ပင်မည် ဖြစ်သည် ။

   ( မကျော့ နှင့် မကျေးဥ ၊ အေအိုင်အာ1935 ၊ ရန်ကုန် - 355 )

    ( မပန်စီ ခေါ် ဒေါ်ရင်ရင် နှင့် မလှရင် ၊ 1963 ၊ မြန်မာပြည်စီရင်ထုံး 800 ( 808 )

 

    မှတ်ချက် ။

                     မိသားစုစီမံမှု အား အမွေရှင်

                   1 ) မကွယ်လွန်မီ

                   2 )  ကွယ်လွန်ပြီး ချိန်တွင် နှစ်မျိုးလုံး ကြိုက်သလို  စီမံပြုလုပ်နိုင်ပါသည် ။

 

  ကိုးကား ။ သက်သေခံ ဥပဒေ၏ သိကောင်းစရာများ ၊ ဦးသက်ဖေ ၊ ဦးမောင်မောင်ဝင်း ။

 

Credit (  ဥပဒေရေးရာ )

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate