မိသားစုစီမံမှု အကြောင်း မိသားစုစီမံမှု

မိသားစုစီမံမှု အကြောင်း
မိသားစုစီမံမှု
- အမွေရှင် ကွယ်လွန်ပြီးနောက် အမွေပစ္စည်းများကို ခွဲဝေယူကြမည် ဆိုသော မိသားစုတစ်ခု၏ သဘောတူ စီမံစာချုပ်ကို မိသားစုစီမံမှု ဟု ခေါ်ဆိုပါသည် ။
- မိသားစုအတွင်း အမွေမှု မဖြစ်စေရန် ပြုလုပ်သင့်ပါသည် ။
- အလွန်တရာ ခိုင်မာသော စီမံမှု ဖြစ်သည် ။
- အမွေရှင် မသေမီ တရားစွဲ၍လည်း မရ ။
- သေဆုံးပြီးလျှင် ဖျက်ခွင့် မရှိ ။
- ခွဲဝေပြီးနောက် ဖောက်ဖျက် ငြင်းဆို၍လည်း မရ ။
( မပန်းစီနှင့် မလှရင် ၊ 1963 - မတစ 800 / 808 နှင့် ဦးအောင်ညွန့်နှင့် မောင်အုံးမြင့် 1981 ၊ မတစ - 121 )
သက်သေခံ ဥပဒေပုဒ်မ -115 ( ဎ ) အရ - မိသားစုစီမံမှု အရ ပိတ်ပင်ခြင်း ။
- မိသားစုစီမံမှု ပြုလုပ်ကာ အမွေပစ္စည်းများကို ခွဲဝေခြင်းသည် အတောမသတ်နိုင်သည့် အမွေမှု အရှုပ်အထွေးများ ပေါ်ပေါက်ခြင်းမှ လည်းကောင်း ၊
သားချင်းတစ်စု အမွေမှုနှင့် စပ်လျဥ်း၍ စိတ်ဝမ်းကွဲပြားကာ မသင့်မတင့် ဖြစ်ရခြင်းမှ လည်းကောင်း ၊
ကာကွယ်ရန် ဖြစ်သည့် အလျောက် ယင်းမိသားစုစီမံမှုတွင် အတင်းအကြပ် ပြုလုပ်ခြင်း ၊
မတရား သြဇာညောင်းခြင်း ၊
အရေးကြီးသည့် အချက်များ၌ ထိမ်ချန်ထားခြင်း စသည့် မတရားမှု မရှိပါက အတည် ဖြစ်သည် ။
တရားဥပဒေအရ ခိုင်မာ တည်မြဲခြင်း မရှိဟု ငြင်းဆိုခွင့် မရှိ ။
မိသားစုစီမံမှုကို အမွေစား အမွေခံ သဘောတူညီချက်ဖြင့် ပြုလုပ်၍ ယင်းစီမံမှုအတိုင်း ပစ္စည်းများကို ခွဲဝေခံစားပြီး ဖြစ်ပါက အမွေစား အမွေခံ တစ်ဦးဦးက ယင်းစီမံမှုသည် ဥပဒေနှင့် ဆန့်ကျင်နေပါသည်ဟု ငြင်းဆိုခြင်းမှ ပိတ်ပင်မည် ဖြစ်သည် ။
( မကျော့ နှင့် မကျေးဥ ၊ အေအိုင်အာ1935 ၊ ရန်ကုန် - 355 )
( မပန်စီ ခေါ် ဒေါ်ရင်ရင် နှင့် မလှရင် ၊ 1963 ၊ မြန်မာပြည်စီရင်ထုံး 800 ( 808 )
မှတ်ချက် ။
မိသားစုစီမံမှု အား အမွေရှင်
1 ) မကွယ်လွန်မီ
2 ) ကွယ်လွန်ပြီး ချိန်တွင် နှစ်မျိုးလုံး ကြိုက်သလို စီမံပြုလုပ်နိုင်ပါသည် ။
ကိုးကား ။ သက်သေခံ ဥပဒေ၏ သိကောင်းစရာများ ၊ ဦးသက်ဖေ ၊ ဦးမောင်မောင်ဝင်း ။
Credit ( ဥပဒေရေးရာ )
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...